Border News Agency
ထိုင်း၊ဇွန် ၂၄။
ထိုင်းနိုင်ငံ၊စမွတ်ပရာကန်မှာ လူသတ်ဖို့ ကြံစည်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုရဲဇော်ထွန်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက် ၊ဒီနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
သူဟာ လူသတ်ဖို့ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ စမွတ်ပရာကန်တရားရုံးကနေ မနေ့ကတင် ဖမ်းဝရမ်းထုတ်ထားတဲ့ ဝရမ်းပြေးတဦးဖြစ်ပါတယ်။
ကိုရဲဇော်ထွန်းဟာ စမွတ်ပရာကန်က ကုမ္ပဏီတခုမှာ ပါဆယ်ပို့တဲ့ ကားမောင်းသမားအဖြစ် အလုပ်လာလျှောက်ပြီး ပုန်းနေတာကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိရလို့ စောင့်ပြီး ဖမ်းခဲ့တာပါ။
သူ့ကို ဖမ်းဆီးစစ်ဆေးချိန်မှာ ဝရမ်းပါအတိုင်း ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ဘန်ဖလိုရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။










