Border News Agency
အီရန်၊ ဇူလိုင် ၂၉။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီဟာ ဟော်မုဇ်ရေလက်ကြားအရေးနဲ့ပတ်သက်ပြီး အိုမန်နိုင်ငံခြားရေးဝန်ကြီး ဗာဒါအယ်လ်ဘူဆေဒီ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန်တို့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့က သီးခြားစီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။
ဖုန်းနဲ့ဆွေးနွေးချိန်အတွင်း ဒေသတွင်းတည်ငြိမ်ရေးနဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကြောင့် ဟော်မုဇ်ရေလက်ကြားမှာဖြစ်ပေါ်နေတဲ့ မလုံခြုံမှုတွေ ပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာဖြစ်ပါတယ်။
အဲဒီအပြင် ပူးတွဲသံတမန်ရေးကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့အရေးကြီးကြောင်းလည်း နှစ်ဖက်စလုံးကအလေးပေးပြောဆိုခဲ့ကြပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ချိန်ကတည်းက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားတာကြောင့် ရေကြောင်းကုန်သွယ်ကူးသန်းမှုတွေကို အဟန့်အတားဖြစ်စေခဲ့တာပါ။








