Border News Agency
နေပြည်တော်၊ ဩဂုတ် ၃။
အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်တစီးဟာ သြဂုတ်လ ၃ ရက်၊ ဒီနေ့ မနက် ၅ နာရီ ၁၆ မိနစ်အချိန်ခန့်မှာ လေ့ကျင့်ပျံသန်းနေချိန် ပျက်ကျသွားပါတယ်။
အဲဒီတိုက်လေယာဥ်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရဲ့ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးသို့အရောက် ငှက်တကောင်နဲ့တိုက်ခိုက်ခဲ့ပြီး အင်ဂျင်ခန်းအတွင်းဝင်ရောက်ခဲ့တာကြောင့် ပျက်စီးသွားတာပါ။
အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လေယာဉ်မှူးဟာ လေယာဉ်ကိုလူနေအိမ်ရှင်းတဲ့အရပ်မျက်နှာလှည့်ပြီးရပ်ပစ်ခဲ့ကာ ခုန်ထွက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလေယာဉ်ပျက်ကျခဲ့တဲ့နေရာကို လုံခြုံရေးလုပ်နေပြီး လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာမရဘူးလို့ ဆိုပါတယ်။







