Border News Agency
မန္တလေး၊စက်တင်ဘာ ၁၁။
မန္တလေးတိုင်း၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့အနီးဝန်းကျင်ကို စက်တင်ဘာလ ၁၀ ရက်၊နေ့လည်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက FPV အသေခံဒရုန်းခြောက်စင်းနဲ့ တိုက်ခိုက်ခံခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှုကို လေကြောင်းကာကွယ်ရေးစနစ်နဲ့ဟန့်တားနိုင်ခဲ့ပြီး ဒရုန်းတွေမှာပါတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို သက်မဲ့ပြုလုပ်နိုင်ခဲ့တာကြောင့် လူနဲ့ လေယာဉ်တွေ ထိခိုက်မှုမရှိဘူးလို့ အာဏာသိမ်းစစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာပါ။
ဒီဖြစ်စဉ်ကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပေမယ့် မြေပြင်မှာတော့ လေတပ်စခန်းထဲမှာ ရပ်ထားတဲ့ တိုက်လေယာဉ်ကို ဒရုန်းနဲ့ဝင်တိုက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်နေပါတယ်။
စစ်ရေးသုံးသပ်ချက်တွေအရ ဝင်တိုက်ခံရတဲ့လေယာဉ်ဟာ YAK-130 အပေါ့စားတိုက်လေယာဉ်ဖြစ်နိုင်ပြီး အဲဲဒီတိုက်ခိုက်မှုအတွင်း လေယာဉ်နှစ်စင်းထိမှန် ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က အနီးနားကကျေးရွာတွေကို လေကြောင်းနဲ့မြေပြင်ကနေ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။







