Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး ကျောက်တော်မြို့နယ် စစ်ဘေးရှောင် စစ်ရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ဝါးတောင် စစ်ဘေးရှောင်ကလေးအချို့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၁

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ကလေးအချို့ဟာ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံတွေက BNA ကိုပြောပါတယ်။

လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်နေတဲ့ ကလေး တစ်ဆယ်ကျော်ရှိတယ်လို့ ဝါးတောင် စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုကျော်နိုင်ထွန်း က BNA ကို ပြောပါတယ်။

“သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာ နှစ်ကြိမ်၊ သုံးကြိမ်ရှိပါပြီ။ ခုလည်းဖြစ်နေကြတယ်။ ကလေး တစ်ဆယ်ကျော်လောက်ရှိပါတယ်”

စခန်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ ကလေး တယောက်စ၊ နှစ်ယောက်စ သွေးလွန် တုပ်ကွေး ဖြစ်ရာကနေ တဖြည်းဖြည်းနဲ့ ကလေးအရေအတွက်များလာတာလို့ဆိုပါတယ်။

အဲဒီအထဲက အသက် ၈ နှစ်အရွယ် မောင်လင်းလင်း၊ အသက် ၉ နှစ်အရွယ် မထက်မြတ်လင်းနဲ့ အသက် ၁၄ နှစ်အရွယ် မလှနွယ်ဦး တို့သုံးဦးဟာ ရောဂါပြင်းထန်တဲ့အတွက် ပုဏ္ဏားကျွန်းနဲ့ မြောက်ဦး မြို့နယ်တွေက ဆေးခန်းတွေမှာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။

သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကျန်ကလေးတွေပါ ဆေးဝါးကုသဖို့လိုအပ်နေပေမဲ့ ငွေကြေး အခက်အခဲကြောင့် ဆေးခန်းမပြနိုင်ဘဲဖြစ်နေကြရတယ်လို့ ဝါးတောင်စစ်ဘေးရှောင်စခန်းက ဦးထွန်းနိုင်စိုးက BNA ကို ပြောပါတယ်။

“ဆေးခန်းသွားပြဖို့ ငွေကြေးမတတ်နိုင်ပါဘူး။ တတ်နိုင်ရင် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ လိုချင်ပါတယ်။ ကျန်းမာရေးအဖွဲ့တဖွဲဖြစ်ဖြစ် စခန်းထဲကိုလာရောက် စောင့်ရှောက်ပေးစေချင်ပါတယ်”

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အနန္တရာယ်ရှိတဲ့ရောဂါဖြစ်လို့ အချိန်မီကုသဖို့လိုအပ်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

“သွေးလွန်တုပ်ကွေးရောဂါက အတွင်းမှာသွေးယိုစိမ့်ပြီး သွေးခမ်းတာတွေဖြစ်တတ်တယ်ပေါ့နော်။ ပထမနဲ့ ဒုတိယအဆင့်ဆို ကုသလို့ရပါသေးတယ်။ တတိယနဲ့ စတုတ္တအဆင့်ဆိုရင် ကုသလို့မရ တော့ဘူး။ အဲ့ဒီရောဂါတွေဖြစ်နေတာကို ဖြစ်မှန်းမသိဘဲ ဒီအတိုင်း ဆေးမသောက်ဘဲ နေလိုက်ရင် အသက်သေစေတဲ့အထိကို အန္တရာယ်ရှိတယ်”

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးကိုသယ်ဆောင်နိုင်တဲ့ ခြင်တွေကနေတစ်ဆင့် ကူးစက်တတ် တာကြောင့် လိုအပ်တဲ့အကာအကွယ်တွေအပြင် ခြင်ထောင်နဲ့အိပ်ဖို့လိုအပ်တယ်လို့လည်း သူက အကြံပြုပါတယ်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်တွေ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက စစ်ဘေးရှောင် အိမ်ထောင်စု ၃၃ စု၊ လူဦးရေစုစုပေါင်း ၁၃၈ ဦး ခိုလှုံနေပါတယ်။

အာရက္ခဒေသမှာ တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကနေစလို့ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် ဆေးဝါးရှားပါးတဲ့ အခက်အခဲတွေနဲ့ပါ ကြုံတွေ့နေကြရပါတယ်။

PrevPreviousအာရက္ခဒေသမှာ တပတ်ရစ်ဆိုင်ကယ်စျေးကွက် ပိုမိုတွင်ကျယ်လာနေ
Nextအာရက္ခ မြို့နယ်ရှစ်ခုမှာ လူတစ်သောင်းကျော်ရေဘေးသင့်နေNext
Previous Post

အာရက္ခဒေသမှာ တပတ်ရစ်ဆိုင်ကယ်စျေးကွက် ပိုမိုတွင်ကျယ်လာနေ

Next Post

အာရက္ခ မြို့နယ်ရှစ်ခုမှာ လူတစ်သောင်းကျော်ရေဘေးသင့်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကိုးကား - နိုင်ငံတကာသတင်းတွေ

အီရန် နျူကလီးယားပိုင်ဆိုင်ခွင့် မရစေရဘူးလို့ထရမ့်ပြော

June 16, 2026

အာရက္ခအစိုးရ စတားလင့်အင်တာနက်ကို လိုင်စင်သုံးမျိုးသတ်မှတ်

June 16, 2026

တရုတ်နိုင်ငံခရီးစဉ်အောင်မြင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

June 16, 2026

အာရက္ခဒေသတချို့မှာ အင်တာနက်အသုံးပြုမှု လုံခြုံရေးအရ ကန့်သတ်

June 16, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page