Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခဒေသမှာ တပတ်ရစ်ဆိုင်ကယ်စျေးကွက် ပိုမိုတွင်ကျယ်လာနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၁။

အာရက္ခဒေသ မြို့နယ်တွေမှာ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်မှုလုပ်ငန်းတွေ အရင်ကထက် ပိုမိုတွင်ကျယ်လာနေတယ်လို့ ဒေသခံတွေက BNA ကိုပြောပါတယ်။

ရခိုင်မှာ စစ်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်းလမ်းနဲ့ ရေလမ်း အားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားတာပါ။ လက်ရှိမှာ ပြည်မကနေ ဆိုင်ကယ်အသစ်တွေ မတင်သွင်းနိုင်တော့ဘဲ အသစ်တစ်စီးဝယ်စီးဖို့တောင် ဈေးအဆမတန်မြင့်တက်နေတာတွေနဲ့ ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တွေဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာမြို့နယ်တွေမှာ ဆိုင်ကယ်အဟောင်းတွေကို လိုက်လံဝယ်ယူပြီး ပြုပြင်ရောင်းချလာကြတာလို့ ဆိုကြပါတယ်။

လက်ရှိမှာ ဆိုင်ကယ်တွေကို တပိုင်တနိုင်ကုန်တင်ကူးသန်းသွားလာဖို့၊ ခရီးသွားလာဖို့နဲ့ ကယ်ရီဆွဲဖို့ အတွက် ဝယ်ယူအသုံးပြုသူများနေတာကြောင့် အဟောင်းပြုပြင် ရောင်းချမှုလုပ်ငန်း ကျယ်ပြန့် လာနေတာလို့ ဆိုကြပါတယ်။

“အသစ်ကဝယ်မစီးနိုင်ကြတော့ဘူး။ စီးနိုင်လည်း ပစ္စည်းကမရှိဘူး။ ခုက တပတ်နွမ်းဆိုင်ကယ်တွေကိုပဲ အသုံးများလာတယ်။ အသစ်ဆိုရင် ခရီးသွားပြီး ပစ္စည်းတွေတင်ဖို့ ချဖို့ နှမြောကြတယ်။ တပတ်နွမ်း ဆိုတော့ နေရာတိုင်းသုံးလို့အဆင်ပြေတယ်။ ရောင်းလည်းရောင်းရပါတယ်။ အရောင်းဆိုင်တွေလည်း များလာတယ်။ လုပ်ငန်းက ကျယ်ပြန့်လာနေတာ မြို့တိုင်းလိုလိုပါပဲ” လို့ ကျောက်တော်မြို့နယ်က တပတ်နွမ်းဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက BNA ကို ပြောပါတယ်။

စက်သုံးဆီဈေး အဆမတန်မြင့်တက်လို့ ခရီးသွားလာရာမှာ လမ်းစရိတ်တွေလည်း ကုန်ကျစရိတ်ပိုများ လာတဲ့အတွက် တပတ်ရစ်ဆိုင်ကယ်တွေကို ဝယ်ယူသူ ပိုများပြားနေတယ်လို့လည်း သူကပြောပါတယ်။

တပတ်ရစ်ဆိုင်ကယ်တွေရဲ့ လက်ရှိကာလပေါက်ဈေးဟာ ဆိုင်ကယ်အမျိုးအစားအပြင် ပစ္စည်း အခြေအနေပေါ်မူတည်ပြီး အနိမ့်ဆုံးဈေး ဆယ့်ငါးသိန်းကျပ်ကနေ အမြင့်ဆုံးဈေး ကျပ်သိန်းငါးဆယ် ကျော်အတွင်း ရှိနေတယ်လို့လည်း အရောင်းဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

“စစ်ဘေးရှောင်တွေက ပိုရောင်းကြတယ်။ စားဝတ်နေရေးခက်ခဲနေကြတော့ ဆိုင်ကယ်တွေ ရောင်းကြ တယ်။ တစ်ချို့ စစ်ဘေးရှောင်တွေဆို အိမ်ကပါလာတာကို ရောင်းပြီး တစ်ပိုင်တစ်နိုင် ခရီးသွားလုပ် စားဖို့ ကယ်ရီဆွဲဖို့နဲ့ ဟိုသွား ဒီသွားသုံးဖို့ တပတ်နွမ်းထဲက ဈေးသက်သာတာတွေကို ဝယ်ကြတာတွေရှိတယ်။ ရခိုင်မှာ တပတ်နွမ်းဆိုင်ကယ်လုပ်ငန်းက အရင်ကထက်ပိုကျယ်ပြန့်နေပြီ” လို့ ကျောက်တော် မြို့နယ်က ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်က ဆက်ပြောပါတယ်။

တပတ်ရစ် ဆိုင်ကယ်စျေးကွက်ထဲမှာ ဆီစားသက်သာတဲ့ Smash နဲ့ Wave100 အမှတ်တံဆိပ် ဆိုင်ကယ်အမျိုးအစားကိုသာ ဝယ်ယူသူပိုများပြီး ရောင်းအားလည်း ပိုကောင်းတယ်လို့ ဆိုကြပါတယ်။

PrevPreviousစစ်ကောင်စီနဲ့ ပူးပေါင်းသွားသူဟာ ULA/AA အဖွဲ့ဝင်မဟုတ်ကြောင်း ဦးခိုင်သုခပြော
Nextဝါးတောင် စစ်ဘေးရှောင်ကလေးအချို့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်နေNext
Previous Post

စစ်ကောင်စီနဲ့ ပူးပေါင်းသွားသူဟာ ULA/AA အဖွဲ့ဝင်မဟုတ်ကြောင်း ဦးခိုင်သုခပြော

Next Post

ဝါးတောင် စစ်ဘေးရှောင်ကလေးအချို့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Ref/Photo - Thai BPS North

​မြန်မာဘက်သို့ ခိုးထုတ်မယ့်စက်သုံးဆီလီတာ ၁,၈၀၀ ကျော်ဖမ်းမိ

May 2, 2026
Ref/Photo - Thai BPS North

​မြန်မာဘက်သို့ပို့မယ့်ဆိုင်ကယ် ၄ စီး မဲဟောင်ဆောင်မှာ ဖမ်းဆီးခံရ

May 2, 2026
Ref/Photo - India Today

​အာသံရှိ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို အိန္ဒိယစစ်တပ်ဖယ်ရှား

May 2, 2026

​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့ ဂျပန်တိုက်တွန်း

May 2, 2026

​မြန်မာဘက်သို့ ခိုးထုတ်မယ့်စက်သုံးဆီလီတာ ၁,၈၀၀ ကျော်ဖမ်းမိ

​မြန်မာဘက်သို့ပို့မယ့်ဆိုင်ကယ် ၄ စီး မဲဟောင်ဆောင်မှာ ဖမ်းဆီးခံရ

​အာသံရှိ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို အိန္ဒိယစစ်တပ်ဖယ်ရှား

​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့ ဂျပန်တိုက်တွန်း

​ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွတ်ပေးဖို့ အမေရိကန်တောင်းဆို

​လုပ်အားခတိုးဖို့ ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေတောင်းဆို

Releated Post

Ref/Photo - Thai BPS North

​မြန်မာဘက်သို့ ခိုးထုတ်မယ့်စက်သုံးဆီလီတာ ၁,၈၀၀ ကျော်ဖမ်းမိ

May 2, 2026
Ref/Photo - Thai BPS North

​မြန်မာဘက်သို့ပို့မယ့်ဆိုင်ကယ် ၄ စီး မဲဟောင်ဆောင်မှာ ဖမ်းဆီးခံရ

May 2, 2026
Ref/Photo - India Today

​အာသံရှိ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို အိန္ဒိယစစ်တပ်ဖယ်ရှား

May 2, 2026

​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့ ဂျပန်တိုက်တွန်း

May 2, 2026

​ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွတ်ပေးဖို့ အမေရိကန်တောင်းဆို

May 2, 2026
ဓာတ်ပုံ - MAP Foundation Thiland

​လုပ်အားခတိုးဖို့ ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေတောင်းဆို

May 2, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page