Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခတပ်တော်ရဲ့ စစ်ရာဇဝတ်မှုကို ICC က စစ်ဆေးသင့်ကြောင်း Fortify Rights ပြော

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
26
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ ဇူလိုင် ၂၃။

အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ် ခုဖြစ်တဲ့ Fortify Rights က ဇူလိုင်လ ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ကျေးရွာတွေနဲ့ ယာယီထိန်းသိမ်းရေးစခန်းတွေမှာသတ်ဖြတ်တာတွေကျူးလွန်ခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

“နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားစွဲဆိုခွင့်အာဏာရှိပြီး အာရက္ခတပ်တော်က ရာဇဝတ်မှုကျူးလွန်တဲ့ တရားတွေကိုလည်း စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုသင့်တယ်” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေး ရေးအထူးတာဝန်ခံ ဧဂျက်ဇ်မင်းခန့် က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Fortify Rights အနေနဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း AA ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အသက်ရှင်ကျန်ရစ် လွတ်မြောက်လာသူတွေနဲ့ မျက်မြင်သက် ရိုဟင်ဂျာ ၃၉ ဦးကို တွေ့ဆုံမေးမြန်း ခဲ့သလို ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းအထောက်အထားတွေကိုပါ စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့တွေနဲ့ ယာယီထိန်းသိမ်းရေးစခန်းတွေအတွင်းမှာ ရိုဟင်ဂျာအရပ်သားတွေကို AA တပ်ဖွဲ့ဝင်တွေက ခေါင်းဖြတ်သတ်ခဲ့တဲ့ ထင်သာမြင်သာရှိတဲ့ ဖြစ်ရပ် ၅ ခုအပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရမှုတွေကို Fortify Rights က မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို ပြန်ပေးဆွဲပြီးနောက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေ စနစ်တကျ ကျူးလွ န်နေတာကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

“အာရက္ခတပ်တော်အနေနဲ့ ထိန်းသိမ်းရေးစခန်းတွေနဲ့ ကျေးရွာတွေမှာ ရိုဟင်ဂျာတွေကို နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်တာတွေကို ရပ်တန့်သင့်တယ်။ အာရက္ခတပ်တော်အနေနဲ့ တရားဝင်တော်လှန်ရေး လက်နက် ကိုင်တပ်ဖွဲ့အဖြစ် သတ်မှတ်စေချင်ရင်တော့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ အရပ်သား တွေကို အကာအကွယ်ပေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူဖို့ လိုအပ်ပါတယ်” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ သက်သေထွက်ဆိုချက်တွေဟာ မမှန်မကန်လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေနဲ့ အသရေဖျက်မှုတွေဖြစ်ပြီး ပြတ်ပြတ်သားသားပယ်ချကြောင်း အာရက္ခတပ်တော်(AA) က စာနဲ့အကြောင်းပြန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ မြန်မာ – ဘင်္ဂလားဒေ့ရှ်တစ်လျှောက်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့သိမ်းတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ရိုဟင်ဂျာအသင်းအဖွဲ့တွေရဲ့ စွပ်စွဲမှုတွေကိုပါ ဆက်တိုက် ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို BNA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက် မရသေးပါဘူး။ ဦးခိုင်သုခရဲ့ တုံ့ပြန်ချက်ရတဲ့အခါ BNA က ဆက်လက်တင်ပြပေးသွားပါမယ်။

PrevPreviousကျောက်ဖြူမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ
Nextမြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ ၄Next
Previous Post

ကျောက်ဖြူမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ

Next Post

မြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ ၄

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကနေဒါတောမီးကြောင့် တိုရွန်တိုမြို့ ကမ္ဘာ့လေထုအဆိုးဆုံးဖြစ်လာ

July 16, 2026

ကျောက်တော်ရှိရေဘေးသင့်ကျေးရွာတွေကို အာရက္ခအစိုးရနဲ့စောမဲကျီဖောင်ဒေးရှင်း ရိက္ခာတွေထောက်ပံ့

July 16, 2026

တော်လှန်ရေးအင်အားစုအားလုံးနဲ့ စုပေါင်းတွေ့ဆုံဖို့ အာဆီယံကို NUG တိုက်တွန်း

July 16, 2026

ကုလသမဂ္ဂဖိုရမ်မှာ မြန်မာပြည်သူတွေကို ကူညီဖို့ CRPH ဥက္ကဋ္ဌတိုက်တွန်း

July 16, 2026

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

Releated Post

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

July 15, 2026
​ဓာတ်ပုံ - ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

July 15, 2026

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 15, 2026

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

July 15, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

July 15, 2026

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

July 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page