Border News Agency
ပေါက်တော၊ဇူလိုင် ၃၁ ။
ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှာအသက်ကိုးနှစ်အရွယ်လေးတန်းကျောင်းသူအမျိုးသမီးငယ်တဦးကို သက်ကြီးရွယ်အိုတဦးက အတင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအမျိုးသမီးငယ်ကို အသက်ခြောက်ဆယ်ကိုးနှစ်အရွယ် သံဃာတော်တပါးက အတင်းအဓမ္မပြုကျင့်ခဲ့တာပါ။
အဲဒီဟင်းခရော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်းမှာ ဇူလိုင်လ ၂၈ ရက်၊ မနက်က ကလေးကိုအတင်းအဓမ္မပြုကျင့်ခဲ့တာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
သူမဟာ အဲဒီရွာရှိဓမ္မာရုံမှာကျောင်းသွားတက်ပြီးအပြန် ထီးမေ့ကျန်ခဲ့တာကြောင့် သွားယူချိန်မှာ သံဃာတော်တပါးကဆွဲခေါ်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
အဲဒီ သံဃာတော်ဟာစစ်တွေမြို့မှ စစ်ရှောင်လာတဲ့အသက်ခြောက်ဆယ်ကိုးနှစ်အရွယ်ဦးစန္ဒိမာဖြစ်ပြီးလူနှာမယ် ဦးစိန်လှထွန်းဖြစ်ပါတယ်။
အဲဒီအတင်းအဓမ္မပြုကျင့်ခံရမှုကို မိခင်ဖြစ်သူက အာရက္ခတပ်တော် (AA )ဆီဇူလိုင်လ ၂၉ ရက်နေ့ကတိုင်ကြားထားတာကြောင့် ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီတရားခံကို မြို့နယ်သံဃာနာယကအဖွဲ့မှဖမ်းဆီးထားပြီး လူဝတ်လဲကာပုဒ်မ အတင်းအဓမ္မပြုကျင့်ရန်ကြံစည်မှု ရာဇသတ်ကြီးပုဒ်မ၃၇၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ဆိုပါတယ်။
အဲဒီမြေပုံမြို့နယ်၊လွန်းလုံးပိုက်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၀ ရက်နေ့ကအသက်နှစ်ဆယ့်လေးနှစ်အရွယ်အမျိုးသမီးငယ်တဦးကိုအိမ်နီးနားချင်းအမျိုးသားတဦးက အတင်းအဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့ပါတယ်။
အဲဒီအပြင်မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ မေလ ၆ ရက်နေ့ကအသက်ကိုးနှစ်အရွယ်အမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးတွေဟာ ဘေးကင်းလုံခြုံမှုတွေကင်းမဲ့နေတာကြောင့် ဥပဒေအရအကာအကွယ်ပေးဖို့လိုအပ်နေပါတယ်။







Comments 1
ifm9pr