Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဓာတ်ပုံသတင်း

ပါကစ္စတန်မှာ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀ ခန့်အထိရှိလာ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency

ပါကစ္စတန်နိုင်ငံ၊ဖေဖော်ဝါရီ ၂၀။

​ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ လူနေထူထပ်ရာ Soldier Bazaar ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၁၉ ရက်၊ မနက်အစောပိုင်းက ပြင်းထန်တဲ့ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူနေအဆောက်အအုံတခု ပြိုကျပျက်စီးခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

အဲဒီ​ပေါက်ကွဲမှုဟာ လူတွေအိပ်မောကျနေတဲ့ ဒေသစံတော်ချိန်မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ Gul Rana Colony ရှိ သုံးထပ်တိုက် အဆောက်အအုံရဲ့ ပထမထပ်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ 

အဲဒီလိုပေါက်ကွဲမှုကြောင့် အဆောက်အအုံတခြမ်းလုံး ပြိုကျပျက်စီးခဲ့သလို အနီးနားရှိအဆောက်အအုံအချို့လည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

​လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကိုရှာဖွေနေပြီး သေဆုံးသူအရေအတွက်ဟာ ၂၀ ဦးခန့်အထိ ရှိလာနိုင်တယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

အဲဒီ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်နေပြီး​ အဆောက်အအုံအတွင်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ရာကနေတဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စစ်ဆေးချက်တွေအရ သိရပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချီမှာ ဓာတ်ငွေ့လိုင်းစနစ်တကျ မရှိတာနဲ့အတူပေါ့ဆမှုတွေကြောင့် အခုလို ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့သိရပါတယ်။

​ဒါ့အပြင် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေလိုက်နာမှုအားနည်းတာ၊ ခွင့်ပြုချက်မရှိဘဲ အထပ်တိုးချဲ့ဆောက်တာနဲ့ ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းမှုမရှိတာတွေဟာ အခုလိုဆိုးကျိုးတွေကို ဖြစ်စေတာလို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြထားပါတယ်။

PrevPreviousမောင်တောလူမျိုးပေါင်းစုံပါဝင်တဲ့ အရံမီးသတ်သင်တန်းဆင်းပွဲ
Nextကျောက်တော်ကမူဆလင်ရွာတွေမှာ အာရက္ခကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေNext
Previous Post

မောင်တောလူမျိုးပေါင်းစုံပါဝင်တဲ့ အရံမီးသတ်သင်တန်းဆင်းပွဲ

Next Post

ကျောက်တော်ကမူဆလင်ရွာတွေမှာ အာရက္ခကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Khaosod

ဘန်ကောက်မှာ ဆေးခြောက်တွေနဲ့ မြန်မာလုပ်သားလေးဦးဖမ်းခံရ

October 20, 2026
​ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့

ထိုင်းမှာ ဘတ်သန်းကိုးဆယ်ကျော်တန်ဖိုးရှိ အိုင်စ်နှစ်ရာကျော်နဲ့ လူငါးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

October 19, 2026
ဓာတ်ပုံ - မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မတ္တရာမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

October 19, 2026
​ဓာတ်ပုံ - မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ

ထိုင်းရောက် မြန်မာလုပ်သားတွေ CI လက်မှတ်မပြုလုပ်ရေး ကမ်ပိန်းလုပ်နေ

October 17, 2026

ကျိုင်းတုံမှာ ငွေကျပ်သိန်းငါးဆယ်တန်စိတ်ကြွဆေးပြားတသောင်း ဖမ်းမိ

သတင်းတု၊သတင်းမှားနဲ့ အမုန်းစကားတွေတိုက်ဖျက်ဖို့ USCC နဲ့ ချင်းမီဒီယာဆယ်ဖွဲ့လက်တွဲ

ချောင်းဆုံကုန်ဆိပ်ကို အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်

နောင်ချိုမှာ ငွေကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

ထိုင်းမှာ ဘတ်သန်းကိုးဆယ်ကျော်တန်ဖိုးရှိ အိုင်စ်နှစ်ရာကျော်နဲ့ လူငါးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

မတ္တရာမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

Releated Post

ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ကျိုင်းတုံမှာ ငွေကျပ်သိန်းငါးဆယ်တန်စိတ်ကြွဆေးပြားတသောင်း ဖမ်းမိ

October 19, 2026
​ဓာတ်ပုံ - USCC

သတင်းတု၊သတင်းမှားနဲ့ အမုန်းစကားတွေတိုက်ဖျက်ဖို့ USCC နဲ့ ချင်းမီဒီယာဆယ်ဖွဲ့လက်တွဲ

October 19, 2026

ချောင်းဆုံကုန်ဆိပ်ကို အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်

October 19, 2026
​ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

နောင်ချိုမှာ ငွေကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

October 19, 2026
​ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့

ထိုင်းမှာ ဘတ်သန်းကိုးဆယ်ကျော်တန်ဖိုးရှိ အိုင်စ်နှစ်ရာကျော်နဲ့ လူငါးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

October 19, 2026
ဓာတ်ပုံ - မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မတ္တရာမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

October 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page