Border News Agency
ဆားလင်းကြီး၊ မေ ၆။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒေသခံပြည်သူတွေ မေလ ၅ ရက်နေ့က လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပြည်သူတွေဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်း မာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက်လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
အဲဒီလှုပ်ရှားမှုကို လက်ပံတောင်းတောင်ပင်မသပိတ်ကဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူတွေနဲ့အတူ “Proof of Life” လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။














