Border News Agency
ဒီမော့ဆို၊ မေ ၇။
ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆိုတပ်တည်ထောင်တဲ့ ၅နှစ်ပြည့် အခမ်းအနားကို မေလ ၅ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ DMO Local PDFမှ ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားကို ဒီမော့ဆိုမြို့နယ်၊ တပ်ဖွဲ့စခန်းမှာ ဒေသတွင်းစစ်ရေးအခြေအနေတင်းမာမှုနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတာဝန်တွေကြောင့် အကျဉ်းချုံးပြုလုပ်ခဲ့တာပါ။
အဲဒီအပြင်အခမ်းအနားကို DMO Local PDF ရဲ့ ဗဟိုကော်မတီဝင်ရဲဘော်တွေ၊ စစ်ဦးစီးတပ်ဖွဲ့ဝင်တွေ၊ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ တပ်သားတွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပြီး အခမ်းအနားမှာ အလံတွေကို လွှင့်ထူအလေးပြုတာ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အလေးပြု၊ သစ္စာအဓိဋ္ဌာန်လေးချက်ရွတ်ဆိုတာ၊ တော်လှန်ရေးအင်အားစုတွေကပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။















