Border News Agency
ထိုင်း၊ဇွန် ၂၄။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့က တိုက်ခန်းတခုမှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်နေတယ်ဆိုပြီး ထိုင်း ၂ ဦးနဲ့ မြန်မာ ၇ ဦး၊ စုစုပေါင်း ၉ ဦးကို ဇွန်လ ၂၃ ရက်၊မနေ့က ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၁ နှစ်ကနေ ၃၇ နှစ်ကြား မြန်မာနိုင်ငံသား ၇ ဦးနဲ့ အသက် ၃၆ နှစ်နဲ့ ၂၁ နှစ်အရွယ် ထိုင်းလူမျိုး ၂ ဦး ပါဝင်ပါတယ်။
မြန်မာနိုင်ငံသားတချို့ကတော့ တရားဝင်စာရွက်စာတမ်း အထောက်အထား အမျိုးမျိုး ကိုင်ဆောင်ထားကြသူတွေ ဖြစ်ပါတယ်။
သူတို့ကို ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း လုပ်တာ၊ ကြော်ငြာတာနဲ့ တရားမဝင် လောင်းကစားမှာ ပါဝင်တာတွေအတွက် ထိုင်းလောင်းကစားဥပဒေနဲ့ အမှုဖွင့်ထားတာပါ။
အခုတော့ သူတို့ကို ဖမ်းဆီးပြီးတဲ့နောက် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်စစ်ဆေးဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးထားလိုက်ပြီဖြစ်ပါတယ်။

















