Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာကို အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ရွာကို အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီ ၅၁ မိနစ်အချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအောင်ဖြူပြင်ရထားဘူတာရုံအနီး ကားလမ်းနဲ့မီးရထားလမ်းကြားရှိ ကားအလုပ်ရုံမှာကျရောက်ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ကျေးရွာမှာစစ်ဘေးရှောင်နေကြတဲ့ အသက်သုံးဆယ်နှစ်နှစ်အရွယ် မောင်ကျော်မိုးလွင်နဲ့အသက်လေးဆယ်နှစ်နှစ်အရွယ် ဒေါ်ခင်မေစိုးဒဏ်ရာရသွားပါတယ်။
အဲဒီကျော်မိုးလွင်မှာ ဒူးအောက်ခြေထောက်နှစ်ဖက်စလုံးဒဏ်ရာရသွားသလို ဒေါ်ခင်မေစိုးမှာ ညာဖက်လက်မောင်းမှာ ဗုံးစထိမှန်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် SURF အိမ်စီးကားတစီး၊ Crown အိမ်စီးကားတစီး ၊ Hijet ကားတစီး၊ဒါဘာကပ်ကားတစီးအပါအဝင် အုန်းမိုးအိမ်နှစ်လုံးပျက်စီးသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ဘက်လှန်းရွာကို အောက်တိုဘာလ ၂ ရက်နေ့၊ မနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်ကအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဦးရွှေသိန်းနဲ့ ဦးထွန်းသိန်းချေနှစ်အိမ်ကြားကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ပျက်စီးသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်တွေ နေထိုင်ရာအိုးအိမ်ကို စက်တင်ဘာလ ၃၀ ရက်၊ည ၉ နာရီအချိန်ခန့်ကလည်း အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်အသက်လေးနှစ်အရွယ်မောင်နေကျော်လင်းနဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် မခင်ခင်သန်းဒဏ်ရာရသွားကြတာပါ။
အဲဒီမောင်နေကျော်လင်းရဲ့ဘယ်ဘက်ခြေထောက်မှာ မှန်ကွဲစတွေထိမှန် ဒဏ်ရာရရှိပြီး မခင်ခင်သန်းမှာလည်း ဒဏ်ရာတွေရသွားပါတယ်။























