Border News Agency
ပုဏ္ဏားကျွန်း၊အောက်တိုဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာကို အောက်တိုဘာလ ၂ ရက်နေ့၊မန က် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်တချို့ပျက်စီးသွားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာက ဦးရွှေသိန်းနဲ့ဦးထွန်းသိန်းချေနှစ်အိမ်ကြားကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ပျက်စီးသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ရွာကို အောက်တိုဘာလ ၁ ရက်နေ့ည ၁၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ရွာကို အောက်တိုဘာလ ၁ ရက်နေ့ည ၁၂ နာရီ ၅၁ မိနစ်အချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအောင်ဖြူပြင်ရထားဘူတာရုံအနီးကားလမ်းနဲ့ မီးရထားလမ်းကြားရှိ ကားအလုပ်ရုံမှာကျရောက်ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ကျေးရွာမှာစစ်ဘေးရှောင်နေကြတဲ့ အသက်သုံးဆယ်နှစ်နှစ်အရွယ်မောင်ကျော်မိုးလွင်နဲ့ အသက်လေးဆယ်နှစ်နှစ်အရွယ်ဒေါ်ခင်မေစိုးဒဏ်ရာရသွားပါတယ်။
အဲဒီကျော်မိုးလွင်မှာ ဒူးအောက်ခြေထောက်နှစ်ဖက်စလုံးဒဏ်ရာရသွားသလို ဒေါ်ခင်မေစိုးမှာ ညာဖက်လက်မောင်းမှာဗုံးစထိမှန်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် SURF အိမ်စီးကားတစီး၊ Crown အိမ်စီးကားတစီး ၊ Hijet ကားတစီး၊ဒါဘာကပ်ကားတစီးအပါအဝင် အုန်းမိုးအိမ်နှစ်လုံးပျက်စီးသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်တွေနေထိုင်ရာအိုးအိမ်ကို စက်တင်ဘာ လ ၃၀ ရက်၊ည ၉ နာရီအချိန်ခန့်ကလည်း အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မှစစ်ဘေးရှောင်အသက်လေးနှစ်အရွယ် မောင်နေကျော်လင်းနဲ့အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် မခင်ခင်သန်းဒဏ်ရာရသွားကြတာပါ။
အဲဒီမောင်နေကျော်လင်းရဲ့ဘယ်ဘက်ခြေထောက်မှာ မှန်ကွဲစတွေထိမှန်ဒဏ်ရာရရှိပြီး မခင်ခင်သန်းမှာလည်းဒဏ်ရာတွေရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ တန်ဘက်လှန်းရွာကို စက်တင်ဘာလ ၃၀ ရက်နေ့၊မနက်ကလည်း အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့ပါတယ်။











