Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၁။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကို စက်တင်ဘာလကုန်မှာကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၁ ရက်၊ ဒီနေ့ပြောပါတယ်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာစက်တင်ဘာလ၁၁ ရက်၊ ဒီနေ့ပြုလုက်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။
ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာ လကုန်ကစပြီး ၁၄ ရက်ကြာကပ်ထားကြေညာမှာဖြစ်သလို မဲဆန္ဒရှင်ပြည်သူတွေလာကြည့်ပြီး မဲစာရင်းမပါတာ၊မှား ယွင်းနေတာ၊ဖြည့်စွက်ချင်တာရှိရင် သတ်မှတ်ထားတဲ့ပုံစံနဲ့လျှောက်ထားတောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စာရင်းတွေရရှိဖို့ မြေပြင်နဲ့တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၂၀၂၄ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်မှုကရရှိလာတဲ့ လူဦးရေစာရင်း တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေ၊ကျောက် ဖြူ၊မာန်အောင် သုံးမြို့နယ်ကိုသာထိန်းချုပ်ထားပြီး စစ်တွေမြို့မှာတော့ ရွေးကောက်ပွဲအတွက် နိုင်ငံသားစီစစ်ရေးကဒ်တွေပြုလုပ်ပေးနေပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ သူတို့ထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်ရွေးကောက်ပွဲကို ပြုလုပ်ခွင့်မပေးဘူးလို့ တရားဝင်ပြောဆိုထားပါတယ်။






