Border News Agency
ပေါက်တော၊ စက်တင်ဘာ ၁၄။
ပေါက်တောမြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က ရေနစ်မြုပ်လို့ သက်ကြီးအမျိုးသားတဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ ပြင်မရွာက အသက် ၇၅ နှစ်အရွယ်ဦးထွီးဖြူသေဆုံးသွားခဲ့တာပါ။
သူဟာ စက်တင်ဘာလ ၁၂ ရက်၊ မနက် ၅ နာရီအချိန်ခန့်က ကျောက်တောင်ဘုတ်ဆိပ်နားကိုဆင်းရာမှာ ရေနစ်သေဆုံးသွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအပြင်မြေပုံမြို့နယ်၊ ငမန်းရဲကျွန်း၊ ပြင်ချောင်းရွာမှာ စက်တင်ဘာလ ၁၂ ရက်၊ မနက် ၈ နာရီခွဲအချိန်က ဦးမိုးထက်နိုင်ရဲ့သား အသက် ၅ နှစ်အရွယ်မောင်ရဲသူရလင်းရေနစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
နောက်ပြီးတောင်ကုတ်မြို့နယ်၊ဆားပြင်ကျေးရွာမှာ စက်တင်ဘာလ ၃ ရက်နေ့က ဦးထွန်းသူရလင်းရဲ့သား အသက် ၉ နှစ်အရွယ်မောင်ဇွဲမြတ်သူရ ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။
အာရက္ခဒေသမှာခုနှစ်မိုးကာလအတွင်းရေနစ်သေဆုံးသူ ၃၂ ဦးထိရှိလာနေပါတယ်။
အာရက္ခဒေသမှာ မြစ်၊ချောင်း၊ အင်း အိုင်တွေပေါများသလို မိုးရာသီမှာ ရေစီးရေသန်တာမို့ မြစ်ချောင်း၊ အင်းအိုင်းတွေကို ဖြတ်ကူးသွားရရင် သတိထားကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။