အင်တာဗျူး
Border News Agency
ပလက်ဝ၊ စက်တင်ဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပလက်ဝမြို့နယ်မှာစစ်ဘေးရှောင်တွေဟာ ရာသီတုတ်ကွေးရောဂါဖြစ်လို့သေဆုံးတာတွေထိရှိနေကြပါတယ်။
အဲဒီအပြင်စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ပလက်ဝဒေသခံတဦးကို Border News Agency က ဆက်သွယ်မေးမြန်းထားပါတယ်။
“အခုက ပလက်ဝမြို့နယ်မှာ အလုပ်အကိုင်တွေလည်းရှားပါးလာတယ်။ ဝင်ငွေတွေလည်းမရှိဘူး။ မနည်းရုန်းကန်နေရတဲ့အချိန်မှာ ကျန်းမာရေးမကောင်းတဲ့လူနာတွေဆိုလို့ရှိရင် တော်ရုံတန်ရုံနဲ့ဆေးရုံပြဖို့ဆိုတာမလွယ်ဘူး။”
“မီဇူရမ်ဘက်သွားမယ်ဆိုရင် ဆေးဝါးကုန်ကျစာရိတ်ထက် လမ်းစာရိတ်က ပိုများတယ်။”
“ရခိုင်ဘက်ကိုသွားမယ်ဆိုရင် ဆေးဝယ်စာရိတ်ထက်လမ်းစာရိတ်ကပိုကုန်တယ်။”
“ပြီးခဲ့တဲ့လတွေဆို ရခိုင်ဘက်ဆေးသွားကူးရင် တချို့တွေဆိုကား၊ ဆိုင်ကယ်နဲ့သွားလို့မရတဲ့အချိန်မှာ စက်လှေတွေနဲ့သွားလို့မရတဲ့အချိန် ခြေကျင်နဲ့ထမ်းရတဲ့အခြေနေမျိုးလည်းရှိတယ်။”
“ရခိုင်ဘက်မရောက်နိုင်ဘဲနဲ့လမ်းတဝက်မှာသေဆုံးတာတွေလည်းရှိတယ်။”
“အိန္ဒိယဘက်မှာဆေးသွားကူးမယ်သွားရင်းနဲ့သေဆုံးတာတွေလည်းရှိတယ်။”
“ဒီဘက်ရောက်ရင်လည်းအရေးပေါ်သွားနေရင်းနဲ့သေဆုံးတာလည်းရှိတယ်။”
“အများဆုံးကတော့ ဘယ်လိုပြောရမလည်း လုံးဝမသက်သာတဲ့အသက်အန္တ ရာယ်စိုးရိမ်နေရတဲ့အခြေအနေမျိုးမှာသွားကြတာဆိုတော့ ဆေးရုံဆေးခန်းမရောက်နိုင်ပဲလမ်းတဝက်မှာသေဆုံးတာ။”
“တော်ရုံတန်ရုံဖျားတာလောက်နဲ့က ဆေးရုံဆေးခန်းမသွားကြဘူး။ဘာလို့လည်းဆို ဒီလမ်းစာရိတ်တွေ၊ဆေးကုသစာရိတ်တွေက ကုန်ကျစာရိတ်များနေတဲ့အခါမှာ သူတို့မှာသွားဖို့ငွေရေးကြေး ရေးအခက်အခဲရှိလာတဲ့အခါ မသွားကြဘူး။”
“ပြင်းထန်တဲ့အချိန် စိုးရိမ်ရတဲ့အခါမှပဲသွားကြတဲ့အခါကျတော့ ဒီဆေးရုံဆေး ခန်းမရောက်နိုင်ဘဲနဲ့သေဆုံးတာတွေရှိတယ်။”
“ကျွန်တော်သိရသလောက်ကတော့ ဒီနှစ်ထဲမှာ အဲဒီလိုမျိုးသေဆုံးတာပလက်ဝမြို့နယ်အောက်ပိုင်းဘက်မှာတယောက်ရှိတယ်။ ပလက်ဝမြို့နယ်အထက်ဘက်မှာဆို နှစ်ယောက်ရှိတယ်။”
“ကျွန်တော်လက်လှမ်းမှီသလောက်ကတော့ ကျန်တဲ့ဖုန်းနဲ့ဆက်သွယ်လို့မရတဲ့အခြေအနေဆိုတော့ တမြို့နယ်လုံးခြုံပြီးပြောဖို့က နည်းနည်းလောက်အခက်အခဲရှိတယ်။”
“အရင်ကတည်းကလည်း ချင်းပြည် နယ်မှာ ငှက်ဖျားရောဂါအရမ်းဖြစ်ပွားနေတယ်ဆိုတော့ အခုနောက်ပိုင်းကျန်း မာရေးဝန်ထမ်းတွေ ဆေးဝါးတွေယူလို့မရတဲ့အချိန်မှာက ရောဂါပိုဖြစ်တာဖြစ်နော်။”
“ဆေးသောက်လို့ရှိရင်ပျောက်မယ့်လူနာတွေ အသက်မသေသင့်တဲ့သူတွေပါ ဆေးမရှိတော့ အသက်သေဆုံးမှုဖြစ် လာတာပေါ့နော်။”
“ဒါတွေကိုကြည့်ရင်တော့ စိုးရိမ်စရာဖြစ်လာတာပေါ့။ နောက်ဝမ်းပျက်ဝမ်းလျော့ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဆေးသောက်လို့ရှိရင် ပျောက်မယ့်ဟာတွေရှိသလို နောက်ဝမ်းပျက်ဝမ်းလျောမဖြစ်အောင်ဘယ်လိုနေထိုင်ရမယ်၊ စားသောက်ရမယ်ဆိုတာ ကျန်းမာရေးဝန် ထမ်းကနေပြီးတော့မှ ကာကွယ်နည်းတွေပေါ့နော်။”
“ကြိုတင်ကာကွယ်နည်းတွေ ငှက်ဖျားဆိုလို့ရှိရင်လည်း ငှက်ဖျားမဖြစ်အောင် ခြင်ထောင်နဲ့အိပ်ရမယ်ဆိုတဲ့ဟာတွေလည်း ကျန်းမရေးနဲ့ပတ်သတ်တဲ့ ကြို တင်ကာကွယ်တဲ့ဟာတွေလည်းကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့ ပညာပေး ဟောပြောပွဲတွေ နောက်ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိဘူးပေါ့နော်။”
“အဲဒီအခါကျတော့လူတွေက ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုကာကွယ်ရမလဲ။ ဘယ်လိုပြင်ဆင်ရမလဲဆိုတာမသိတဲ့အခါကျတော့ ရောဂါတွေကလည်း ပိုဖြစ်လာတယ်ပေါ့နော်။”
“ရောဂါဖြစ်လာပြီဆိုတော့ ဆေးဝါးတွေကလည်း ကုဖို့မရှိတော့ဘူးဆိုတော့ ကျ န်းမာရေးအခြေအနေက ပိုဆိုးလာတာပေါ့နော်။ဥပမာ-ငှက်ဖျားဖြစ်တယ်ဆိုရင် ငှက်ဖျားမဖြစ်အောင်ဘယ်လိုအိပ်ရမလဲဆိုပြီးမှ ကျန်းမာရေးဝန်ထမ်းတွေလိုက်ယူပေးမယ့်သူတွေမရှိဘူး။”
“အဲဒီအခါကျတော့ လူတွေက ကျန်းမာရေးနဲ့ပတ်သတ်ပြီးမှ ငှက်ဖျားရောဂါနဲ့ပတ်သတ်ပြီးတော့မှဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတဲ့ဟာကို မသိဘူး။”
“ငှက်ဖျားရောဂါဖြစ်သွားပြီဆိုလို့ရှိရင်လည်း သူတို့မှာ ဆေးကုသမယ့်ဟာမရှိဘူး။ အဲဒီခါကျတော့ အသက်သေဆုံးရတယ်။”
“သွေးလွန်တုတ်ကွေးရောဂါတွေဆိုလို့ ရှိရင်လည်း ဘယ်လိုကြိုတင်ကာကွယ်ရမှာလည်း အဲဒီလိုမျိုးတွေပေါ့။ ပြောပြမယ့်ကျန်းမာရေးဝန်ထမ်းတွေမရှိဘူး။”
“တကယ့်တကယ်ဖြစ်ပြီဆိုလို့ရှိရင်လ ည်း သူတို့မှာ ဆေးကုသဖို့ဆေး၊ဆရာ ဝန်၊ဆေးဝါးတွေလည်းမရှိဘူး။ဆေး၊ဆရာဝန်တွေလည်းမရှိတဲ့အခါကျတော့ သူတို့မလိုအပ်ဘဲအသက်သေဆုံးမှုတွေရှိတယ်ပေါ့နော်။”
“အဲဒီလိုမျိုးဆိုလို့ရှိရင်တော့ ရေရှည်မှာပေါ့နော်။ ရေရှည်မှာဆိုလို့ရှိရင် အရမ်းစိုးရိမ်စရာရှိတယ်ပေါ့နော်။”
“ကျွန်တော်ပြောသလိုမျိုးပေါ့နော်။ပလ က်ဝမြို့နယ်မှာတွေရတဲ့ AA တွေအုပ် ချုပ်ရေးနယ်မြေအလိုက်ရှိသလို ပလက်ဝကောင်စီအုပ်ချုပ်တဲ့နယ်မြေလည်းရှိတယ်။”
“ခုလက်ရှိဖြစ်နေတာက ကောင်စီအုပ်ချုပ်ရေးနယ်မြေမှာဖြစ်တဲ့ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျော့ရောဂါစိုးရိမ်ချက်ရှိလားဆိုတော့… ဖြစ်တာကပြီးခဲ့တဲ့ဩဂုတ်ကနေစဖြစ်တာပေါ့နော်။”
“ဒီလစက်တင်ဘာလ ၁၀ရက်အတွင်းမှာ ကလေးသုံးယောက်အပါဝင်သုံးယောက်သေဆုံးတယ်။အဲဒီကလေးသုံးယောက်ဆိုတာက တနှစ်အောက်က လေးတွေပေါ့နော်။”
“အဲဒီလိုမျိုး လူတွေထိခိုက်သေဆုံးမှုထိရှိတယ်ဆိုတာက စိုးရိမ်စရာဖြစ်တယ်ပေါ့နော်။ခုရွာဆယ်ရွာလောက်မှာ ရွာတိုင်းအိမ်တိုင်းမှာအကုန်လုံးနီးပါးဖြစ်တယ်။”
“အများဆုံးက ကလေးတွေပေါ့နော်။က လေးတွေက ခုခံအားလည်းနည်းတဲ့ခါကျတော့ သူတို့ကပိုပြီးတော့မှစိုးရိမ်စ ရာရှိတာပေါ့နော်။သူတို့ကရောဂါလည်းဖြစ်ဖို့လွယ်တယ်ဆိုတော့…။အခုသေ ဆုံးတဲ့ထဲမှာလည်းကလေးတွေပိုများတယ်။”
“ပြီးလို့ရှိရင် ရောဂါဖြစ်တဲ့နေရာမှာလ ည်းကလေးတွေကပိုများတယ်ဆိုတော့. ..။ဒါကတော့ ခုပြင်းထန်တဲ့လူနာတွေလည်းရှိတယ်။အခုအခြေနေကစိုး ရိမ်စရာရှိတယ်ပေါ့နော်။”
“အဲဒီဒေသမှာလည်း ဆေးဝါးတွေ၊ကျ န်းမာရေးဝန်ထမ်းတွေ၊ဆရာဝန်တွေ အ ရေးပေါ်လိုအပ်နေပါတယ်။ဆေးဝါးတွေ၊ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ လူသေဆုံးမှုရှိတယ်။”
“ပလက်ဝမြို့နယ်က ကျန်းမာရေး၊ဆေး ဝါးနဲ့ပတ်သက်ရင် ရခိုင်ကနေအလွယ် တကူဆေးဝါးတွေသယ်လို့ရတာပေါ့နော်။”
“အခုနောက်ပိုင်း ရခိုင်မှာလည်းဆေးဝါးတွေပြတ်နေတဲ့ခါကျတော့ ရခိုင်ကနေလည်းဆေးဝါးတွေအလွယ်တကူသယ်လို့မရဝယ်ယူလို့မရတဲ့ အနေထားမှာရှိတယ်။”
“ပြီးတော့ဘာတွေလိုအပ်လဲဆိုတော့ အရင်ကတည်းက ပလက်ဝမြို့မှာက ကျ န်းမာရေးနဲ့ပတ်သက်ရင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆရာဝန်တွေလုံလုံလော က်လောက်မရှိဘူးပေါ့နော်။ပိုဆိုးတာက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတချို့က CDM လုပ်ကြတယ်။”
“နောက်ပြီး ပလက်ဝမြို့နယ်မှာ ULA ထိန်းချုပ်ပြီးနောက်ပိုင်း အစိုးရလုပ် ငန်းတွေအကုန်လုံးရပ်တန့်သွားတဲ့ခါကျတော့… ကျန်းမာရေးဝန်ထမ်းတွေက လစာလည်းမရတော့ဘူးဆ်ိုတော့… သူတို့စားဝတ်နေရေးအတွက်ရော။သူတို့လုံခြုံရေးအတွက်ရော တခြားနေရာဒေ သမှာပြောင်းရွေ့ပြီးတော့ အခြေချကြတဲ့ခါကျတော့… ပလက်ဝမြို့နယ်မှာ ဆေးဆရာဝန်တွေရော ကျန်းမာရေး ဝန်ထမ်းတွေရော လုံးဝမရှိတော့တဲ့အ နေအထားမှာရှိတယ်ပေါ့နော်။”
“ULA/AA ရော ဒီဖက်ပလက်ဝကောင်စီရောစတဲ့ဒေသအသီးသီးမှာရော ရိုးရိုးဖျားတာလောက်ပဲသူတ်ို့ဆေးဝါးကုသပေးနိုင်တာပေါ့နော်။ ကျန်တဲ့ရောဂါကြီးတွေဖြစ်လို့ရှိရင် သူတို့ဆေးဝါးမကုသပေးနိုင်ဘူး။ သူတို့မှာဆေးဝါးတွေလည်းမရှိဘူး။”
“အဲဒီရောဂါတွေကို ကုသပေးနိုင်တဲ့ဆရာဝန်တွေလည်းမရှိဘူး။ အဲဒီလိုမျိုးအခြေအနေမှာ ပြင်းထန်တဲ့ရောဂါတွေဆိုလို့ရှိရင်အိန္ဒိယနိုင်ငံဖက်မှာသွားပြီး ဆေးကုတယ်။”
“ဆောတို့၊ ရန်ကုန်တို့၊ မန္တလေးတို့ကိုသွားပြီးတော့မှဆေးကုရတယ်ပေါ့နော်။ ပြီးရင် ငှက်ဖျားတို့၊ဝမ်းပျက်ဝမ်းလျော့တို့ စတဲ့ဆေးဝါးတွေကလည်းပလက်ဝမြို့မှာဝယ်ယူလို့မရတဲ့အခြေအနေမျိုးမှာရှိတယ်။”
“အရင်တုန်းကတော့ရခိုင်ကနေ သယ်လာတာပေါ့နော်။အခုနောက်ပိုင်း ရခိုင်မှာလည်း ဒီစကစနယ်မြေမှာ ဆေးဝါးတွေအကုန်လုံးကန့်သတ်ခံရတဲ့ကျတော့ ရခိုင်ကနေလည်းမတင်သွင်းနိုင်ဘူးပေါ့နော်။”
“အဲဒီလိုမျိုးအခြေအနေမှာ ငှက်ဖျားဖြစ်တဲ့ခါကျရင် ငှက်ဖျားဆေးတွေမရှိဘူး။ ဝမ်းပျက်ဝမ်းလျော့ဖြစ်တဲ့ခါကျရင်လည်း ဆေးဝါးကုသမယ့်ဆေးဝါးတွေမရှိဘူး။”
“ဒီပလက်ဝမြို့အပါအဝင်ပေါ့နော်။ ငှက်ဖျားဖြစ်တယ်ဆိုလို့ရင်လည်း အိန္ဒိယဖြစ်ဖြစ်ကျန်တဲ့နေရာမှာဖြစ်ဖြစ်သွားပြီးတော့ဆေးကုရတဲ့ အနေထားရှိပါတယ်။”