Border News Agency
ဖားအံ၊ စက်တင်ဘာလ ၁၉။
ဖားအံခရိုင်မှာ ဖမ်းဆီးရမိတဲ့ကာလတန်ဖိုးထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး(WY)အလုံးရေ ၆,၁၁၇ ,၉၀၁ လုံးကို ကရင်အမျိုးသားအစည်းအရုံးမှဖျက်ဆီးခဲ့တယ်လို့ စက်တင်ဘာ လ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ကရင်အ မျိုးသားအစည်းအရုံးရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့လူကုန်ကူးမှုပပျောက်ရေးကော်မတီနဲ့ကရင်အမျိုးသားရဲတ ပ်ဖွဲ့(KNPF)က စက်တင်ဘာလ ၁၉ ရ က်၊ဒီနေ့ ဖားအံခရိုင်၊တပ်မဟာ ၇ ဌာန ချုပ်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ တနေးချားနဘူးမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)တပ်ရင်း ၁၀၁မှဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး WY ဆေးပြား ၁၂၀,၀၀၀ ပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်သောင်ရင်းမြစ်တစ်လျှောက်လုံခြုံရေးယူထားတဲ့ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNL A)မှ ပြီးခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့က မူယူထာဒေသမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး (WY)ဆေးပြားပေါင်း ၅,၉၉ ၀,၀၀၀ပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး တာကရယ်(ပိုင်ကျုံ)မြို့နယ်မှာပြီးခဲ့တဲ့ မေလကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၁၉ မှဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး(WY)ဆေးပြား ၇,၉၀၁ ပြားကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
KNU ဟာမူးယစ်ဆေးဝါးတိုက်ဖျက်တာကို ထိုင်းနိုင်ငံနဲ့အတူ လက်တွဲဆောင် ရွက်နေပြီးထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်တွေကိုဖိတ်ခေါ်ပြီး မူးယစ်ဆေးဝါးတွေကို စစ်ဆေးအတည်ပြုပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် KNU ဟာ မူးယစ်ဆေးဝါးရောင်းချကုန်ကူးတာနဲ့လုံးဝပတ်သက်မှုမရှိသလို မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ပတ် သက်လို့ ဖမ်းဆီးရမိခဲ့သူတွေကို အဆင့်ဆင့်အပြစ်ပေးအရေးယူမှုများလုပ် ဆောင်နေတယ်လို့ဆိုပါတယ်။