Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၂၂။
အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်လေးသောင်းကျော်အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်လေးသောင်းကျော်ဟာ အသက်လုထွက်ပြေးလာခဲ့ကြရသူတွေမို့ စားဝတ်နေရေး၊ ကျန်းမာရေး၊နေစရာတွေကအစ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“စားနပ်ရိက္ခာက အရေးတကြီးလိုပါတယ်။ စစ်ဘေးမရှောင်ရလည်း ကုန်ဈေးတက်တာနဲ့အဆင်မပြေတာ။ ခု…စစ်ဘေးရှောင်နေရတော့ပိုခက်ခဲတယ်။သူသူငါငါခက်ခဲနေကြတော့အကူအညီလည်း မတောင်းရဲဘူး။ တတ်နိုင်ရင်တော့ စားနပ်ရိက္ခာထောက်ပံ့ပေးစေချင်ပါတယ်။”လို့ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အဆင်ပြေသလို ယာယီတဲထိုးနေထိုင်နေကြရတာမို့ အမိုးအကာတွေ၊ နေရာထိုင်ခင်းတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်းအများကြီးပါဝင်နေကြတာမို့ ဆေးဝါးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခတွေအရေးပေါ်လိုအပ်နေကြပြီး နေ့စဥ်ထမင်းစားဖို့အတွက် ဆန်တွေအဓိကလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစားနပ်ရိက္ခာဆန်အကူအညီတွေသာဆက်မရတော့ရင် အသက်ရှင်ရပ်တည်ဖို့ခက်ခဲသွားနိုင်တယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက စားနပ်ရိ က္ခာတွေတွေကူညီဆောင်ရွက်ပေးနေကြပေမယ့်စစ်ဘေးရှောင်တွေများလွန်းတာမို့ ရေရှည်မှာအခက်အခဲတွေအများကြီးကြုံတွေ့ရနိုင်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
“မြို့နယ်တမြို့နယ်လုံးကလူတွေ စစ်ရှောင်နေရတော့ရတဲ့အကူညီနည်းနည်းလေးနဲ့အဆင်မပြေဘူး။ စားဝတ်နေရေးအဆင်ပြေဖို့က အရေးကြီးတယ်။ အရင်က အဖွဲ့အစည်းတွေက ကူညီကြတယ်။ စစ်ရှောင်ကာလကြာလာတာနဲ့အကူညီရရှိတာလည်း နည်းလာတယ်။လျစ်လျှူမရှု့ဘဲကူညီပေးဖို့လိုပါတယ်။”လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေကြတာမို့ စစ်ကော်မရှင်တပ်က စစ်သည်လက်နက်ဖြည့်တင်းပြီး ကြည်းရေလေပူးပေါင်းခုခံနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ၊ အရပ်သားကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ဖျက်ဆီးတာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေကြတယ်လို့ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ခြောက်သိန်းကျော်ထိရှိနေကြတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။






