Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က အောက်တိုဘာလ ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ရွှေဘိုမြို့တောင်ဘက်မုဒ်ကနေ တဂဏန်းကျေးရွာသို့ဝင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ ခုနှစ်ဦးသေဆုံးပြီးလေးဦးဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်ရဲ့တပ်မ ၃၃ လက်အောက်ခံ စခတ ၈ မှအင်အားခြောက်ဆယ်ပါတဲ့စစ်ကြောင်းကို အောက်တိုဘာ ၂ ရက်၊မနက်ပိုင်းက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခံရတာကြောင့်တပ်ကြပ်ကြီးစံထွေးအပါအဝင်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တပ်ကြပ်အဆင့်တဦးနဲ့ ပြည်သူ့စစ်သုံးဦးကိုဖမ်းဆီးရမိခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုပြောင်းတလက်၊MA-3 တလက်၊ MA-1 တလက်၊၆၀မမ အဖူး တဖူး၊RPG-7 အဖူး နှစ်ဖူး၊ကျောလွယ်ဂျမ်ဘာတခု၊ ၅.၅၆ကျည်အထောင့်တရာသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကိုရွှေဘိုခရိုင်တပ်ရင်း ၁၅၊၁၈၊၂၃၊၂၆၊၉၇၀၆ – Together We Can)နဲ့ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Nort hern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။