Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၇။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ရင်းနှီးမြှပ်နှံမှုတိုးမြင့်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌမစ္စတာချူကိုဖန်းတို့ အောက်တို ဘာလ ၁၆ ရက်၊ မနေ့ကတွေ့ဆုံခဲ့ပါတယ်။
ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမစ္စတာချူကိုဖန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မင်းအောင်လှိုင်ကို မနေ့ကလာရောက်တွေ့ဆုံခဲ့တာပါ။
အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံအကြားကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြားချစ် ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ကိစွတွေနဲ့မြန်မာနိုင်ငံမှာမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်အတွင်း ဗီယက်နမ်နိုင်ငံအနေနဲ့ကူညီပေးခဲ့တာတွေ၊မြန်မာနိုင်ငံရဲ့ နိုင် ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ဖို့နဲ့ နိုင်ငံတကာကရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဖိတ်ခေါ်ထားမှုအခြေအနေတွေ၊စို က်ပျိုးမွေးမြူရေးလုပ်ငန်း၊ကုန်ထုတ် လုပ်မှု လုပ်ငန်းနဲ့ခရီးသွားကဏ္ဍတိုးတ က်ရေးလုပ်ငန်းတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။











