Border News Agency
မတူပီ၊ အောက်တိုဘာ ၁၈။
ဟားခါး – မတူပီလမ်းအပါအဝင် ဂန့်ဂေါ၊ ဇိုတုန်ဒေသကကားလမ်းတွေကို ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ အောက်တိုဘာလ ၁၆ ရက်နေ့က ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်ထားပါတယ်။
အဲဒီဂန့်ဂေါ – အိုက်ကားလမ်းမိုင်တိုင် ၄၆ မှာ အောက်တိုဘာလ ၁၀ ရက်နေ့က တောင်ပြိုကျပြီး ကားလမ်းတွေပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာတွေကို အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ရက်နေ့ထိ ပြုပြင်လိုက်တာမို့ အောက်တိုဘာလ ၁၆ နေ့မှာ ကားတချို့သွားလာနိုင်ပေမယ့် မကြာခင်ဆက်ပြိုလာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဟားခါး – မတူပီလမ်းပိုင်းမိုင်တိုင် ၈၀ မှ ၉၀ ကြားမှာလည်း ရှစ်နေရာထိ မြေပြိုလမ်းပျက်နေတာမို့ ပြုပြင်နေရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လမ်းတွေပြုပြင်ဖို့ ရန်ပုံငွေတွေလိုအပ်နေတာမို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ဇိုတုန်ဖက်ဒရယ်ကောင်စီ မေတ္တာရပ်ခံထားပါတယ်။








































