Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၉။
လာမယ့်ရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အောက်တိုဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါတယ်။
အဲဒီလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တွေကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတွေမှာကပ်ထားမှာပါ။
အဲဒီကိုယ်စားလှယ်လောင်းတွေကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စီစစ်လက်ခံအတည်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင့်ပမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဝင်ပြိုင်မယ့်ပါတီတွေ တင်သွင်းခဲ့ကြတာပါ။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီက ဒေါက်တာအေးမောင်အပါအဝင် ကိုယ်စားလှယ်လောင်းလေး ဆယ်တဦးဝင်ပြိုင်ပါမယ်။
စစ်ကော်မရှင်လက်အောက်ခံ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP)၊ ရခိုင်တိုင်းရင်းသားများပါတီ(RNP)၊ ရခိုင့်ရှေ့ဆောင်ပါတီ(AFP)ဝင်ပြိုင်ပါမယ်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်ကိုသာ စစ်ကော်မရှင်တပ် ထိန်းချုပ်ထားပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်း၊ ဂွ၊ သံတွဲ၊ တောင်ကုတ်စတဲ့ မြို့နယ်တွေမှာလည်း ရွှေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။






