Border News Agency
မိုင်းငေါ့၊ အောက်တိုဘာ ၂၁။
မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦး၊ အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းငေါ့မြို့၊ မြို့မစျေးအနီးကို စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၂၀ ရက်၊ မနေ့ည ၈ နာရီ ၃ မိနစ်အချိန်က လေကြောင်းမှပေါင်၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်အမျိုးသားတဦး၊အမျိုးသမီးတဦးသေဆုံးသွားခဲ့ပြီး နှစ်ဦးဒဏ်ရာရကာနေအိမ်ဆယ်လုံးနဲ့ ဆိုင်ခန်းငါးခန်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆန်၊မန်တုံ၊မိုင်းငေါ့နဲ့မိုးကုတ်စတဲ့မြို့နယ်ကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ် သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့မှ၁၈ရက်နေ့ထိ မန်တုံမြို့ကို တကြိမ်၊ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီညပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုတကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုငါးကြိမ်၊ နမ္မတူမြို့ကိုငါးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ် စုစုပေါင်းနှစ်ဆယ့်ရှစ်ကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါး၊ ကလေးရှစ်ဦး၊ အမျိုးသားဆယ့်နှစ်ဦး၊အမျိုးသမီးဆယ့်ကိုးဦးသေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊အမျိုး သားဆယ့်လေးဦး၊အမျိုးသမီးဆယ့်တဦးဒဏ်ရာရှိခဲ့ပြီး လူနေအိမ်တရာသုံးဆယ်ရှစ်အိမ်၊စာသင်ကျောင်းသုံးကျော င်း၊ဘုန်းကြီးကျောင်းသုံးကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့အဆော က်အဦးလေးခုတို့ပျက်စီးသွားခဲ့ပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမကတိုင်း ရင်းသားလက်နက်ကိုင်တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ် မြေတွေကို စစ်ကော်မရှင်တပ်က လက် နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။






