Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး လူ့အခွင့်အရေး

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၅

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ နိုဝင်ဘာ ၆ ။

ယခင်ရှေးဦးမဆွကပင်အကြမ်းဖက်မှု

ဘင်္ဂလားဒုက္ခသည်စခန်းအတွင်းအာဆာ၏ ခြိမ်းခြောက်ဖိနှိပ်မှု၊ အကြမ်းပတမ်းသွေထွက်သံယိုသတ်ဖြတ်မှုများသည် အာရက္ခတပ်တော်(AA)မြို့သိမ်းတိုက်ပွဲမတိုင်ခင်ကပင်ရှိနေသည်။

အင်ဒိုနီရှားသို့ရောက်လာသော လှေစီးဒုက္ခသည် ရိုဟင်ဂျာများ၏ ပြောဆိုချက်များရှိကြောင်း ဘီဘီစီသတင်းဌာနက ဆိုသည်။

အဆိုပါအကြမ်းဖက်မှုများအပေါ် ခွဲခြမ်းလေ့လာသုံးသပ်ထားသော ICG ကဲ့ သို့ နိုင်ငံတကာအဖွဲ့အစည်းများရှိသည်။

ICGမှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ်ကိန်းက ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုသည် တနှစ်၊ နှစ်နှစ်လောက်သာခံခဲ့သည်။(၂၀၂၅ခု နှစ်၊ဇန်နဝါရီလ ၁၈ရက်နေ့ )ဘီဘီစီနှင့်အင်တာဗျူးတွင်ပြောထားသည်။

ဝေဖန်မှုကို လက်မခံနိုင်မှုနှင့်အကြမ်းပတမ်းနည်းဖြင့်ဩဇာချဲ့ထွင်မှု

နောက်ပိုင်းကာလများတွင် အာဆာမှ ဒုက္ခသည်စခန်းအတွင် ဩဇာထူထောင်လာပြီး အခွန်အခသဘောမျိုးထိ ကောက်ခံမှုများရှိလာသည်။

၎င်းတို့၏ဩဇာအာဏာကို လက်မခံသူ ဆန့်ကျင်သူများကို အကြမ်းပတမ်းနည်းလမ်းများသုံး၍ ကိုင်တွယ်လာခဲ့သည်။

အာဆာ၏လုပ်ရပ်အပေါ် အထူးသဖြင့် ပညာတတ်များ၊ ဒုက္ခသည်စခန်းအတွင်းရပ်ရွာလူမှုအသိုင်းအဝန်းကို အကူအညီပေးနေသော တက်ကြွလှုပ်ရှားသူများ၊လူရိုသေရှင်ရိုသေပုဂ္ဂိုလ်များက ဝေဖန်လာကြသည်။

ထိုအခါ အာဆာက ထိုသူများကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ပြုလုပ်လာတော့သည်။

ထိုသို့ ဒုက္ခသည်စခန်းအတွင်း အာဏာဩဇာအား အကြမ်းပတမ်းနည်းဖြင့် တည်ဆောက်ရာမှ အာဆာသည် နောက်ပိုင်းတွင် အဆုံးစွန်ထိရောက်လာခဲ့သည်ဟု သောမတ်စ်ကိန်းက ဝေဖန်သည်။

၂၀၂၁ ခုနှစ်တွင် ရိုဟင်ဂျာရပ်ရွာခေါင်း ဆောင် မူဟီဝါလာလိုပုဂ္ဂိုလ်မျိုး အသတ်ခံရသောကိစ္စနှင့်ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအရာရှိတဦးသတ်ဖြတ်ခံရသော ကိစ္စမှာပါ အာဆာ၏လက်ချက်မကင်းဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောလာသည်။

RSO ခေါင်းထောင်လာခြင်း

အာဆည၏ဒဏ်ကို ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များသည် မခံနိုင်ဖြစ်လာသည်။

ဤအနေအထားတွင် RSO က ပြန်လည်၍ ခေါင်းထောင်လာသည်။ ARSA ၏ ဩဇာလွှမ်းမိုးမှုကို RSO က တန်ပြန်စိန်ခေါ်လာသည်။

၂၀၂၁ ခုနှစ်အကုန်ပိုင်းတွင် ထိုနှစ်ဖွဲ့ကြားအားပြိုင်မှုက ပိုပြင်းထန်လာသည်။ ဒုက္ခသည်စခန်းထဲက အကြမ်းပတမ်း သွေးထွက်သံယို ဖြစ်စဉ်များအားလုံးသည် ထိုနှစ်ဖွဲ့ကြားပြိုင်ဆိုင်မှုသက်သက်ကြောင့် မဟုတ်ဘဲ၊ အခြားဒုစရိုက်ဂိုဏ်း၊ ရာဇဝတ်ဂိုဏ်းများ၏ လက်ချက်ကြောင့်လည်း ဖြစ်သည်ဟု သောမတ်စ်ကိန်းက ဘီဘီစီအားပြောဆိုထားသည်။

ဟန်ပြနိုင်ငံရေးစကားလုံးများ

အဆိုပါဒုစရိုက်ရာဇဝတ်ဂိုဏ်းများက နိုင်ငံရေးအယူအဆတခုခုကို အပေါ်ယံဆုတ်ကိုင်ကောင်း ဆုတ်ကိုင်ပြထားနိုင်သည်။

ထိုသို့ဆုတ်ကိုင်ပြထားမှုက ၎င်းတို့ကျူးလွန်ထားသော ရာဇဝတ်မှုများ ဒုစရိုက်မှုများကို လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ဟု အကြောင်းပြရန်အတွက် သက်သက်သာဖြစ်သည်။

ပြန်ပေးဆွဲ၊ လူသတ် ငွေညှစ်၊ မူးယစ်ဆေး၊ လူကုန်ကူးစသည့်လုပ်ရပ်များသည် ရာဇဝတ်မှုများသာ ဖြစ်ကြောင်း သောမတ်စ်ကိန်းက ဝေဖန်ထားသည်။

ဂုန်းဆင်းနိုင်ငံရေး (Bandwagoning)

RSO ပေါ်လာသည့် ၂၀၂၂ ခုနှစ်အကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် အစပိုင်းတွင် ARSA ၏ လုပ်ရပ်ကို ရပ်တန့်နိုင်မည့် အုပ်စုအဖြစ် RSO အား ရိုဟင်ဂျာဒုက္ခသည်များ မျှော်လင့်ခဲ့ကြသေးသည်။

RSO အပေါ် ထိုသို့ မျှော်လင့်ချက်ထားမှုက RSO၏ ဩဇာအား ကျယ်ပြန့်ရန် အထောက်အကူ ပြုခဲ့သည်။

ထိုအချိန်တွင် ယခင်က ARSA တွင်ပါ ဝင်နေသောသူများ RSO ဘက်သို့ ဂိုဏ်းကူးလာတော့သည်။

ထိုဂိုဏ်းကူးဂုန်းဆင်းများက နပ်သည်။ လူရည်လည်သည်။ ရှာလို့ ဖွေလို့ရသည့် ဂွင်ကိုသိသည်။ ထိုသူများက ၎င်းတို့၏ လုပ်ရပ်ကိုမပြောင်း၊ နာမည်သာ ပြောင်းသည်။

ဤသို့ဖြင့် ဒုက္ခသည်များအမြင်တွင် RSO လည်းထိုနည်းလည်းကောင်း ဖြစ်လာသည်။

ဒုက္ခသည်များ၏ချောင်ပိတ်မှု

ARSA ၏ လုပ်ရပ်များအပေါ် ဒုက္ခသည်များသည် တော်တော်များများ စက်ဆုတ်နေကြသည်။ ဒုက္ခသည်များအနေဖြင့် လက်နက်ကိုင် ဖြစ်စဉ်များတွင်ပါဝင်လိုမှုက မရှိပေ။ အေးချမ်းလုံခြုံစွာနေလိုသည်။

ARSA အပေါ် အားပြိုင်နေသူ RSO များသည် ၎င်းတို့အပေါ်တွင်တော့ ARSA ကဲ့သို့ ပြုလုပ်မည်မဟုတ်ဟု ကနဦးပိုင်းတွင် မျှော်လင့်ထားခဲ့သည်။

သို့သော် ဂုန်းဆင်း ဂိုဏ်းကူး လူရည်လည်သူ အခွင့်အရေးသမားတို့ကြောင့် RSO သည်လည်း ထိုနည်းလည်းကောင်းဖြစ်လာသည်။

ဤသို့ဆိုပါလျှင် အာရက္ခလူဘောင်သည်ကား Bandwagoning ဖြစ်စဉ်နှင့် လွတ်ကင်းနေပြီလား။ဂုန်းဆင်းဂိုဏ်းကူးလူရည်လည်များ၏ (Patronage) အကျင့်စရိုက် ကင်းစင်နေပြီလားဟု ဆိုပါလျှင် အဖြေက “နိုး” ဟုသာဖြေရမည်ဖြစ်သည်။အဖွဲ့အစည်းတခု ရောင်းပန်းဝင်လာလျှင် အစုလိုက်အပြုံလိုက် ထိုလမ်းကြောင်းအတွင်း လိုက်ပါတတ်သော အလေ့အကျင့်သည်ရှိဆဲဖြစ်သည်။လူမှုပဋိညာဉ်ကို မျက်ကွယ်ပြုသော ထိုအလေ့အကျင့်သည် အန္တရာယ်များလှသည်။

အကြမ်းပတမ်းနည်းလမ်းဖြင့် အာဏာကို လွယ်လွယ်တည်ဆောက်ချင်သော သူများကလည်း လူထုတွင် အကြောက်တရားရှိရန်သာလိုလားသည်။ပဋိညာဉ်ထွန်းကားလာမည်ကို မလိုလားချေ။

လူဗီဇတွင် အကြောက်တရားကလည်း ခံပြင်းမှုဒေါသကို ဖြစ်စေတတ်သည်။ ထိုမှတဆင့် ပြန်လည်တွန်းကန်မှုက ပြုလာတတ်ပြန်သည်။

ဤသို့ဖြင့် ဆိုးကျော့သံသရာက လည်နေပြန်သေးသည်။

အာရက္ခဒေသ၏လူမှုအသိုင်းအဝန်းများသည် ထိုသို့ ပြည်သူသည်သာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဆိုသော လူမှုပဋိညာဉ်သဘောကို မခံစားရသည်မှာ ကာလများစွာကြာခဲ့ပြီဖြစ်သည်။

ဆိုခဲ့သည့်အတိုင်းလူမှုပဋိညာဉ်ပျက်စီးခံထားရသည့် လူ့အသိုင်းအဝန်းများအား ဘာသာရေး၊ လူမျိုးရေးအရ ရန်တိုက်ရန် မီးပွားချရန်လည်း အလွန်လွယ်တတ်သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း အာရက္ခလူဘောင်သည်ကား Bandwagoning ဖြစ်စဉ်မှ မလွတ်ကင်းနိုင်သေး၊ ဂုန်းဆင်း ဂိုဏ်းကူးလူရည်လည်များ၏ (Patronage)အကျင့်စရိုက်မှလည်း မလွတ်ကင်းနိုင်သေးဆိုလျှင် AA တွင်လည်း ထိုအချက်၏ ရိုက်ခတ်မှုများကို ခံရမည်ဖြစ်သည်။

AA ၏ မြို့သိမ်းတိုက်ပွဲကာလတွင် မြန်မာစစ်တပ်က လူမျိုးရေး၊ ဘာသာရေးမီးမွှေးမှုသည် သက်သေများရှိခဲ့သည်။

ထိုသက်ရောက်မှုက AA တပ်ဖွဲ့ဝင်အချို့၏ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုမှု၊ မလေးစားမှုနှင့် ဆုံလာသော အခါ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများအတွက် စားကျက်ကွက်ဖြစ်လာသည်က အဆန်းတော့မဟုတ်ပေ။

ချောင်ပိတ်နေသော ဒုက္ခသည်များအတွက် ထပ်၍ ချောင်ပိတ်ကုန်တော့သည်။ ဒုက္ခသည်များအနေဖြင့် လက်နက်ကိုင်ဖြစ်စဉ်များတွင်ပါဝင်လိုမှုက မရှိပေ။

သို့သော် ဒုစရိုက်ရာဇဝတ်ဂိုဏ်း လက်နက်ကိုင်အုပ်စုများအတွက်တော့ အရင်းအမြစ်ရနိုင်စရာ စားကျက်ကွက်က ဖြစ်နေသည်။

အာရက္ခဒေသရှိ လူမှုအသိုင်းအဝန်းအားလုံးအတွက် လက်ရှိအချိန်ကာလသည် ကိုယ်စီကိုယ်စီခါးသည်းစရာများရှိနေပါသည်။ ကျပ်တည်းမှုက လူမှုအသိုင်းအဝန်းအားလုံးတွင် ရှိနေသည်။

ထိုအကျပ်အတည်းမှကျော်ထွက်ရမည့်သူမှာလည်းမိမိကိုယ်တိုင်သာ ဖြစ်နေသည်။ လူသားသမိုင်းတစ်လျှောက်တွင် အကျပ်အတည်းကြားတွင်ပင် ထွက်ပေါက်ဟူသည် ပေါ်လာတတ်စမြဲပင်။

အပြန်အလှန်ဖေးမမှုနှင့် လူသားဆန်မှုကတော့ နယ်နိမိတ်စည်းများကို ဖြတ်သန်းနိုင်သည်။ ဖေးမမှုဟူသည် ဝေးကွာနေလွန်းသေးသည့် ခရီးဖြစ်လျှင်ပင်တဦး၏အခက်အခဲကို တဦးက အသိအမှတ်စပြုရမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

ကိုးကား

  • https://youtu.be/um91cfAW3co?si=ZpeYEox-CWDXlCAF
PrevPreviousမူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ
Nextပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးNext
Previous Post

မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Next Post

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၂

March 10, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၁

March 9, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page