Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်ကို နိုဝင်ဘာလ ၈ ရက်၊ ဒီနေ့ နေ့လည်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာအနီးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာကိုလည်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့လို့နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။
နောက်ပြီး ပေါက်တောမြို့ပေါ်ကိုလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရသွားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နှစ်မြို့နယ်ကို နိုဝင်ဘာလ ၇ ရက်နေ့တရက်တည်းမှာ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ဆယ်ဦးသေဆုံးပြီး တဆယ့်ရှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသုံးရွာကို နိုဝင်ဘာလ ၇ ရက်၊ မနေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားသလိုမင်းပြားမြို့ပေါ်ကို စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ မနေ့ကမနက် ၁၁ နာရီအချိန်ခန့်မှာ စစ်တွေအခြေစိုက်တပ်ရင်းကတိုက်ခိုက်လို့ ကွမ်းတောင်ကျေးရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် မနေ့က နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိ န်မှာ စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ မ နေ့က မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခို က်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
နောက်ထပ်မင်းပြားမြို့၊မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၇ ရက်၊ မနေ့ည ၈ နာရီကျော်အချိန်ခန့်ကစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားတာပါ။
အဲဒီသေဆုံးဒဏ်ရာရသူတွေထဲမှာက လေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသား၊ ကျောင်းသူတွေလည်းပါဝင်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရနေကြပါတယ်။






