Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပါအဝင် အဝတ်အထည်တွေ၊ ဆေးဝါးအကူအညီတွေလိုမပ်နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“အကြီးအကျယ်ဒုက္ခရောက်နေပါတယ်။ အငတ်ငတ်အမွတ်မွတ်ပါ။ အဲဒီတော့ပြောလိုက်မယ်ဆိုရင် ဆန်တပြည်စားမယ့်နေရာမှာနှစ်လုံးပဲစားပြီးသားသမီးတွေ ဆားနဲ့စားလို့ ဒုက္ခခံနေရပါတယ်။ကျောင်းတက်မယ့်ဟာကလည်းကျောင်းလခတွေကမဆင်မပြေပါ။ အခက်အခဲဆိုတာမှာ ပြောဖို့တောင်မလိုတော့ပါဘူး။ အားလုံးအခက်အခဲပါ။ ခုဆောင်းရာသီကျလာရင် စောင်တွေမရှိ၊ ခြင်ထောင်မရှိ၊ အိပ်ရာခင်းမရှိဖြစ်နေတာပါ။ ချက်စားဖို့အိုးခွက်မရှိပါ။ အဲဒီလောက်ထိ ဝဋ်လိုက်နေကြပါတယ်။ အကြီးအကျယ်ဆိုတာမှာအဲဒီထက်ကြီးကျယ်ဖို့လည်းရှိတော့မှာမဟုတ်ပါဘူး။” လို့ မြောက်ဦးမြို့နယ်မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အ ကိုင်တွေပုံမှန်မရှိကြသလို ပုံမှန်ဝင်ငွေမရှိကြတာမို့ စားဝတ်နေရေးအပြင်သားသမီးတွေကို ပညာဆက်မသင်ပေးနိုင်တဲ့ထိအခက်အခဲတွေနဲ့ကြုံတွေ့နေကြရ
တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေ ပိုမိုကြုံတွေ့နေကြရတယ် စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပါအဝင် အနွေးထည်တွေ၊ စောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“အကူအညီမှာ စောင်တွေ၊ခြင်ထောင်တွေ၊စားရေးသောက်ရေးတွေအားလုံးအဆင်မပြေပါဘူး။ ရှိတဲ့ဟာတွေနဲ့ အဆင်ပြေအောင်နေပါတယ်။ မရှိရင်ရှိတဲ့ဟာတွေနဲ့ကိုယ့်မှာ လောက်ငှအောင်ခြုံနေရပါတယ်။ ပါလာတာတွေကလည်းတခုမှမပါဘူး။ အိမ်မှာကျန်ခဲ့ဟာတွေလည်းအားလုံးအကောင်းစားတွေ အားလုံးကျန်ခဲ့ပါတယ်။အဲဒီတော့ဟောင်းနေတဲ့ဟာလေးတွေကိုယူခဲ့ပါတယ်။ ခ ဏလေးဆိုပြီးတော့…ဒါပေမယ့်ခုကနှစ် နှစ်ကျော်နေပါပြီ။” လို့ စစ်တွေမြို့နယ်မှစစ်ဘေးရှောင်လာသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စစ်တွေမြို့ နယ်ကထွက်ပြေးတိမ်းရှောင်လာကြသူဖြစ်ကြပြီး သူတို့မှာအဝတ်တထည်နဲ့အ သက်လုထွက်ပြေးလာခဲ့ကြရတာမို့ အသက်ရှင်ရပ်တည်ရေးအတွက် အကူအ ညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကိုထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာတို က်ပွဲတွေပြင်းထန်နေသလိုစစ်တွေမြို့ နယ်မှာလည်းစစ်ရေးတင်းမာနေပါတ ယ်။






