Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၆။
နိုင်ငံတကာရှိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် Women Generation အဖွဲ့က ဆယ့်ခြောက်ရက်တာ ပူးပေါင်းပါဝင်လှုပ်ရှားရေးတွေ ပြုလုပ် နေပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုဝင်ဘာလ၂၅ ရက်၊ ဒီနေ့ကစပြီး လှုပ်ရှားမှုတွေပြုလုပ်နေတာပါ။
အဲဒီလှုပ်ရှားမှုမှာ မူဆလင်အမျိုးသမီးတွေလည်း အတူတကွပူးပေါင်းပါဝင်နေ ကြပါတယ်။
Women Generation ဟာ လိင်၊ ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုတွေကို လျော့ချရေးနဲ့ပပျောက်ရေးအတွက် ခုချိန်ထိတစိုက်မတ်မတ်လုပ်ဆောင်နေပြီးတော့ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ လည်းဆိုပါတယ်။
လိင်၊ ဂျဲန်ဒါအခြေပြုပြီး ခွဲခြားဆက်ဆံမှုတွေ၊ ဖယ်ချန်မှုတွေ၊ အကြမ်းဖက်မှုတွေရှိနေသရွေ့ လျော့ချဖို့နဲ့ ပပျောက်စေဖို့အတွက်လည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။












