Border News Agency
မောင်တော၊ဩဂုတ် ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ARSA အဖွဲ့ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူမိသားစုဝင်တွေအတွက် ကိုးနှစ်မြောက်ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့က မောင်တောခရိုင်ဟိန္ဒူလူမျိုးစုရေးရာကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။
အဲဒီ၂၀၁၇ ခုနှစ်က ARSA အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရဲဘောက်ကျာ (ဟိန္ဒူ) ရွာဟောင်းအနီး ဟိန္ဒူလူမျိုးတရာကျော်သတ်ဖြတ်ခံခဲ့ရတဲ့ အမှတ်တရမှတ်တိုင်မှာပြုလုပ်ခဲ့တာပါ။
အဲဒီသတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေ၊ ဟိန္ဒူလူမျိုးစုရေးရာကော်မတီဝင်တွေနဲ့ ဒေသခံဟိန္ဒူပြည်သူ စုစုပေါင်းနှစ်ရာကျော်တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင် ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရက္ခတပ်တော် (ULAAA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ဩဂုတ်လ ၂၅ ရက်နေ့မှာ ARSA အဖွဲ့ဟာ ရဲဘောက်ကျာရွာကိုဝင်ရောက်စီးနင်းပြီး ဟိန္ဒူအမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားကိုးဆယ်ငါးဦး၊ စုစုပေါင်းတရာ့သုံးဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။


















