Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၉။
ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင်ခုနှစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ကြောင်ဖိုကျေးရွာကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင်အမျိုးသမီးငါးဦးနဲ့အမျိုးသားနှစ်ဦး စုစုပေါင်းခုနှစ်နှစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ ဆယ့်နှစ်နှစ်အောက်ကျောင်းတက်နေတဲ့ကလေးငယ် ကျောင်းသား၊ကျောင်းသားခြောက်ဦးပါဝင်ပြီး အများစုမှာ မိန်းကလေးငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အကျအဆုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်တိုက် ကျူးလွန်နေတယ်လို့ဆိုပါတယ်။
















