Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့်ကသာမြို့ခံတွေ ထွက်ပြေးနေကြရပါတယ်။
အဲဒီကသာမြို့မခြေစိုက် စစ်ကော်မရှင်တပ်ရဲ့အမှတ် ၃၀၉ ခြေမြန်တပ်ရင်းနဲ့ မြို့တွင်းအထိုင်တပ်တွေက လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့်ကသာမြို့ပေါ်က ဒေသခံတွေဟာမြို့လုံးကျွတ်နီးပါးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတာမို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်၊ နေရာထိုင်ခင်းအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။












