Border News Agency
နေပြည်တော်၊ဇန်နဝါရီ ၁၇။
မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ လူမျိုး၊ ဘာသာမရွေး မဲပေးခွင့်ရှိတာကြောင့် မဲပေးဖို့အရည်အချင်းပြည့်မီတဲ့ ဘင်္ဂါလီတသိန်းခွဲကျော် ပါဝင်နေတယ်လို့ စစ်ကော်မရှင်က ICJ မှာ ပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရည်အချင်းပြည့်မီတဲ့ နိုင်ငံသားတိုင်းဟာ မဲပေးခွင့်ရှိတာကြောင့် ဇစ်မြစ် ဒါမှမဟုတ် ယုံကြည်မှုကြောင့် ဘယ်သူ့ကိုမှခွဲခြားဆက်ဆံတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် လက်ရှိမှာလည်း နိုင်ငံရေးပါတီပေါင်းငါးဆယ်ခုနှစ်ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်နေကြတယ်လို့ဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘင်္ဂါလီတွေကို နယ်မြေအတွင်းနေထိုင်ခွင့်ရှိသူတွေအဖြစ်အသိအမှတ်ပြုထားတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် အုပ်စုတခုကို အမည်နာမတခုတည်းနဲ့ တပ်ပြီးမခေါ်ရုံနဲ့ ဒီလူတွေကို ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ စွပ်စွဲလို့မရဘူးလို့စစ်ကော်မရှင်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့ကြားက ရခိုင်ပြည်နယ်ကိစ္စတွေကို ပြေလည်အောင် အစဉ်တစိုက် ကြိုးစားဖြေရှင်းနေတယ်လို့လည်းဆိုပါတယ်။






