Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆို

(ဓာတ်ပုံ-မောင်တော-ဘူးသီးတောင်ကားလမ်းမှာတွေ့ရတဲ့ကုန်တင်ကားတွေ/BNA)

(ဓာတ်ပုံ-မောင်တော-ဘူးသီးတောင်ကားလမ်းမှာတွေ့ရတဲ့ကုန်တင်ကားတွေ/BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
17
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၈။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။

အဲဒီမောင်တောခရိုင်ဟာ နယ်စပ်​ဒေသဖြစ်တာမို့ ကုန်စည်စီးဆင်းမှုတွေ အတိုင်းအတာတခုထိရှိနေပြီး ကုန်တင်ကားတချို့သာ တင်ဆောင်နေကြရတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေဆိုကြပါတယ်။

အဲဒါကြောင့် ကုန်တင်ကားအားလုံး အညီအမျှလုပ်ကိုင်တင်ဆောင်ခွင့်ရဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။

“ကျွန်တော်တို့ဖြစ်စေချင်တာက ကားအသင်းဖွဲ့ပြီး နံပါတ်စဉ်အလိုက်ကုန်တင်ပြီး သွားလာခွင့်ပေးဖို့ပါ။ မြို့နယ်နဲ့ခရိုင်က ULAတာဝန်ရှိသူတွေကိုလည်း စာနဲ့တကွတင်ပြထားခဲ့တာသုံးကြိမ်ရှိပါပြီ။ ဘာမှအကြောင်းမထူးပါဘူး။ သူတို့နဲ့အလွမ်းသင့်တဲ့ကုန်ကားပိုင်ရှင်တွေပဲ ကုန်တင်သွားခွင်ရ‌နေကြပါတယ်။ ကျန်ကားကြီးသမားတွေကားမထွက်ရလို့ ထမင်းတောင်ငတ်ကြပါတော့မယ်။ တရားမျှတမူရှိဖို့တော့လိုအပ်နေပါတယ်။”လို့ ဘူးသီးတောင်မြို့နယ်မှ ကုန်တင်ကားပိုင်ရှင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောခရိုင်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေတာတွေရှိနေပြီး ကုန်စည်စီးဆင်းမှုတွေနေ့စဥ်လိုလိုရှိနေတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေ ဆိုကြပါတယ်။

အဲဒီကုန်စည်စီဆင်းနေမှုတွေဟာ အနည်းငယ်သာဖြစ်တာမို့ ပုံမှန်ကုန်တင်ခွင့်ရနေကြတဲ့ ကုန်တင်ကားတွေသာနေ့စဥ်ပုံမှန်ကုန်တင်ခွင့်ရနေကြတာလို့ ကုန်တင်ကားပိုင်ရှင်တွေက ဆိုကြပါတယ်။

“အဓိကကျွန်တော်တို့ ကားသမားတွေတောင်းဆိုချင်တာက ကားတွေကို နံပါတ်စဉ်အတိုင်းမဲနှိက်ပြီး နွားတွေတင်ပို့ခွင့်ရချင်ပါတယ်။ ခုအချိန်မှာလူတိုင်းအလုပ်လက်မဲ့ဖြစ်နေကြတာပါ။ တာဝန် ရှိလူကြီးတွေလည်းနားလည်ပေးဖို့လိုပါတယ်။”လို့ မောင်တောမြို့မှကုန်တင်ကားပိုင်ရှင်တဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောခရိုင်ကို အာရက္ခတပ်တော်ထိန်းချုပ်ထားပြီး အာရက္ခကုန်သည်ကြီးများအသင်းက နယ်စပ်ကုန်သွယ်ရေးကိုဦးဆောင်လုပ်နေတယ်လို့ မောင်တောခရိုင်နေပြည်သူတွေက ဆိုကြပါတယ်။

အဲဒီနယ်စပ်ကုန်သွယ်ရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နားလည်းမှုအရလုပ်နေကြတာဖြစ်ပြီး လာမယ့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာမှသာတရားဝင်ဖြစ်လာနိုင်မယ်လို့ ကုန်သည်ကြီးတွေက ဆိုကြပါတယ်။

PrevPreviousလက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု-၃
Nextမူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့် ပြည်သူလေးဦးသေဆုံးNext
Previous Post

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု-၃

Next Post

မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့် ပြည်သူလေးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၄

March 16, 2026

တရားမဝင်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်ဦးမောင်မောင်အုန်းကို ရွေး

March 16, 2026
ဓာတ်ပုံ - GEM

အာရက္ခတပ်တော် မိုင်းရှင်းလင်းရေးတွေဆက်​လုပ်နေ

March 16, 2026

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၄

တရားမဝင်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်ဦးမောင်မောင်အုန်းကို ရွေး

အာရက္ခတပ်တော် မိုင်းရှင်းလင်းရေးတွေဆက်​လုပ်နေ

အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင်လွှတ်တော်စတင်

Releated Post

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026
Photo-KarenYouthOrganization

​သံလွင်မြစ်ကမ်းဘေးမှာ ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့

March 16, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၄

March 16, 2026

တရားမဝင်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်ဦးမောင်မောင်အုန်းကို ရွေး

March 16, 2026
ဓာတ်ပုံ - GEM

အာရက္ခတပ်တော် မိုင်းရှင်းလင်းရေးတွေဆက်​လုပ်နေ

March 16, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင်လွှတ်တော်စတင်

March 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page