Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

ဂမ်ဘီယာဟာ OIC ရဲ့ ကိုယ်စားလှယ်သာဖြစ်ပြီး မြန်မာကိုစွဲဆိုဖို့တာဝန်မရှိဘူးလို့ ဒေါက်တာနိုင်ဆွေဦးဆို

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
22
VIEWS
Share on FacebookShare on Twitter

​Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၀။

​နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာလုပ်နေတဲ့ မြန်မာနဲ့ဂမ်ဘီယာအမှု ကြားနာပွဲနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ပဲ လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုတရားစွဲဆိုဖို့ ဥပဒေကြောင်းအရတာဝန်မရှိဘူးလို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒါရိုက်တာဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။

​သူဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို ကိုယ်တိုင်သွားပြီးသုတေသနလုပ်ခဲ့သူဖြစ်လို့ မြေပြင်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို လက်တွေ့သိနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဂမ်ဘီယာဟာ မြန်မာနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ အာဖရိကကနိုင်ငံငယ်လေးတခုပဲ ဖြစ်တယ်လို့ထောက်ပြထားပြီး နှစ်နိုင်ငံကြားမှာလည်း ဘာပြဿနာမှမရှိခဲ့သလို ခုစွဲဆိုချက်တွေဟာ ဂမ်ဘီယာနိုင်ငံသားတွေအပေါ်မှာလည်း ဘာမှသက်ရောက်မှုမရှိဘဲ တဖက်သတ်စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

​ဂမ်ဘီယာက လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး မြန်မာကိုတရားစွဲခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံပီသစွာနဲ့ တရားရုံးကခိုင်းတဲ့ အစီရင်ခံစာတွေကို ပုံမှန်တင်ပြနေသလို တာဝန်ကျေအောင်လည်း လုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က ICJ တရားရုံးကိုသွားပြီး ခုခံချေပနေတာဟာ မြန်မာအစိုးရရဲ့တရားဝင်မှုကို ပြသနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

​ဒါပေမယ့်လည်း ICJ မှာဖြစ်တဲ့အမှုတွေဟာ အချိန်တိုအတွင်းနဲ့ ပြီးသွားမှာမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာတတ်တာကို သတိထားရမယ်လို့ သူကဆိုပါတယ်။

အဲဒီအမှုမှာ ဂမ်ဘီယာအပြင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံပေါင်းဆယ့်တနိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့လုပ်စရာရှိတဲ့ တရားစီရင်ရေးကိစ္စတွေကို အကောင်းဆုံးဆက်လုပ်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

PrevPrevious​ဂမ်ဘီယာတင်ပြတဲ့သက်သေတွေဟာ ခိုင်လုံမှုမရှိကြောင်း မြန်မာရှေ့နေ Mr. Christopher Staker ချေပ
Nextရွေးကောက်ပွဲကိုအာဆီယံ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ မလေးရှားအတည်ပြုNext
Previous Post

​ဂမ်ဘီယာတင်ပြတဲ့သက်သေတွေဟာ ခိုင်လုံမှုမရှိကြောင်း မြန်မာရှေ့နေ Mr. Christopher Staker ချေပ

Next Post

ရွေးကောက်ပွဲကိုအာဆီယံ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ မလေးရှားအတည်ပြု

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပခုက္ကူခရိုင်စစ်ဌာန

အာဏာသိမ်းစစ်တပ်ရဲ့ မြစ်ခြေရဲစခန်းကို PDF တပ်ဖွဲ့တွေသိမ်းပိုက်

June 10, 2026

မြန်မာ့အရေး အဖြေရှာဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အာဆီယံတွေ့မယ်

June 10, 2026

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး အစိုးရအနေနဲ့ စနစ်တကျ လုပ်ဆောင်နေတယ်လို့သမ္မတတု ပြော

June 10, 2026

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပေး

June 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page