Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း အာရက္ခဒေသ

ပြည်သူတွေရဲ့ပျောက်ဆုံးပစ္စည်းတွေကို မှန်မှန်ကန်ကန် သတင်းပေးကြဖို့ အာရက္ခပြည်သူ့အစိုးရတိုက်တွန်း

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
ပြည်သူတွေရဲ့ပျောက်ဆုံးပစ္စည်းတွေကို မှန်မှန်ကန်ကန် သတင်းပေးကြဖို့ အာရက္ခပြည်သူ့အစိုးရတိုက်တွန်း
Border News Agency
မောင်တော၊စက်တင်ဘာ ၁၄ ။
အာရက္ခပြည်သူတွေရဲ့ပျောက်ဆုံးပစွည်းတွေကို မှန်မှန်ကန်ကန်သတင်းပေးကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက စက်တင်ဘာလ ၁၃ ရက်၊မနေ့က တိုက်တွန်းလိုက်ပါတယ်။
အာရက္ခပြည်သူတွေရဲ့အဖိုးတန်ပစွည်းတွေ၊ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေ တိုက်ပွဲအတွင်းမှာ ရှာဖွေလို့မရအောင်ပျက်စီးဆုံးရှုံးသွားတာမျိုးမဟုတ်ဘဲ၊အိမ်မှာ သိမ်းဆည်းထားခဲ့တာတွေ၊ဝှက်ထားခဲ့တဲ့ပစွည်းတွေကို မတွေ့ရင် အာရက္ခတပ်တော်ရဲ့ သက်ဆိုင်ရာဒေသ၊နယ်မြေအုပ်ချုပ်ရေးမှူးတွေဆီမှာ မှန်မှန်ကန်ကန်သတင်းပေးကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
အဲဒီအာရက္ခပြည်သူတွေရဲ့ ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေမှာ တိုက်ပွဲတွေအ တွင်းနဲ့တိုက်ပွဲတိုက်ပွဲတွေ ပြီးဆုံးတဲ့ အချိန်မှာ ပျောက်ဆုံးမှုတွေရှိခဲ့တာကို ကာယကံရှင်တွေရဲ့တိုက်တန်းချက်တွေနဲ့အာရက္ခတပ်တော်ရဲ့ ထောက်လှမ်း ရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးချက်တွေအရသိရတာလို့ ဆိုပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အရပ် သားပြည်သူပိုင်ပစ္စည်းတွေကို အတင်းအ ဓမ္မယူဆောင်၊ဖောက်ထွင်းခိုးယူခံရတာတွေရှိနေတာမို့ စစ်ဆေးအရေးယူတာတွေလုပ်ပေးကြဖို့ အာရက္ခပြည်သူတွေ တောင်းဆိုနေကြပါတယ်။
”တချို့အရပ်သားတွေဟာ တပ်ဖွဲ့ဝင်တချို့နဲ့ပေါင်းပြီးပစ္စည်းတွေကိုခိုးယူလာကြတာတွေရှိပါတယ်။ကိုယ့်ဆိုင်ကယ်တွေကို မြင်နေရ၊တွေ့နေရတာတောင်တောင်းလို့၊ပြောလို့မရပါဘူး။ကားတွေကအစယူခါကြတာရှိပါတယ်။ ဒီလိုလုပ်သူတွေကိုစစ်ဆေးအရေးယူပြီးပစ္စည်းတွေကိုပိုင်ရှင်အစစ်တွေဆီပြန်ပေးစေချင်ပါတယ်။”လို့ မောင်တောမြို့ပေါ်နေအမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ ခိုးမှုတွေကျူးလွန်ခဲ့တဲ့သူတွေကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့ အပြစ်ကျူးလွန်ခဲ့တဲ့ထင်ရှားသူတွေကို ထိုက်တန်တဲ့အပြစ်တွေပေးပြီး အရေးယူထားသလို ခိုးယူထားတဲ့ ပစွည်းတွေကို ပြန်ပြီးသိမ်းဆည်းရမိရင် ပိုင်ရှင်အစစ်အမှန်တွေလက်ထဲကို ပေးအပ်ထားခဲ့ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် တချို့နေရာတွေမှာ ပိုင်ရှင်တွေဝှက်ထားခဲ့တဲ့ ရွှေ၊ငွေတွေ၊အဖိုးတန်ပစွည်းတွေကို အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေကသွားရောက်ရှာဖွေတွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်တွေလက်ထဲကို ကောင်းကောင်းမွန်မွန်အပ်နှံ ပေးခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီအာရက္ခတပ်တော်မှာ တိုက်ပွဲတွေအတွင်း လိုက်နာကျင့်သုံးရမယ့် အာရက္ခစစ်သည်တော်ကျင့်ဝတ်တွေနဲ့ ပြည်သူ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွ ယ်စောင့်ရှောက့်ရမယ့် ဝတ္တရားတွေကို တိကျစွာပြဠာန်းထားပြီး လိုက်နာကျင့်သုံးကြဖို့ကိုလည်း အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဖက်မှအကျင့်ပျက်ဝန်ထမ်းတချို့က လုပ်ပိုင်ခွင့်၊အာဏာတွေကို အလွဲသုံးစားလုပ်ပြီးတော့ ပြည်သူ့စည်းစိမ်ဥစွာတွေကို ယူသုံးတာတွေရှိနေတာကြောင့် အဲဒီ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာအရေးယူဆောင်ရွှက်သွားမယ်လို့လည်း ဆိုပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တချို့၊ရက္ခိုင့်အ မျိုးသားအဖွဲ့ချုပ်(ULA)အဖွဲ့ဝင်တချို့၊အုပ်ချုပ်ရေး၊တရားစီရင်ရေးတာဝန်ရှိသူတချို့ဟာ အရပ်သားပြည်သူတွေကို အာဏာပါဝါပြတာတွေ၊ကိုယ်ကျိုးစီး ပွားရှာတာတွေပြုလုပ်နေကြတာမို့ စစ်ဆေးအရေးယူသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ် ။
”အသေခံတိုက်နေကြတဲ့တပ်ဖွဲ့ဝင်တွေကဆေးလိပ်၊ကွမ်းအတွက်တောင်ပိုက် ဆံမရှိကြချိန်မှာ နယ်မြေမှူးတချို့ ကားပေါ်ကတောင်မဆင်ကြတော့ပါဘူး။နော က်ပြီးအာဏာပါဝါပြကိုယ်ကျိုးရှာနေကြသလိုသောက်စားမူးယစ်ပြီးဆဲဆိုရမ်း ကားတာတွေထိပြုလုပ်သူတွေရှိပါတယ်။ဒါတွေကို စစ်ဆေးအရေးမယူရင် ပြည်သူတွေယုံကြည်မှု တွေကျဆင်းလာမှာပါ။”လို့ မောင်တောမြို့နယ်၊ငွေတောင်ကျေးရွာနေဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှအရပ်သားပြည်သူပိုင်ဆိုင်ကယ်အစီးရေရာနဲ့ချီပြီးခိုးယူခံထားရသလို အိမ်စီးကားတွေ၊ကုမ္ပဏီပိုင်ကားတွေကိုလည်း အတင်းအဓမ္မယူ ဆောင်သွားကြတာတွေရှိနေပြီး လေးမိုင်အုပ်စုမှ အရပ်သားပြည်သူပိုင်ကျွဲ၊နွားအကောက်ရေးနှစ်ရာကျော်ကိုလည်းအတင်းအဓမ္မယူဆောင်ရောင်းစားတာတွေပြုလုပ်ထားတယ်လို့ မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်က အရပ်သားပြည်သူပိုင်ကျွဲ၊နွားအကောင်ရေထောင်နဲ့ချီပြီး အတင်းအဓမ္မယူဆောင်ရောင်းစားကြတာတွေ၊နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ခိုးယူတာတွေကိုလည်းပြုလုပ်ခဲ့တာကြတာမို့ ပြစ်မှုကျူးလွန်သူတွေ၊ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးကြဖို့ မောင်တောမြို့နယ် မှပြည်သူတွေတောင်းဆိုနေကြပါတယ်။
အဲဒီ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံ ရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန“Departme nt of Law Enforcement and Public Security (DLEPS)”ကို တပ်ဖွဲ့ဝင် အသစ်တွေခေါ်ယူပြီးတိုးချဲ့ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရအောင် ခုထက်ပိုပြီး အားစိုက်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
Photo-AA
PrevPreviousအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်
Nextစစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ လေးရက်မှာ အရပ်သားလေဦးသေဆုံးNext
Previous Post

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်

Next Post

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ လေးရက်မှာ အရပ်သားလေဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026
ဓာတ်ပုံ  - KNU

ဘီးလင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်(ဓာတ်ပုံသတင်း)

September 21, 2026
(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်မှာအယ်လ်နီညိုကြောင့်သောက်သုံးရေရှားပါးနေမှု/BNA)

အယ်လ်နီညိုအမြင့်ဆုံးသို့ရောက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ခန့်မှန်း

September 21, 2026
ဓာတ်ပုံ  - AA Info Desk

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ အာဏာသိမ်းစစ်သားအများအပြားသေဆုံး

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

Releated Post

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026
​ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

September 20, 2026
​Photo - AFP/Reuters

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

September 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page