Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ် အပြီးသတ်တိုက်ပွဲ ပြင်းထန်နေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မောင်တောမြို့နယ် အပြီးသတ်တိုက်ပွဲ ပြင်းထန်နေ
Border News Agency
မောင်တော၊အောက်တိုဘာ ၁။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းသိမ်းတိုက်ပွဲ ပြင်းထန်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတပ်ရင်းကို အာရက္ခတပ်တော်(A A)က လက်နက်ကြီးပစ်ကူတွေအသုံးပြုပြီး အင်အားအများအပြားနဲ့မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ အပြင်းထန်းဆုံးပြုလုပ်ခုခံနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြီးသတ်တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရင်း ကာကင်းဘန်ကာနားတွေထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင် စီတပ်ကလည်း အပြင်းထန်ဆုံးခုခံတိုက်ခိုက်ခဲ့တာမို့ နှစ်ဘက်သေဆုံးဒဏ်ရာရတာတွေရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”တပ်တော်က လက်နက်ကြီးတွေပစ်ပြီးခြံထဲဝင်သိမ်းဖို့ကြိုးစားနေတာပါ။စစ် တပ်ကလည်း လေယာဥ်တွေလာ ပစ်တာမိုးလင်းထိပါပဲ။နေဗီတွေကလည်းပစ်ပါတယ်။ခုတော့ တခြားနေရာသို့ရှောင်ပြေးလာကြပါတယ်။”လို့ မောင်တောဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့ နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲရေးဌာနချုပ်ဟာ စစ်ကောင်စီတပ်အတွက်မောင်တောခရိုင်မှာ နောက်ဆုံးလက်ကျန်နေရာဖြစ်ပြီး အဲဒီနေရာဟာ အမှတ် ၁၅ စစ် ဆင်ရေးကွပ် ကဲမှုဌာနချုပ်ဖြစ်သလို မောင်တောခရိုင်မှာ အခိုင်မာဆုံး၊အင်အားအများဆုံးမဆုတ်တမ်းခံတပ်လည်းဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွ က် ထိုးစစ်တွေကိုဆက်လက်အရှိန်မြှင့်သွားမယ်လို့ အာရက္ခတပ်တော်(AA)မှ စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပြီးနောက် သုံးပတ်ခန့်အကြာမှာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်နေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမြို့သူကြီးတပ်ရင်းအနီးအနားနေရာတွေအပါအဝင် သုံးမိုင်ပတ်လည်ကို စစ်ကောင်စီတပ်ကလေကြောင်း တိုက်ခိုက်မှုတွေအပြင်ထန်းဆုံးပြုလုပ်နေသလို နတ်မြစ်ထဲရှိ စစ်ကောင်စီတပ်ရေတပ်စစ်သင်္ဘောကြီးတွေကလည်း လက်နက် ကြီးပစ်ကူပေးနေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြီးသတ်တိုက်ပွဲတွေပြင်းထန်နေတာမို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းထန်းဆုံးပြုလုပ်နေလို့ စစ်ဘေးရှောင်တွေလည်း ထပ်မံစစ်ဘေးရှောင်နေကြရသလို နေအိမ်အဆောက်အအုံတွေလည်း မီးလောင်ပျက် စီးနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”မြေတွေတောင်တုန်သွားပါတယ်။ဘယ်နေရာတွေမှာကျပြီးဘာတွေပျက်စီးသွားလဲအတိအကျမသိရပါဘူး။တပ်တော်ကလည်းကျတယ်။စစ်တပ်ကလည်းတအားသေကြတယ်လို့ကြားပါတယ်။အနီးအနားကစစ်ဘေးရှောင်တွေကတော့ထပ်ပြီးပြေးနေကြရပါတယ်။”လို့ မောင်တောဒေသခံအမျိုးသမီးတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီတပ်ရင်းမှာ တ္ထီလာမြို့အခြေစိုက်အမှတ် ၁ တပ်မတော်ဆေးရုံနေ အဘဦးထွန်းကြည်ရဲ့သား၊အသက် ၅၃ နှစ်အရွယ် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကဦးဆောင်ကွပ်ကွဲခုခံနေတာဖြစ်ပြီးကရင်ပြည်၊ဘားအံမြို့အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်မှတပ်ဖွဲ့ဝင်တွေ၊ဘူးသီးတောင်မြို့အခြေစိုက် အမှတ် ၂၆၃ ခြေလျပ်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊နယ်ခြားစောင့်တ ပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အင်းအားစုစုပေါင်းတ စ်ထောင်ခန့်နဲ့ခုခံနေကြတာဖြစ်ပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို ခြံစည်ရိုးသုံးထပ်ထိအခိုင် အမာကာရံထားပြီး ခြံစည်ရိုးအပြင် ဖက်မိတာသုံးရာပတ်ပတ်လည်းကိုမြေမြုပ်မိုင်းတွေ အပြည့်ထောင်ထားသလို ခြံစည်ရိုးတွေကြားမှာ ငါးပေကျာ်တူးမြော င်းပစ်ကျင်းတွေကို ကျောက်သားအမာတွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့ မဆုတ်တမ်းခံစစ်ဌာနချုပ်လည်းဖြစ်ပါတယ်။
အဲဒီအပြင် အဲဒီဌာနချုပ်ပတ်ပတ်လည်မှာ မောင်တောခရိုင်တရားရုံး၊မြို့အဝင် တံတားစစ်ဆေးရေးဂိတ်၊မြို့မကညင်တန်းဝန်ထမ်းအိပ်ရာလို အခိုင်အမာကာကင်းတွေ အများအပြားတည်ရှိနေသလို တပ်ရင်းဝင်ပေါက်အနောက်ဘက်၊တ ပ်ရင်းအဆောက်အအုံဟောင်းမှာ သေချာအမိန့်ပေးကွပ်ကွဲနိုင်တဲ့မြေအောက်ခန်းရှိပြီး နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အဲဒီနေရာမှအမိန့်ပေးကွပ်ကွဲနေတာဖြစ်ပါတယ်။
အဲဒီလိုအခိုင်အမာတည်ဆောက်ထားပြီး အင်အားအများအပြားနဲ့မဆုတ်တမ်းခုံခံနေကြသလို လေကြောင်းပစ်ကူတွေကို အပြင်းထန်ဆုံးပြုလုပ်ပေးနေပြီး ဘာမှအကာအကွယ်မရှိတဲ့လယ်ကွင်းပြင်ကြီးမို့ အာရက္ခတပ်တော်(AA)က အနီးက ပ်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ခက်ခနေသလို တပ်ရင်းထဲသို့ဝင်ရောက်သိမ်းပိုက်ဖို့ခ က်ခဲနေတာမို့ တိုက် ပွဲတွေပြင်းထန်နေကာအချိန်ပိုကြာနေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကိုမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မြို့သူကြီးမွတ်ဆလင်ကျေးရွာဟောင်းနေရာ၊မောင်တော -ဘူးသီးတောင်ကားလမ်းဘေး၊မောင်တောမြို့အဝင်တံတားနဲ့မိတာနှစ်ရာခန့်အကွာမှာ ၂၀၁၇ ဖြစ်စဥ်နောက် ပိုင်း၊မြေဧကအများအပြားပေါ်မှာ ရဟတ်ယာဥ်ကွင်းတွေ အပါအဝင်အခိုင်မာဆုံးတည်ဆောက်ထားတာဖြစ်ပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်တွေရှိ နယ်ခြားစောင့်စခန်း၊တပ်ရင်းအားလုံးကိုချုပ်ကိုင်အမိန့်ပေးစေခိုင်းနေခဲ့တဲ့နေရာဖြစ်သလိုဘူးသီးတောင်အခြေစိုက်၊အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊မောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေ စိုက်၊အမှတ် ၁ နယ်ခြား စောင့်ကွပ်ကဲမှုဌာနချုပ်တွေထက် အင်အားပိုများပြီး ပိုမိုအရေးပါအဓိကကျတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် ဘူးသီးတောင်အခြေစိုက်၊အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချု ပ်မှစစ်ကောင်စီလက်နက်ကိုင် အင်းအားရာနဲ့ချီအလံဖြူထောင်လက်နက်ချအ ညံ့ခံခဲ့ကြသလိုမောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေစိုက်၊အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်ကိုလည်း အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ မြို့သူ ကြီးတပ်ရင်းကို အာရက္ခတပ်တော်(AA)က ခက်ခက်ခဲခဲထိုးစစ်ဆင်တိုက်ခိုက်နေရတာလို့ ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ် ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပူးပေါင်းခုခံနေကြသလို စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားတဲ့ပြည်သူတွေလည်းရှိနေကြတယ်လို့မောင်တောဒေသခံတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်း/BNA)
PrevPreviousမောင်တောမြို့သူကြီးတပ်ရင်းမှာ နယ်ခြားစောင့်ရဲတွေကို စစ်သားတွေ ပစ်သတ်နေ
Nextလက်နက်ကိုင်တောင်းဆိုမှုတွေကို စစ်ကောင်စီမဖြေရှင်းပေးNext
Previous Post

မောင်တောမြို့သူကြီးတပ်ရင်းမှာ နယ်ခြားစောင့်ရဲတွေကို စစ်သားတွေ ပစ်သတ်နေ

Next Post

လက်နက်ကိုင်တောင်းဆိုမှုတွေကို စစ်ကောင်စီမဖြေရှင်းပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျောက်တော်ကထိန်းသိမ်းခံလူငယ်တဆယ့်ကိုးဦးကို ပြန်လွှတ်ပေး (ဓာတ်ပုံသတင်း)

August 11, 2026

အာဏာသိမ်းစစ်တပ်နဲ့ မိုင်းလားအဖွဲ့ တွေ့

August 11, 2026
ဓာတ်ပုံ -​ AFP

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူခြောက်ထောင်သုံးရာကျော်အထိ မြင့်တက်လာ

August 11, 2026
ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နဲ့ဆဒ္ဒန်ဆည် ရေပိုလွှဲမှ ရေကျော်နေ

August 11, 2026

အယ်လ်ဂျာဇီးရားသတင်းထောက် အာနတ်စ်သေဆုံးမှု တနှစ်ပြည့်အထိမ်းအမှတ်လုပ်

ချင်းမိုင်မှာ သင်္ဘောသီးထောင်းရောင်းတဲ့ မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

သံတွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်လေးဦးသေဆုံး

ပလက်ဝမှာ စစ်တပ်လေကြောင်းတိုက် ခိုက်လို့ ကလေးနှစ်ဦးဒဏ်ရာရ

ကိုလံဘီယာမှာ ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်ကြောင့် သေဆုံးသူတရ့ာသုံးဆယ် ကျော်လာ

အာရက္ခမြေယာစီမံအုပ်ချုပ်မှုစနစ် အကျိုးဆက်များကိုဆန်းစစ်ခြင်း

Releated Post

ဓာတ်ပုံ - ​Al Jazeera

အယ်လ်ဂျာဇီးရားသတင်းထောက် အာနတ်စ်သေဆုံးမှု တနှစ်ပြည့်အထိမ်းအမှတ်လုပ်

August 11, 2026
ဓာတ်ပုံ - Chiang Mai Immigration

ချင်းမိုင်မှာ သင်္ဘောသီးထောင်းရောင်းတဲ့ မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

August 11, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

သံတွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်လေးဦးသေဆုံး

August 11, 2026

ပလက်ဝမှာ စစ်တပ်လေကြောင်းတိုက် ခိုက်လို့ ကလေးနှစ်ဦးဒဏ်ရာရ

August 11, 2026
ဓာတ်ပုံ - ရိုက်တာ

ကိုလံဘီယာမှာ ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်ကြောင့် သေဆုံးသူတရ့ာသုံးဆယ် ကျော်လာ

August 11, 2026

အာရက္ခမြေယာစီမံအုပ်ချုပ်မှုစနစ် အကျိုးဆက်များကိုဆန်းစစ်ခြင်း

August 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page