Border News Agency
ရေး၊ ဇန်နဝါရီ ၂၅။
ရာမညမွန်တပ်တော် (RMA) ရဲ့ အခြေခံဒရုန်းသင်တန်းအပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပါတယ်။
အဲဒီဒရုန်းသင်တန်းကို သင်တန်းသားရဲဘော်၊ ရဲမေဆယ့်ငါးဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲမှာ NMSP – AD ဥက္ကဋ္ဌနိုင်ဇေယျက အဖွင့်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် RMA စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် စလွန်းထောကလည်း ဩဝါဒစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်သင်တန်းဆရာကိုယ်စား အရာခံဗိုလ်လူဖေဝင်းနဲ့ သင်တန်းသားကိုယ်စား ရဲဘော်ဥက္ကာတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ နိုင်လရီဂကား၊ အတွင်းရေးမှူး နိုင်ဗညာလယ်အပါအဝင် စစ်ကော်မတီဝင် အရာရှိတွေနဲ့ ရဲဘော်ရဲမေတွေ တက်ရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။










