Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

ထိုင်းနိုင်ငံရှိလင်းဆွဲအချို့ သေဆုံးနှုန်းမြင့်မားတဲ့ နီပါး(Nipah) ဗိုင်းရပ်စ်ပိုးတွေ့

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
19
VIEWS
Share on FacebookShare on Twitter

Border News Agency
​မဲဆောက်၊ ဇန်နဝါရီ ၂၈။

​ထိုင်းနိုင်ငံရှိသစ်သီးစားလင်းဆွဲအချို့မှာ သေဆုံးနှုန်းခုနှစ်ဆယ့်ငါးရာခိုင်နှုန်းအထိရှိနိုင်တဲ့ နီပါး (Nipah) ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အဲဒါကြောင့် နိုင်ငံတကာလေဆိပ်တွေမှာ ရောဂါစောင့်ကြည့်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုမိုအရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

​ထိုင်းကျန်းမာရေးဒုတိယအတွင်းဝန် ဒေါက်တာ Sophon Iamsirithaworn ရဲ့ ပြောကြားချက်အရ အခုတွေ့ရှိတဲ့ပိုးဟာ”ဘင်္ဂလားဒေ့ရှ်မျိုးကွဲ”ဖြစ်ပြီး အဆုတ်နဲ့ ဦးနှောက်ရောင်ရမ်းမှုကို ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပါတယ်။

အဲဒါကြောင့် လက်ရှိ ထိုင်းနိုင်ငံတွင်းရှိ လင်းဆွဲတွေမှာတွေ့ရတဲ့ပိုးဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာတွေ့ရတဲ့ ပမာဏထက် လေးဆယ်မှငါးဆယ်ရာခိုင်နှုန်းလောက်အထိ အဖြစ်နည်းနေသေးပေမယ့် အထူးသတိထားဖို့ လိုအပ်နေတာပါ။

​အိမ်နီးချင်းနိုင်ငံတွေကနေ ရောဂါပိုးဝင်ရောက်လာမှာကို ကာကွယ်ဖို့အတွက် သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက်လေဆိပ်တွေမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ခရီးသည်တွေကို အထူးကြပ်မတ်စစ်ဆေးနေပါတယ်။

အဲဒါကြောင့် ရောဂါလက္ခဏာ သံသယရှိသူတွေ့ရင် ချက်ချင်းခွဲခြားပြီး ဆေးစစ်မှုတွေလုပ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။

အဲ​ဒီနီပါးဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့တိရစ္ဆာန် ဒါမှမဟုတ် လူနာနဲ့တိုက်ရိုက်ထိတွေ့မှသာ ကူးစက်နိုင်တာကြောင့် ကိုဗစ်လိုမျိုး ကူးစက်နှုန်းမမြန်ပါဘူး။

ဒါပေမယ့် ဒီဗိုင်းရပ်စ်အတွက် ထိရောက်တဲ့ကုသဆေးနဲ့ ကာကွယ်ဆေးခုထက်ထိ မရှိသေးတာကြောင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ရတာ ဖြစ်ပါတယ်။

အဲ​ဒါကြောင့် ပြည်သူတွေအနေနဲ့ လင်းဆွဲတွေကျက်စားတဲ့နေရာတွေနဲ့ ဝေးဝေးနေဖို့၊ လင်းဆွဲကိုက်ထားတဲ့ သစ်သီးတွေကို မစားဖို့နဲ့ လင်းဆွဲတွေရှိတဲ့နေရာနဲ့ အနီးတဝိုက်မှာဝက်မွေးမြူရေးခြံတွေ မဆောက်ကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

အဲဒီရောဂါကူးစက်ခံရရင် ဦးနှောက်ရောင်တာနဲ့ ဝက်ရူးပြန်သလိုမျိုး တက်တာတွေဖြစ်နိုင်လို့ ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။

​အဲဒီထိုင်းနိုင်ငံအတွင်း လင်းဆွဲကနေ လူကိုကူးစက်တဲ့ဖြစ်စဉ် (Local Transmission)တော့ မတွေ့ရသေးပေမယ့် အခုလိုခရီးသွားလာသူတွေများတဲ့ ပွင့်လင်းရာသီမှာ ရောဂါပိုးတွေကူးစက်မလာအောင် ကျန်းမာရေးသတိနဲ့နေထိုင်ကြဖို့ ဒေါက်တာSophon က သတိပေးထားပါတယ်။

အဲဒီအပြင် ​တဖက်မှာလည်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ်ပိုးတွေ့ရှိသူနှစ်ဦးရှိခဲ့ပေမယ့် သူတို့နဲ့ထိတွေ့ခဲ့သူပေါင်း တရာ့ကိုးဆယ်ကျော်ကို စစ်ဆေးရာမှာတော့ ရောဂါပိုးမတွေ့ရှိ (Negative) ကြောင်း သိရပါတယ်။

PrevPreviousဝက်လက်မှာရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြ
Next​ထိုင်းရောက်မြန်မာတွေ ဆယ့်လေးရက်တာ “အသံတိတ်လှုပ်ရှားမှု” စတင်Next
Previous Post

ဝက်လက်မှာရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြ

Next Post

​ထိုင်းရောက်မြန်မာတွေ ဆယ့်လေးရက်တာ “အသံတိတ်လှုပ်ရှားမှု” စတင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မူးမှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ အရပ်သားနှစ်ဦး သေဆုံး

July 10, 2026

မီဇိုရမ်မှာမြန်မာနိုင်ငံသားတွေကိုမူးယစ်ဆေးနဲ့ဖမ်းမိ

July 9, 2026

အီရန်က ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကို ပြန်ပစ်

July 9, 2026

မှုခင်းဖြေရှင်းရာမှာ ဒီလပ်တပ်ဖွဲ့ဝင်တချို့ဘက်လိုက်နေ

July 9, 2026

ပလက်ဝမှာ ရေကြီးလို့ အိမ်နဲ့စပါးခင်းတွေ ပျက်စီး

အာရက္ခဒေမှာ ရေကြီးမှုအမြင့်ဆုံးအဆင့်ရောက်မယ်လို့သတိပေး

မင်းပြားမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ

တော်ဝင်ဒေါင်းတပ်ရင်းမှ ခွင့်မဲ့ပျက်ကွက်သူအချို့ကို တပ်ပြေးအဖြစ် ကြေညာ

မလေးရှားမှာ အိန္ဒိယနိုင်ငံသားတွေကိုခိုးသွင်းတဲ့ မှောင်ခိုသမားတဦး ဖမ်းမိ (ဓာတ်ပုံသတင်း)

လယ်မူလားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Releated Post

ပလက်ဝမှာ ရေကြီးလို့ အိမ်နဲ့စပါးခင်းတွေ ပျက်စီး

July 9, 2026

အာရက္ခဒေမှာ ရေကြီးမှုအမြင့်ဆုံးအဆင့်ရောက်မယ်လို့သတိပေး

July 9, 2026
Photo - GEM

မင်းပြားမှာ မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေ

July 9, 2026
ဓာတ်ပုံ - တော်ဝင်ဒေါင်းတပ်ရင်း

တော်ဝင်ဒေါင်းတပ်ရင်းမှ ခွင့်မဲ့ပျက်ကွက်သူအချို့ကို တပ်ပြေးအဖြစ် ကြေညာ

July 9, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ အိန္ဒိယနိုင်ငံသားတွေကိုခိုးသွင်းတဲ့ မှောင်ခိုသမားတဦး ဖမ်းမိ (ဓာတ်ပုံသတင်း)

July 9, 2026
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

လယ်မူလားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page