Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၀။
စစ်ကော်မရှင်ရဲ့ သတင်းအမှားနဲ့ ဝါဒဖြန့်ချိမှုတွေကို ပြည်သူတွေ သတိထားနိုင်ဖို့အတွက်ရွှေဗန့်ဂျီ သပိတ်အင်အားစုက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းရှိ ကျေးရွာပေါင်းသုံးဆယ်ကျော်မှာ ပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေကို ဆားလင်းကြီး၊ရေစကြိုနဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်က ပြည်သူအချင်းချင်း ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေးအပေါ် သံသယဖြစ်အောင် ဘယ်လိုလှည့်စားနေသလဲဆိုတာတွေကို ရှင်းပြထားပါတယ်။
အဲဒီအပြင် ပြည်သူတွေအနေနဲ့ သတင်းတခုကို ကြားလိုက်တာနဲ့ ချက်ချင်းမယုံဘဲ မူရင်းအရင်းအမြစ်ကို သေချာစစ်ဆေးဖို့နဲ့ လှည့်စားတဲ့ စကားလုံးတွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။













