Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​အီရန်ခေါင်းဆောင်သစ်အဖြစ် မူဂျတာဘာခါမေနီကိုခန့်အပ်မြို့တော်မှာအောင်ပွဲခံနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ မတ် ၉။

​အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးခိုင်မာတဲ့အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကျွမ်းကျင်သူများကောင်စီက ကွယ်လွန်သူခေါင်းဆောင် အလီခါမေနီရဲ့ ဒုတိယသားဖြစ်သူမူဂျတာဘာခါမေနီကို နိုင်ငံရဲ့တတိယမြောက်အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် မတ်လ ၈ ရက်၊ မနေ့ကတရားဝင်ခန့်အပ်လိုက်ပါတယ်။

အဲဒီခန့်အပ်မှုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၂၈ ရက်နေ့က အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အလီခါမေနီကွယ်လွန်သွားခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

​ခေါင်းဆောင်သစ်ခန့်အပ်လိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် မြို့တော်တီဟီရန်အပါအဝင် နိုင်ငံတစ်ဝှမ်းကလမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာထွက်လာပြီး အောင်ပွဲခံဂုဏ်ပြုခဲ့ကြတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)နဲ့ တပ်မတော်တာဝန်ရှိသူတွေကလည်း ခေါင်းဆောင်သစ်အပေါ် သစ္စာခံကြောင်းနဲ့ အပြည့်အဝထောက်ခံကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ကြပါတယ်။

​အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူဂျတာဘာခါမေနီဟာ အရင်ကအစိုးရရာထူးကြီးကြီးမားမားရယူခဲ့တာမရှိပေမယ့် ဖခင်ဖြစ်သူရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာနောက်ကွယ်ကနေ ဩဇာအာဏာတည်ဆောက်ခဲ့သူတဦး ဖြစ်ပါတယ်။

အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ်မှာ ဩဇာညောင်းသူဖြစ်တာကြောင့် ဖခင်ရဲ့ အရိုက်အရာကိုဆက်ခံဖို့ အလားအလာအရှိဆုံးသူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

​ဒီခန့်အပ်မှုဟာ အီရန်ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအဆောက်အအုံအတွင်းမှာ အာဏာကို မိသားစုအမွေဆက်ခံသလို ဖြစ်နေတာကြောင့် နိုင်ငံတကာရဲ့စောင့်ကြည့်ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒီခန့်အပ်မှုနဲ့ပတ်သက်ပြီး သူတို့ဘက်ကအသိအမှတ်ပြုမှုမရရှိဘူးဆိုရင် ခေါင်းဆောင်သစ်အနေနဲ့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ သတိပေးပြောကြားထားပါတယ်။

​အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်အတွင်း ခေါင်းဆောင်သစ်တက်လာတာဟာ အီရန်ရဲ့ စစ်ရေးမဟာဗျူဟာတွေအပေါ် ဘယ်လိုပြောင်းလဲမှုရှိလာမလဲဆိုတာက အလွန်အရေးကြီးလာပါတယ်။

အထူးသဖြင့် အီရန်နဲ့အမေရိကန်-အစ္စရေးတို့ကြားတိုက်ရိုက်ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ခေါင်းဆောင်သစ်ရဲ့ဆုံးဖြတ်ချက်တွေက ဒေသတွင်းတည်ငြိမ်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။

PrevPreviousဂွမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ
Next​ဘူးသီးတောင်ရှိအိမ်ထောင်စု ၁၃၀ ကျော်ကို ULA ရိက္ခာထောက်ပံ့Next
Previous Post

ဂွမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

Next Post

​ဘူးသီးတောင်ရှိအိမ်ထောင်စု ၁၃၀ ကျော်ကို ULA ရိက္ခာထောက်ပံ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

August 9, 2026

မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နေ

August 9, 2026
(ဓာတ်ပုံ-ဘားအံမြို့မှာ သံလွင်မြစ်ရေတက်နေတာကို ဩဂုတ်လ ၉ ရက်၊ဒီနေ့မနက်တွေ့ရပုံ/ လူမှုကွန်ရက်)

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 9, 2026

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

Releated Post

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 8, 2026
(ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများသပိတ်ကော်မတီ)

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

August 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page