Border News Agency
ထိုင်း၊ မတ် ၁၁။
ထိုင်းအစိုးရဟာ နိုင်ငံအတွင်းစွမ်းအင်ပြတ်လပ်မှုနဲ့ ဆီလက်ကျန်နည်းပါးလာတာကြောင့် အစိုးရဌာနတွေ၊ပြည်သူပိုင်လုပ်ငန်း (State Enterprises)တွေအားလုံးကို စွမ်းအင်ချွေတာဖို့ ညွှန်ကြားလိုက်ပါတယ်။
ပြည်သူလူထုကို တိုက်ရိုက်ဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေကလွဲပြီး ကျန်အစိုးရဝန်ထမ်းတွေအားလုံး အိမ်ကနေပဲ အလုပ်လုပ်ကြဖို့(Work From Home)ချက်ချင်း ညွှန်ကြားထားတာပါ။
အဲဒီထဲ အလွန်အရေးကြီးတဲ့အစည်းအဝေးတွေကလွဲပြီး ကျန်အစိုးရဝန်ထမ်းတွေအားလုံး ပြည်ပကိုသွားလာတာတွေကိုရပ်ဆိုင်းထားဖို့ ထိုင်းအစိုးရက ဆိုပါတယ်။
စွမ်းအင်ချွေတာရေးအစီအစဉ်ကို ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့နဲ့ အဲကွန်း(Aircon)ကို 26-27^{\circ}\text{C}မှာဘဲထားရှိအသုံးပြုကြပြီး အဲကွန်းလျှော့သုံးနိုင်ဖို့အတွက် အပူဒဏ်ကြောင့်ထူထပ်တဲ့အဝတ်အစားတွေကိုနိုင်သမျှ ရှောင်ကြည်ဖို့ အသိပေးထားပါတယ်။
မလိုအပ်တဲ့မီးတွေကို ပိတ်ထားဖို့နဲ့ဆိုင်းဘုတ်မီး(Signboards/Advertisements)တွေကိုလည်း ပုံမှန်ထက်စောစီးပိတ်ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့စွမ်းအင်အခြေအနေဟာ နေ့စဉ်ဆီသုံးစွဲမှု တရက်ကို ပျမ်းမျှလီတာ သန်း ၁၂၄ ခန့်သုံးစွဲနေပြီးအရန်ဆီလက်ကျန်မှာ မတ်လ ၅ ရက်နေ့ စာရင်းအရ နိုင်ငံအတွင်း အရန်ဆီ လီတာ သန်း ၈,၀၅၅ သာ ကျန်ရှိနေတာကြောင့် အချိန်မီချွေတာဖို့လိုအပ်နေတယ်လို့ ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။






