Border News Agency
တီဟီရန်၊ ဧပြီ ၅ ။
အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို ၅ ပတ်ကြာပိတ်ဆို့ထားပေမဲ့ အီရတ်နိုင်ငံကိုတော့ညီအစ်ကိုနိုင်ငံအဖြစ်သတ်မှတ်ပြီး သင်္ဘောသွားလာခွင့်တွေကို ကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ ဧပြီလ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီပိတ်ဆို့မှုဟာ အီရန်ကိုတိုက်ခိုက်နေတဲ့ ရန်သူနိုင်ငံတွေကိုသာပစ်မှတ်ထားတာဖြစ်ပြီး အီရတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစားတဲ့အနေနဲ့ရော၊ စစ်ပွဲအတွင်း အီရန်ဘက်ကရပ်တည်ပေးခဲ့တာကြောင့်ပါ အခုလိုခွင့်ပြုပေးတာလို့ အီရန်ဘက်က ဆိုပါတယ်။
အီရတ်နိုင်ငံဟာ သူတို့ရဲ့ရေနံတင်ပို့မှုအတွက် ဒီရေလက်ကြားကိုအဓိကအားကိုးနေရတာကြောင့် အခုကင်းလွတ်ခွင့်ဟာ အီရတ်စီးပွားရေးအတွက် အသက်ရှူပေါက်တခုဖြစ်လာသလို အီရန်အနေနဲ့လည်းဒေသတွင်းမဟာမိတ်စုစည်းဖို့ ကြိုးစားလိုက်တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတထရန့်ကတော့ ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အားလုံးအတွက်ပြန်မဖွင့်ပေးရင် အပြင်းထန်ဆုံးစစ်ရေးအရေးယူမှုတွေ လုပ်မယ်လို့ ဧပြီလ ၄ ရက်နေ့မှာပဲ ရာဇသံပေးလိုက်ပါတယ်။
လက်ရှိမှာတော့ အီရန်ဆီကမီးစိမ်းပြခံထားရတဲ့ အီရတ်သင်္ဘောတွေဟာ ရေလက်ကြားအတွင်းအင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးပဋိပက္ခကြားမှာကြားညပ်ပြီး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။






