Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး ဘူးသီးတောင်မြို့နယ် မောင်တောခရိုင် သတင်း အာရက္ခဒေသ

စစ်ရာဇဝတ်မှုများမည်သည့်အချိန်အဆုံးသတ်မည်နည်း

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

ခိုင်မြတ်လင်း(ဘူးသီးတောင်)ရေးသည်။

Border News Agency
ဘူးသီးတောင်၊ ဧပြီ ၆။

နေ့လည်ခင်းအချိန် ဆူညံသံတချို့ကြားရသည်။ အပြင်ထွက်၍ လှမ်းကြည့်လိုက်ရာ လူငယ်တစု စုဝေးနေသည်ကို တွေ့ရ၏။ ခဏအကြာတွင် အော်သံနှင့်အတူ အသံတချို့ထွက်ပေါ်လာသည်။

ဒိုင်း…ဒိုင်း….ဒိုင်း…. “မပြေးနဲ့ ဟေ့ကောင်။ သူ့ကို ရအောင်ဖမ်းကွာ။ မလွတ်စေနဲ့။ ဟား…ဟား…. ဘယ်ပြေးလို့ လွတ်မလဲ ဟေ့ကောင်။ မင်းငါ့လက်က ပြေးမလွတ်ပါဘူးကွာ ဟား…ဟား…” ဗိုလ်ဟုထင်ရသည့်သူမှ သူ့တပည့်များအား ဖမ်းရလာသောရန်သူကို ကြိုးဖြင့်ချည်နှောင်စေသည်။ ပြီးလျှင် သူကိုယ် တိုင်လက်သီးဖြင့်ထိုး၊သေနတ်ပေါင်ဖြင့် ခေါင်းကိုရိုက်ကာ နှိုက်စက်ပြသည်။

ဤသည်ကား ကျွန်တော်၏ အိမ်နီးချင်းရှိ ဆယ်နှစ်အရွယ် ကလေးငယ်များ စစ်တိုက်တမ်းကစားနေကြခြင်းဖြစ် သည်။

သူတို့လက်ထဲ၌ ဓနိလက်ဖြင့်လုပ်ထားသော သေနတ်ကိုယ်စီကိုင်ထားကြသည်။တချို့မှာ ဝါးခြမ်းပြားဖြင့် လုပ်ထားသော ဓါးများကိုလည်း ကိုင်ထားကြသေးသည်။

စစ်ဆိုသည်ကို သူတို့ မည်သို့နားလည်ထားကြသည်ကို ကျွန်တော်မသိ။ ကျွန်တော်တို့ငယ်စဉ်ကလည်း ယခုလို စစ်တိုက်တမ်းကစားဖူးသည်။ သို့သော် စစ်၏အနှစ်သာရကို တိတိကျ ကျမသိခဲ့။ ငယ်စဉ်က ဗွီဒီယို၌ စစ်ကား / ဇာတ်ကြမ်းကားဆို အားပေးဖူးသည်။ ဇာတ်ကြမ်းကား၊ စစ်ကားပြလျှင် မလွတ်တမ်း‌ရှေ့ဆုံး၌ နေရာယူကြည့်ဖူးသည်။

သို့သော် အပြင်လောက၌ မမြင်ဖူး၊ မကြည့်ဖူး၊မကြုံဖူး။

၁၉၄၂-ခုနှစ် အင်္ဂလိပ်-ဂျပန် ဒုတိယကမ္ဘာစစ်ပွဲအကြောင်း သက်ကြီးများပြောစကား ကြားသာကြားဖူးသည်။ထိုစဉ် ပုံပြင်တပုဒ် စာတပုဒ်သာသာ။

အာရက္ခပြည်သည် ၁၉၄၂-ခုနှစ်တွင် နယ်မြေလုစစ်ပွဲများ၏ အဓိကရုဏ်းဒဏ်ကြောင့် ပြည်သူများ ဒုက္ခနွံထဲကျွံခဲ့ရဖူးသည်။

ထိုမှတစ်ဖန် ၂၀၁၄ ခုနှစ်မှစ၍ အာရက္ခပြည်၏မြို့နယ်တချို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများစဖြစ်လာခဲ့သည်။

၂၀၁၂/၂၀၁၆/၂၀၁၇ -ခုနှစ် ပဋိပက္ခများဖြစ်ပြီးနောက်တွင်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတည်းက အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်ကြားတောတွင်းထိတွေ့တိုက်ပွဲဖြစ်ပွားသည်မှာ နှစ်နှစ်တာအချိန်ကာလထိ ကြာမြင့်ခဲ့သည်ကြောင့် ပြည်သူများမှာ စစ်ဒဏ်ဖြင့် အကြိမ်ကြိမ်နပန်းလုံးခံ ဒုက္ခနွံထဲ တခါထပ်၍ ကျွံရပြန်သည်။

ထို့နောက် ၂၀၂၁ – ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီအစိုးရမှ နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်လိုက်သည်။

ထို့ကြောင့် အာဏာသိမ်းခြင်းအပေါ်မကျေနပ်ကြသည့် ပြည်မနေ ပြည်သူလူ ထုများမှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။

ဤသည်ကို အကြောင်းပြလျှက် စစ်ကောင်စီအစိုးရမှ ဆန္ဒပြပြည်သူများအား ဖမ်းဆီးထောင်ချ သတ်ဖြတ် ဒဏ် ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ထိုမှ မခံမရပ်နိုင်သော ပြည်သူများမှာ စစ်အာဏာရှင်စနစ်တွန်းလှန်ရေး၊ ဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးထဲရောက်ခဲ့ကြရသည်။

ထိုအထဲ ဗမာပြည်သူအများပြားပါဝင်ကြသည်။

ထိုအချိန်မှစ၍ ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင်တခြားလက်နက်ကိုင်အဖွဲ့များ( နွေဦးတော်လှန်ရေးတပ်ဖွဲ့များ/ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များ) ပေါ်ပေါက်လာခဲ့သည်။

ထိုမှတဆင့် ULA/AA အပါဝင်သည့်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြည်မဖက် တောတွင်းတိုက်ပွဲမှသည် မြို့သိမ်းတို က်ပွဲထိ ဆင်နွဲလာခဲ့ကြသည်။

၂၀၂၃-ခုနှစ် အောက်တိုဘာလတွင် အာရက္ခတပ်တော်၊မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(ကိုးကန့်တပ်) MNTJP/MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် PSLF/TNLA (ညီနောင်မဟာမိတ်သုံးဖွဲ့)၏ ”၁၀၂၇စစ်ဆင်ရေး”ကို တနိုင် ငံလုံးအတိုင်းတာ စတင်လိုက်သည်။

ထိုစစ်ဆင်ရေးသည်၂၀၂၃ -ခုနှစ် နိုဝင် ဘာလမှစ၍ အာရက္ခတပ်တော်သည်လည်း အာရက္ခပြည်တွင်း မြို့သိမ်းတို က်ပွဲအချို့စပြီးဆင်နွဲလာခဲ့ရာမှ အသာသာ တိုက်ပွဲများ အားပြင်းလာခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် တနှစ်အတွင်း အာရက္ခပြည်မှတဆယ့်လေးမြို့နယ်အားလက်လွှတ်ဆုံးရှုံးလိုက်ရသည်။

ထို့ကြောင့် အာရက္ခတပ်တော်နှင့်ရင်ဆိုင်တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှုများစွာနှင့်ရင်ဆိုင်နေခဲ့ရသော စစ်ကောင်စီတပ်သည် သူရဲဘောကြောင်စွာဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရ ပ်သားပြည်သူများနေထိုင်ရာ အာရက္ခဒေသရှိ မြို့နှင့်ရပ်ရွာများကို လေကြော င်းနှင့်လက်နက်ကြီးများဖြင့် မကြာခ ဏဆိုသလို တိုက်ခိုက်နေပြီး ပြည်သူ များကို အစုလိုက်အပြုံလိုက် သတ်ဖြ တ်ကာ စစ်ရာဇဝတ်မှုများကို ပြောင် ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်လာ‌နေသည်။

စစ်ကောင်စီ၏ ပြည်သူအပေါ်ကျူးလွန်ထားသည့် စစ်ရာဇဝတ်ပြစ်မှုများစွာအ တွက် ထိုက်သင့်သောအရေးယူဆောင် ရွက်ဒဏ်ခတ်မှုမျိုးလည်း အာရက္ခပြ ည်သူအများ မျှော်လင့်နေကြသည်။

“ကျွန်တော်တို့ အေးအေးချမ်းချမ်း နေထိုင်ချင်ပါတယ်။လွန်ခဲ့တဲ့ တိုက်ပွဲကာလတုန်းက နခခ ၈ ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျွန်တော်တို့အိမ်တခြမ်းပြိုသွားပါတယ်။လက် နက်ကြီးကျည်ထိမှန်လို့ သားတယော က်သေဆုံးပြီး သမီးတယောက် ညာခြေထောက်တချောင်း ဖြတ်လိုက်ရပါတယ်။အဲဒီအချိန်တုန်းက ကျွန်တော်တို့ရွာမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။အကြောင်းမဲ့ ပစ်ခတ်လိုက်တာပါ။အခုလို ပြည်သူအပေါ်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေအ တွက် ထိထိရောက်ရောက် အရေးယူတာမျိုးလည်း မြင်ချင်တယ်။”ဟု ဘူးသီးတောင်မြို့နယ်၊ရှာကေကျေးရွာမှ ဦးရှောင်းရှူက ရင်ဖွင့်ပြောပြသည်။

ဖိနှိပ်မှုများလွန်းလျှင် တွန်းကန်အားပြင်းလာတတ်သည်မှာ သဘာဝဖြစ်သ ည်။

ထိုကြောင့်လည်း စစ်ပွဲဖြစ်ကြရသည်။ဤသည်ကို လက်ခံနိုင်ရမည်။မည်သို့ပင်ဆိုစေ စစ်ပွဲဧရိယာမဟုတ် ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ် သားပြည်သူများနေထိုင်သွားလာ လှုပ် ရှားရာနေရာသို့ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများသည် တမင်တကာ ရည် ရွယ်ချက်ရှိရှိ လုပ်ကြံခြင်းသာဖြစ်သ ည်။

ဤသည်မှာ ပြည်သူများ လုံးဝလက် ခံ၍မရနိုင်သော စစ်ရာဇဝတ်မှုဖြစ်သ ည့်အပြင် မည်သို့မှမမှားနိုင်သောအမှန်တရားလည်းဖြစ်သည်။

“မင်းအောင်လှိုင်စစ်တပ် ယုတ်မာချက်ကတော့ ကမ်းကုန်အောင်ထိလို့ ပြောရမလားပဲ။ဒါတွေအဆုံးသတ်ဖို့ လိုနေပြီ။ကျွန်တော်တို့ပြည်သူတွေဟာ သူရဲ့စစ်ရေးပစ်မှတ်မှ မဟုတ်တာ။ NLD အစိုးရလက်ထက် ဒေါက်ဖိနပ်နဲ့နင်းလို့ ပထမတခါကြွေမွခဲ့ပြီ။ စစ်ကောင်စီလက် ထက် စစ်ဖိနပ်နင်းလို့ ဒုတိယတခါ ထပ်ပြီးအစိတ်စိတ်အမြွှာမြွှာ ကြွေမွရပြန်တယ်။ဆိုတော့ ဒေါက်ဖိနပ်နဲ့နင်းနင်း စစ်ဖိနပ်နဲ့ပဲနင်းနင်း ဘယ်သူ့ဖိနပ်နဲ့ပဲနင်းနင်း ကြွေမွတာချည်းပဲ။ကျွန် တော်တို့ရွာဆိုရင် နှစ်ခါလုံးအနင်းခံခဲ့ရတယ်။NLD အစိုးရလက်ထက် ၂၀၁၈- ခုနှစ်တည်းက ကျွန်တော်တို့တစ်ရွာလုံး စစ်ဘေးရှောင်ဘဝနဲ့နေခဲ့ရတယ်။အဲဒီတုန်းက ရွာမှာတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။AA နဲ့ပတ်သတ်တယ်လို့စွပ်စွဲတယ်။ပြီးရင် တရွာလုံးကိုနှင်ထုတ်တယ်။ စစ်ကောင်စီလက်ထက်ရောက်ပြန်တော့ ကျန်ရှိနေခဲ့တဲ့ အိမ်တွေ တစ်အိမ်မကျန်ဖြိုဖျက်ကြတယ်။အခု ULA/AA အစိုးရလက်ထက်ရောက်မှပဲ ကိုယ့်ရွာကိုပြန်လာ‌နေခွင့်ရကြတယ်။” ဟု ဘူးသီးတောင်မြို့နယ်၊သရက်ပြင်ကျေးရွာမှ ဦးမောင်ဝင်းထွန်းမှလည်း ရင်ဖွင့်ပြောပြသည်။

စစ်ပွဲကြောင့် အသက်ဘေးကလွတ် မြောက်ဖို့ အိုးအိမ်စွန့်ခွါထွက်ပြေးကြရသည်။

စစ်ပွဲကြောင့် အသက်လုထွက်ပြေးရင်း လမ်းဘေး၌ ကြုံရာတဲထိုးနေကြရသည်။

စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် အငတ် ဘေးပါဆိုက် ကြရသည်။စားဝတ်နေရေးကအစ ကျန်းမာရေးပါထိခိုက်ကုန်ကြသည်။

ထို့ကြောင့် ကလေးငယ်များနှင့်သက် ကြီးရွယ်အိုများမှာ ကျန်းမာရေးနှင့်အစားအသောက်ငတ်မွတ်ဒဏ်ကို ခါးစည်းခံကြရသည်။

နောက်ဆုံး အိမ်မပြန်နိုင်‌သည့်အခြေနေ၌ပင် ကျန်းမာရေးချို့တဲ့ကာ ဆုံးသွားကြရသည့် ဖြစ်စဉ်များလည်းရှိသည်။

စစ်တွေမြို့မှ ကျောက်တော်မြို့သို့ စစ်ဘေးရှောင်လာသည့် စစ်ရှောင်အမျိုး သမီး ဒေါ်ခိုင်မာရီက “စစ်ရှောင်လာတာ အခုဆိုနှစ်နှစ်ကျော်ပြီ ထင်တယ်။လွန်ခဲ့တဲ့မိုးရာသီက ကျွန်မအဖေ ဆုံးသွားခဲ့တယ်။အခုတခါ ထပ်ပြီး ဒီဇင်ဘာလဆန်းက ကျွန်မယောက်ျားဆုံးသွားခဲ့ပြန်တယ်။ကျွန်မမှာ အမေအိုနဲ့အတူ သားတစ်ယောက် ၊ သမီးတယောက်နဲ့ အရူးမီး ဝိုင်းရပါတယ်။ ကိုယ့်အိမ်ကို ဘယ်တော့မှ ပြန်ရပါ့မလဲနော်။အိမ်ပြန်ချင်ပြီပေါ့။ အိမ်လည်း ရှိပါတော့‌မလားတောင် မသိတော့ဘူး။စစ်ကောင်စီ ဖြိုဖျက်လို့ မကျန်တော့ဘူးနဲ့တူပါတယ် ။”ဟု မျက်ရည်ဝဲလျှက် ရင်ဖွင့်ပြောကြားသည်။

စစ်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့အရပ်သား သေ ဆုံးဒဏ်ရာရသူဦးရေ ပိုများလာသလို စစ်ရှောင်ဒုက္ခသည်ဦးရေလည်း ပိုများလာသည်။စစ်ရှောင်များ၏ဘဝ ပိုပြီးခက်ခဲလာသည်။

အာရက္ခပြည် ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊ကျောက်ဖြူ၊သံတွဲ ၊ ငပလီ၊ဂွနှင့်စစ်တွေမှာ စစ်ဘေးရှောင်ငါးသိန်းကျော်ထက်မနည်း ရှိနေပြီဖြစ်သည်။

အလုပ်လက်မဲ့ဘဝဖြင့် အနေဆင်းရဲ အဝတ်ဆင်းရဲ အစားဆင်းရဲဖြစ်ရသည့် စစ်ရှောင်ဘဝ၏ အခက်ခဲဒုက္ခသည်ကား လွန်စွာကြီးမားသည်။

ကျွန်တော်သည်လည်းလေးနှစ်အရွယ် သမီးငယ်အပါဝင် မိသားစုနှင့်အတူပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊မတ်လက ဘူးသီးတောင်မြို့နှင့် ၁၅ -မိုင်ခန့်အကွာ ညောင်ချောင်းကျေးရွာသို့ စစ်ရှောင်ခဲ့ရဖူးသ ည်။

ထိုစဉ် စစ်ကောင်စီ၏ အမြောက်တပ်၊ ဗျူဟာတပ်နှင့် တပ်ရင်းတပ်မများမှ လက်နက်ကြီး လက်နက်ငယ်များ နေ့စဉ်ရက်ဆက် အဆက်မပြတ် ယမ်းသမ်းပစ်ခတ်မှုများ၊ မြို့ထဲရှိ လူငယ်များကို စစ်ပေါ်တာဆွဲ ခေါ်ယူခြင်းများ၊ စစ်သင်တန်းပေး ကုလားများနှင့်အတူ ပူးပေါင်းသောင်းကျမ်းမှုများရှိခဲ့သည်။

ထို့နောက် အခြေနေဆိုးမည်ကြောင့် စစ်ရှောင်ဘဝရောက်ခဲ့ရခြင်းဖြစ်သည်။ဝန် ထမ်းလောက ငွေကြေးအမြောက်အ မြား စုမိဆောင်းမိထားသည်မရှိ။

ကျွန်တော့်လို သာမန်ဝန်ထမ်းမိသားစုအဖို့ကား လစာရပ်ခံလိုက်ရသည်နှင့် ငွေကြေးအခက်ခဲဖြစ်ရသည်။

ထို့ကြောင့် ထမင်းနပ်မှန်ဖို့အရေး အခက်ခဲဒုက္ခခံကာ မရှက်မကြောက် ကြုံရာကျဘမ်း လုပ်စားရသည်။ဘဝ၏ဒုက္ခဒဏ်ကြောင့် အကြိမ်ကြိမ်အခါခါ လဲကျဖူးသည်။

ဘူးသီးတောင်မြို့သိမ်း စစ်ပွဲအပြီး ၂၀၂၄ ခုနှစ်၊ဇွန်လ ၅ ရက်နေ့တွင် ဘူးသီးတောင်မြို့ ရွှေကျင်ဆရာတော်အပါဝင် မိမိတို့အဖွဲသည် မြို့နှင့် ၁၅ -မိုင်ခန့်အကွာ ညောင်ချောင်းမှနေ၍ ကားဖြင့် ဘူးသီးတောင်မြို့ထဲ ရက်ချင်းပြန်သွား ကြည့်ဖြစ်ခဲ့သည်။

ဘုရား၊ကျောင်း၊ကန်၊သိမ်၊အိမ် ရစ ရာမရှိ မီးလောင်ပြင်အတိဖြစ်နေသည်။မြို့တွင်းတိုက်ပွဲဖြစ်ခဲ့၍မဟုတ်။စစ်ကောင်စီတပ်ဖြိုဖျက် မီးလောင် တိုက်သွင်းခဲ့၍ပင်ဖြစ်သည်။မိစ္ဆာရန်သူတို့၏ ရက်စက်မှုမှာ ကမ်းကုန်အောင်ထိ ယုတ်ပေစွ။သမိုင်းရိုင်းရမည့် ပုံရိပ်များပေတည်း။

စစ်ပွဲသည် သူ့နေရာ ကိုယ့်နေရာ သူ့အိမ်ကိုယ့်အိမ်လုကြသည့် အတ္တကြောင့် ဖြစ်လာရသည်ဟု နားလည်ထားသည်။

စစ်ပွဲသည် တဖက်နှင့်တဖက် အနိုင်တိုက်ရသည်ကြောင့် ခြေပြတ်လက် ပြတ် ဒဏ်ရာရ သေကြသည်။

နှစ်ဖက်တိုက်ပွဲကြောင့် အချင်းချင်း တိုက်ကြခိုက်ကြ ဒဏ်ရာရကြ သေကြသည်ကို မပြောလိုပါ။

သို့သော် တိုက်ပွဲနှင့်မဆိုင်သည့် ပြည်သူများ၏ အသက်အိုးအိမ်ကို ဖြိုဖျက် မီး လောင်တိုက်သွင်းသည်က စစ်ကောင်စီ၏ ကမ္ဘာ့အဆိုးရွားဆုံး စစ်ရာဇဝတ်မှုဖြစ်နေသည်။

ဤသည်မှာ စစ်ကောင်စီ၏ ဂုဏ်သိက္ခာမဲ့ အာဏာရှင်ဆန်သည့်လုပ်ရပ်များသာဖြစ်သည်။

လူဟူ၍ဖြစ်တည်လာသည့် ဘဝတခုချင်းစီတိုင်းက တန်ဖိုးရှိသည်။တန်ဖိုးကြီးမြတ်သည်။ဆုံးရှုံးပြီးသော ဘဝပေါင်းများစွာနှင့် ပေးဆပ်လိုက်ရသည့် အသက်အိုးအိမ် စည်းစိမ်များမှာ ဒုက္ခကိုရင်းနှီး၍ ရလာသည့်အရာများဖြစ် သည်။အခက်ခဲများကြား တဘဝလုံးရုန်းကုန်ကြိုးစားထားသမျှ သဲထဲရေ သွန်ဖြစ်ရသည့်ပြည်သူများအဖို့ နာကျည်းစရာများအဖြစ် ကျန်ရှိနေကြရသည်။

ထို့ကြောင့် ပြည်သူများမျှော်လင့်နေကြသည့် စစ်ကောင်စီ၏ ဂုဏ်သိက္ခာမဲ့ အာဏာရှင်ဆန်သည့်လုပ်ရပ်များ ရပ်တန့်ဖို့လိုသည်။

စစ်ရာဇဝတ်မှုများအဆုံးသတ်ပေးဖို့နှင့် စစ်ပွဲအမြန်ဆုံးပြီးမြောက်ဖို့ လိုသည်။စစ်‌ကောင်စီ၏ ပြည်သူအပေါ်ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို ကမ္ဘ့ာကုလသမဂ္ဂနှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရများ အနေဖြင့် ပြင်းပြင်းထန် ထန် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပေသည်။

PrevPrevious​ဘီးလင်းကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီး
Previous Post

​ဘီးလင်းကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - KNU

​ဘီးလင်းကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီး

April 5, 2026

​အီရန်စစ်ပွဲကြောင့် အမေရိကန်မှာအဆင့်မြင့် ကိုယ်ပျောက်ဒုံးကျည်တွေပြတ်လပ်လုနီးပါးဖြစ်နေ

April 5, 2026

​အီရတ်မှာလူသောင်းချီ အမေရိကန်နဲ့အစ္စရေးရဲ့ အီရန်တိုက်ခိုက်မှုကိုဆန့်ကျင်

April 5, 2026

​ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုမှာ အီရတ်ကိုအီရန်ကကင်းလွတ်ခွင့်ပြု

April 5, 2026

​ဘီးလင်းကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီး

​အီရန်စစ်ပွဲကြောင့် အမေရိကန်မှာအဆင့်မြင့် ကိုယ်ပျောက်ဒုံးကျည်တွေပြတ်လပ်လုနီးပါးဖြစ်နေ

​အီရတ်မှာလူသောင်းချီ အမေရိကန်နဲ့အစ္စရေးရဲ့ အီရန်တိုက်ခိုက်မှုကိုဆန့်ကျင်

​ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုမှာ အီရတ်ကိုအီရန်ကကင်းလွတ်ခွင့်ပြု

အမ်းမြို့နယ်ဝေးလံခေါင်ဖျားရွာတွေဆီ အာရက္ခအစိုးရဌာနတွေအသိပညာပေး

ထိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ဆက်နွှယ်တဲ့ စိတ်ကြွဆေး ၄ သန်းကျော် အဖမ်းခံရ

Releated Post

ဓာတ်ပုံ - KNU

​ဘီးလင်းကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေပျက်စီး

April 5, 2026

​အီရန်စစ်ပွဲကြောင့် အမေရိကန်မှာအဆင့်မြင့် ကိုယ်ပျောက်ဒုံးကျည်တွေပြတ်လပ်လုနီးပါးဖြစ်နေ

April 5, 2026

​အီရတ်မှာလူသောင်းချီ အမေရိကန်နဲ့အစ္စရေးရဲ့ အီရန်တိုက်ခိုက်မှုကိုဆန့်ကျင်

April 5, 2026

​ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုမှာ အီရတ်ကိုအီရန်ကကင်းလွတ်ခွင့်ပြု

April 5, 2026
Photo-GEM

အမ်းမြို့နယ်ဝေးလံခေါင်ဖျားရွာတွေဆီ အာရက္ခအစိုးရဌာနတွေအသိပညာပေး

April 5, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ဆက်နွှယ်တဲ့ စိတ်ကြွဆေး ၄ သန်းကျော် အဖမ်းခံရ

April 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page