Border News Agency
ဘီးလင်း၊ ဧပြီ ၁၅။
မွန်ပြည်၊ဘီးလင်းမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ အရေးပါတဲ့လေးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ၁၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
အဲဒီစခန်းဟာမင်းအောင်လှိုင် တပ်ရင်းမှူးဘဝက ဦးဆောင်အခြေစိုက်ခဲ့တဲ့ စခန်းဖြစ်ပြီး ၁၉၇၉ ခုနှစ်ကတည်းက စစ်ကော်မရှင်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။
KNLA ၊ KNDO နဲ့ ပူးပေါင်းတပ်တွေဟာ ဧပြီလ ၇ ရက်နေ့ကတည်းက ပြောက်ကျားစနစ်နဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲကာ ဧပြီလ ၁၂ ရက် မနက်ပိုင်းမှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ဒုတပ်ရင်းမှူးတဦးအပါအဝင် ၂ ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီစခန်းကျဆုံးချိန်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လေးကေရွာနဲ့အနီးနားက ကျေးရွာတွေမှာ အရပ်သားနေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ အများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။










