Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး

သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ – ၂

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
သီဟိုဠ်၊ ဧပြီ ၁၇။

၂၀၂၂ ခုနှစ်၊ သီဟိုဠ်စီးပွားရေးပြိုလဲကာ ဒေဝါလီခံရမှုမှာ ငွေကြေးဖောင်းပွမှု(Inflation)မှလာသော ရိုက်ခတ်မှုကြောင့်ဖြစ်သည်။

ထိုငွေကြေးဖောင်းပွမှု ဘာကြောင့်ဖြစ် လာရသနည်းဆိုသော် ထိုအချိန်က လုပ်ပိုင်ခွင့်နှင့်အာဏာကိုယူထားသော ရာဂျာပတ်ဆာ(Rajapaksa)မိသားစု၏ ဆွေမျိုးကောင်းစားရေးအယူအဆ(Nepotism)ကြောင့်ဖြစ်သည်။

သီဟိုဠ်အား ဒေဝါလီခံရအောင်လုပ်ခဲ့သော ရာဂျာပတ်ဆာမိသားစုဟူသည် မည်သူများဖြစ်ကြသနည်း။

ရာဂျာပတ်ဆာမိသားစုဟူသည် သီဟိုဠ်နိုင်ငံရေးလောက၌ ခေသူများမဟုတ်ပေ။ သီဟိုဠ်နိုင်ငံရေးလောကတွင် ဆယ်စုနှစ်တခုကျော်ထိ ရွှေထီးဆောင်းခဲ့သူ များဖြစ်သည်။

ရာဂျာပတ်ဆာမိသားစုအကြောင်းပြောရမည်ဆိုပါက တမီးလ်ကျားသူပုန်(LT TE)အကြောင်းကို မပြာ၍မရပေ။

ရာဂျာပတ်ဆာမိသားစုသီဟိုဠ်နိုင်ငံရေးထဲ ရွှေရောင်လွှမ်းမှုက ၂၀၀၅ ခုနှစ်တွင် စတင်လာသည်။

ထိုအချိန်က မဟင်ဒါရာဂျာပတ်ဆာ (Mahinda Rajapaksa)သမ္မတဖြစ်လာသည်။မဟင်ဒါသည် ၂၀၁၅ခု နှစ်ထိ သမ္မတလုပ်ခဲ့သည်။မဟင်ဒါသမ္မတဖြ စ်နေချိန် သီဟိုဠ်ကို ဒေဝါလီခံရအောင် လက်စွမ်းပြခဲ့သူဂိုတာဘာယရာဂျာပ တ်ဆာ(Gatabaya Rajapaksa)မှာ ကာ ကွယ်ရေးဝန်ကြီးနေရာကိုယူထားသည် ။

စစ်ပွဲသူရဲကောင်းပုံရိပ် (The War Hero Image)

၂၀၀၉ ခုနှစ်တွင် သီရိလင်္ကာအစိုးရက ၂၅နှစ်ကျော်ကြာသက်တမ်းရှိနေသော
တမီးလ်ကျားသူပုန်များကို အပြတ်အ သတ်နှိမ်နင်းနိုင်ခဲ့သည်။

ထိုအချိန်က ကာကွယ်ရေးဝန်ကြီး ဂိုတာဘာယအပေါ် သီဟိုဠ်လူများစုဆင်ဟာလာဗုဒ္ဓဘာသာဝင်များက နိုင်ငံ အ ပေါ် ကယ်တင်ခဲ့သော”သံမဏိလူသား” ၊”သူရဲကောင်း” အဖြစ် သတ်မှတ်ကာ အ ရမ်းအားကိုးခဲ့ကြသည်။

အမှန်တကယ် ဂိုတာဘာယအတွက် နိုင် ငံရေးစန်းပွင့်သွားချိန်က ၂၀၁၉ ဧပြီလ တွင်ဖြစ်သည်။

သီဟိုဠ်တွင် လူပေါင်း ၂၅၀ ကျော် သေ ဆုံးခဲ့သောအီစတာတနင်္ဂနွေဗုံးခွဲ(Eas ter Sunday Bombings)က သီဟိုဠ်အ တွက် အကြမ်းဖက်သမားများကို ပြင်းပြင်းထန်ထန်ကိုင်တွယ်မည့်ခေါင်းဆော င်တယောက်လိုအပ်လာသည်။

ထိုအခါ ဂိုတာဘာယမှလွှဲ၍ အခြားသူမှာ ထိုနေရာနှင့်ထိုက်တန်မည်ဟု မမြင်သောအခါ သီဟိုဠ်လူထုကသူအား သမ္မ တနေရာပို့လိုက်ကြတော့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ၅၂ ရာခိုင်နှုန်းကျော်ဖြင့် ဂိုတာဘာယအနိုင်ရခဲ့သည်။

အရည်အချင်းရှိသော ဆွေမျိုးများကိုအားပေးဝါဒ(Meritocratic Nepotism)

နိုင်ငံရေးတွင် အရေးပါသောနေရာကို တာဝန်ယူလာရသော ဘယ်သူမဆို သူယုံကြည်စိတ်ချသူများဖြင့် ရှေ့ဆက်ခ ရီးနှင်ချင်သောစိတ်ဆန္ဒက လူသားပီပီ ရှိကြသည်။

သို့သော် ပေါ်ပြူလစ်ဇင်(Populism) လူကြိုက်များဝါဒနောက် ဘာမှန်းမသိ ညာမှန်းမသိ လိုက်သွားတတ်သော လူ့ ဘောင်(Bandwagoned Society)၏နိုင် ငံရေးတွင် တာဝန်ယူလာရသောအခါ လုပ်ပိုင်ခွင့်ရှိသူမှာ သူယုံကြည်စိတ်ချရမည့်သူကို ရှာဖွေရမှုများတွင် အရည်အ ချင်းပိုင်းအတူတူဆိုပါက မိမိ၏ဆွေ မျိုးများ၊နီးစပ်သူများကိုသာ ဟင်းဖတ်ပါတတ်ကြသည်မှာလည်း အထူးအဆန်းမဟုတ်ပေ။

လွတ်လပ်ပွင့်လင်းသောလူ့ဘောင်(Open Society)တွင် အရည်အချင်းရှိသောဆွေမျိုးအားပေးဝါဒ(Meritocratic Nepotism)မှာ ပွင့်လင်းမြင်သာခြင်း၊တိုက်ရိုက်ဝေဖန်ထောက်ပြခြင်း၊အတို က်အခံယဉ်ကျေးမှုအားကောင်းခြင်းကြောင့် ရုပ်ထွက်သိပ်မပျက်ပေ။

သို့သော် လူကြိုက်များဝါဒနောက် ဘာမှန်းမသိညာမှန်းမသိလိုက်သွားတတ်သောလူ့ဘောင်(Bandwagoned Society)တွင် အရည်အချင်းရှိသောဆွေမျိုးအားပေးဝါဒ(Meritocratic Nepotism)သည်လည်း ဖောက်ပြန် လာဘ်စားအခွင့်အရေးယူရန် အခွင့်သာတတ်သည်ပင်။

ဤသည်က သီဟိုဠ်၏အာဏာမောင်းနှင်မှု(Steering)သရုပ်သကန်ဖြစ်သည်။

ထိုသရုပ်သကန်အောက်တွင် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံ့မှုများဝင်လာသော အ ခါ အိပ်ကပ်လည်းဖောင်းဖောင်း၊ပါးလ ည်းဖောင်းဖောင်းဖြင့် စားကောင်းသော က်ကောင်းအခြေအနေကို ရောက်သွားသည်ကလည်း သိပ်မထူးဆန်းပေ။

“ချေးငွေဟူသည်လည်း ငွေထုတ်ဖြစ်သည်”

အခြားသူတဦးမှ မိမိအား ငွေချေးလိုက်သောအခါ ပစ္စုပ္ပန်အခြေအနေတွင် မ ည်သို့ပင်ဆိုဆို မိမိလက်ထဲငွေသား ရောက်လာသည်က အမှန်တရားတခုဖြစ်သည်။

ဂိုတာဘာယသမ္မတဖြစ်လာချိန် အမေရိကန်နှင့်တရုတ်ကြားပြိုင်ဆိုင်မှုလည်း မြင့်နေချိန်ဖြစ်သည်။

သီဟိုဠ်သည် အိန္ဒိယသမုဒ္ဒရာ၏နိုင်ငံ တကာရေကြောင်းလမ်းပေါ်တွင်တည် ရှိသည်။

ထိုပထဝီဝင်ဗျူဟာက တရုတ်၊ အိန္ဒိယ၊ အမေရိကန်၏အားပြိုင်မှုများကို လက် ယပ်ခေါ်နေသည်။

တရုတ်၊အိန္ဒိယ၊အမေရိကန်၏ရင်းနှီမြု ပ်နှံမှုများနှင့်ရာဂျာပတ်ဆာအစိုးရ၏ လာဘ်ပေးလာဘ်ယူမှုကိုချိန်ထိုးခြင်း

သီဟိုဠ်တွင် အိန္ဒိယနှင့်အမေရိကန်ရင်း နှီးမြုပ်နှံသည် အစိုးရချင်းဆက်ဆံမှုပုံ စံမျိုးမဟုတ်ဘဲ ပုဂ္ဂလိကဂဏ္ဍကိုအ လေးထားခဲ့သည်။

သီဟိုဠ်လူထု၏လက်သို့ အိန္ဒိယနှင့်အမေရိကန်က သီဟိုဠ်အစိုးရကို ကြားခံမထားဘဲ တိုက်ရိုက်ပေးသည့်သဘောဖြ စ်သည်။

တရုတ်ရင်းနှီးမြုပ်နှံမှုက အခြေခံအဆောက်အအုံပိုင်းကို ပစ်မှတ်ထားပြီး အစိုးရချင်းဆက်ဆံမှုဘက်ကိုပိုရောက်သည်။နှစ်ခုစလုံးတွင် ကောင်းခြင်း၊ဆိုးခြင်းဒွန်တွဲနေသည်။

အိန္ဒိယနှင့်အမေရိကန်၏ရင်းနှီးမြုပ်နှံမှုများကို လူထုအပေါ် တိုက်ရိုက်ပေးခြင်းနှင့်ပုဂ္ဂလိကဂဏ္ဍတွင်ရင်းနှီးမြုပ်နှံမှုများက သီဟိုဠ်အတွက် ရေရှည်တွင် လူ လတ်တန်းစားများကို ပေါ်ထွက်လာစေပြီးလူမှုတည်ငြိမ်ရေးကိုရှေ့ရှူစေသည်။

လူထုလက်ထဲ တိုက်ရိုက်ပေးမှုက သီဟို ဠ်အာဏာပိုင်များ၏လက်တွင်မထားသဖြင့် လာဘ်ပေးလာဘ်ယူအဂတိမှုများမဖြစ်လာတော့ပေ။ဆိုးကျိုးက လူထု ၏ပကတိအနေအထားနှင့်ဒေသန္တရလို အပ်ချက်အား နိုင်ငံခြားအစိုးရများက ပြည်တွင်းစီမံခန့်ခွဲသူများလောက်မသိနိုင်သဖြင့် အကူအညီမှာ ခုတ်ရာတခြား ရှရာတခြားဖြစ်တတ်သည်။

တရုတ်၏ဗျူဟာက အစိုးရချင်ချိတ် ဆက်မှုပုံစံဖြစ်၍ သီဟိုဠ်အာဏာပိုင်လက်တွင်းသို့ ငွေကိုထည့်ပေးလိုက်ရသည့်သဘောဖြစ်သည်။

ထိုအခါ သီဟိုဠ်အာဏာပိုင်များအတွက် လာဘ်ပေးလာဘ်ယူအဂတိမှုများလုပ်ရန်အခွင့်အလမ်းဖြစ်လာသည်။

တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ကော င်းကျိုးမှာသီဟိုဠ်အခြေခံအဆောက်အ အုံများကိုတိုးတက်စေခဲ့သည်။ဆိုးကျိုးမှာအဂတိတရားများနှင့်”အကြွေးထော င်ချောက်(Debt Trap)”ဖြစ်စေကာ သီ ဟိုဠ်ပြိုလဲခဲ့ရသည်။

ဤသို့ဆိုပါလျှင် သီဟိုဠ်၏ဒေဝါလီခံရမှုမှာ တရုတ်ရင်းနှီးမြုပ်နှံ့မှုများ၏အ ကျိုးဆက်ဖြစ်သည်ဟု ပြောဆိုနေကြမှုကို အနည်းငယ်သဘောပေါက်လာနိုင်မည်ဖြစ်သည်။

သီဟိုဠ်၏ရာဂျာပတ်ဆာအာဏာရအုပ် စုတွင်တရုတ်ရင်းနှီးမြုပ်နှံမှုများ၊Band wagonedပတ်ဝန်းကျင်နှင့်ဆွေမျိုးကောင်းစားရေး(Nepotism)ဆုံသွားသောအခါ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်မှုခေါင်းထောင်လာတော့သည်။

ရာဂျာပတ်တာအုပ်စုတွင် မည်သို့မည်ပုံ အဂတိနှင့်ကိုယ်ကျိုးရှာမှုဖြစ်ထွန်းကားလာသနည်း။

အဓိကအချက်မှာ အာဏာရှိသူရာဂျာပတ်ဆာအုပ်စု၏အတ္တဗဟိုပြုမှုကြောင့်ဖြစ်သည်။အခြေခံအဆောက်အအုံတ ည်ဆောက်ရေးများကို ဆောင်ရွက်လာသောအခါ လူထု၏အကျိုးရလဒ်အ ပေါ် ရှေ့ရှူမှုထက်မိမိတို့အပေါ် နိုင်ငံ ရေးထောက်ခံမှု၊မိမိအကျိုးအမြတ်ရမှုဖြင့်သာ ချဉ်းကပ်လာ၍ ဖြစ်သည်။

ဥပမာ – ကျေးရွာလမ်းခင်းပေးရမည်။ တံတားထိုးပေးရမည်ဆိုလျှင် လူဦးရေများသောကျေးရွာဒေသများကို ဦးစားမပေး။လူဦးရေနည်းချင်သလောက်နေ ပါစေ မိမိကိုထောက်ခံသော၊မိမိ ဆွေ မျိုးများကြီးစိုးသော၊ မိမိအတွက် နိုင်ငံရေးအကျိုးဖြစ်မည့်နေရာတွင်သာ တ ည်ဆောက်တော့သည်။တည်ဆောက်သည့်အခါတွင်လည်း ကန်ထရိုက်တင် ဒါလုပ်ပိုင်ခွင့်များအား မိမိတို့အုပ်စုကိုသာချပေးသည်။

အဓိကထင်သာမြင်သာအဖြစ်ဆုံးကိစ္စမှာ မာတာလာရာဂျာပတ်ဆာအပြည်ပြည်ဆိုင်ရာလေဆိပ်(Mattala Rajapaksa International Airport)ဖြစ် သည်။

မိမိတို့ဆွေမျိုးများရှိသော ကျေးရွာအ နီးတွင် ထိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆောက်သည်။

ကိုယ့်ကို ထောက်ခံသည်ဖြစ်စေ၊မထော က်ခံသည်ဖြစ်စေ အချက်အခြာကျသော၊ပိုသင့်လျှော်သောနေရာမျိုးတွင် ဆောက်မည်ကို မစဉ်းစား။

ထိုသို့ဖြင့် လူသွားလူလာမရှိသော”ကမ္ဘာ့အခြောက်သွေ့ဆုံးလေဆိပ်”ဟု အ ခေါ်ခံရတော့သည်။

ဤသို့ဖြင့် အဟောသုကံ ဖြစ်အောင်လုပ်သွားခဲ့ပြီးမိမိအိပ်ကပ်ထဲထည့်သွားခဲ့သောစီမံကိန်းများစွာရှိလာသည်။

ရိုက်ခတ်မှုများ

အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများသည် တရုတ်ချေးငွေများဖြစ်သည်။

“ချေးငွေဟူသည်လည်း ငွေထုတ်ဖြစ် သည်။သို့သော် အချိန်ကျလာလျှင် အ တိုးပါပြန်ပေးရမည့်အရာလည်းဖြစ် သ ည်”။

အခြေခံအဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများတွင် ထိုအခြေခံအ ဆောက်အအုံမှပြန်လည်ငွေရှာရသောစီ မံကိန်းများရှိသည်။ပြန်လည်ငွေရှာ၍မရဘဲ ငွေကုန်ပေးရမည့် စီမံကိန်းများလည်းရှိသည်။ဥပမာ လျှပ်စစ် သွယ်တ န်းခြင်းသည် ဓာတ်အားသုံးစွဲမှုအတွက် လူထုထံမှမီတာခကောက်ကာ ငွေပြန်ရှာ၍ ရသော စီမံကိန်းဖြစ်သည်။

စာသင်ကျောင်းတည်ဆောက်ရေးသည် ငွေပြန်ရှာ၍မရ။ ကျောင်းတက်သူများထံမှကျောင်းတက်ခတောင်း၍မရ။ ထိုကဲ့သို့သဘောဖြစ်သည်။

သီဟိုဠ်၏ပြဿနာမှာ အခြေခံအဆောက်အအုံတည်ဆောက်ရေးများအား”အ ဖြူရောင်ဆင်ဖြူတော်”စီမံကိန်းများ (White Elephant Projects)အဖြစ် လု ပ်ပစ်လိုက်ခြင်းဖြစ်သည်။

ဆင်ဖြူတော်ဟူသည် ဘာမှအသုံးချ ခိုင်းစား၍မရ။ အလှကြည့်ရုံ လူအထင်ကြီးယုံကလွှဲ၍ ကိုယ်ကသာထိန်းသိမ်းစောင့်ရှောက်ခ အစာဖိုးကုန်နေရသေးသည်။

အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင် ယေဘူယျအားဖြင့် အကျိုးသ က်ရောက်မှုနှစ်ခုပေါ်လွင်ရသည်။

ထိုနှစ်ခုမှာ ထိုအခြေခံအဆောက်အအုံကပေးသောဝန်ဆောင်မှုကို ခံစားခွင့်ရှိခြင်းနှင့်ထိုအခြေခံအဆောက်အအုံတ ည်ဆောက်ရေးမှကုန်ကျရင်းနှီးလိုက်သောငွေသားများ လူထုထံသို့စီးဆင်းသွားခြင်းဆိုသည့် ရလာဒ်နှစ်ခုဖြစ်သ ည်။

ချေးငွေဟူသည်ပြန်ဆပ်ရမည့်အရာဖြ စ်သည်။ချေးငွေဖြင့် အရင်းအနှီးပြုလျှ င် ထိုအရင်းအနှီးပြုထားသောလုပ်ငန်းကငွေပြန်ဝင်ဖို့လိုသည်။

သီဟိုဠ်၏ရာဂျာပတ်ဆာအုပ်စုက ထို သို့မဟုတ် ချေးငွေကို အလွှဲသုံးစားလုပ်သည်။

သူတို့အတွက် လူထုထောက်ခံနေလျှင် ရပြီ။အကြွေးတင်ချင်သလောက်တင်၊ ထိုအကြွေးမှာ သူတို့တင်သောအကြွေးမဟုတ်။လူထုပေးရမည့်အကြွေးဖြစ်သ ည်။သူတို့မိသားစုအား လူထုထောက်ခံနေဖို့သာလိုသည်။

သို့ဖြစ်၍ ၂၀၁၉ ခုနှစ်တွင် လူကြိုက်များရန် အခွန်နှုန်းထားများကိုအကြီး အကျယ်လျှော့ချကာ အခွန်လျော့ပေါ့ပေးမှု(Tax Cuts)ကို မှားယွင်းစွာကျင့်သုံးတော့သည်။

လူထုအတွက် ခက်သည်က အခြေခံအ ဆောက်အအုံများက ရှိလာသည်။လိုအ ပ်သောနေရာတွင်ရှိနေခြင်းမဟုတ်၍ အ သုံးက မဝင်ပေ။အသုံးမဝင်သောအ ဆောက်အအုံများအတွက် ငွေချေးထားသည်။ ချေးထားသော ငွေက ရာဂျာပတ်ဆာအုပ်စုအိပ်ကပ်ထဲ ရောက်ကုန်သ ည်။

လူထုထံသို့မစီးဆင်း၊မရောက်။ ဘာမှ လည်ပတ်မှုမရှိ။ရာဂျာပတ်ဆာအုပ်စု ၂၀၁၉ ခုနှစ်တွင်လုပ်လိုက်သော အခွန်လျော့ပေါ့ပေးမှု(Tax Cuts)က လူထု၏ စီးပွားရေးကို ပိုမိုလည်ပတ်ကာ ကုန်ထု တ်လုပ်မှုကို တိုးတက်သွားစေသလားဆိုပါက ထိုသို့မဟုတ်သည့်အပြင် အဆ က်ပါပြတ်ကာ ပြိုလဲသည့်ထိ သက်ရော က်လာတော့သည်။

အခွန်လျော့လိုက်သဖြင့် အစိုးရတွင် ငွေပြတ်သွားသည်။နိုင်ငံအနေဖြင့်သာ ပြတ်ခြင်းဖြစ်ပြီး ရာဂျာပတ်ဆာအုပ်စုအိပ်ကပ်ထဲတွင် နိုင်ငံခြားငွေများရှိနေသည်။ မိမိအိပ်ကပ်ထဲက ငွေများကို မထုတ်။ရာဂျာပတ်ဆာအုပ်စုလုပ်ပုံက ငွေကို ရိုက်ထုတ်တော့သည်။

ငွေကိုရိုက်ထုတ်သော်လည်း သီဟိုဠ်လူ့ အဖွဲ့အစည်း၌ ကုန်ထုတ်လုပ်မှုက တိုးမလာ။ကုန်ပစ္စည်း ထုတ်လုပ်မှုက နဂိုအ နေအထားသာဖြစ်နေသည်။

ဤသို့ဖြင့်ကုန်ပစ္စည်းနည်း၍ငွေသားများလာသောအခါဘောဂဗေဒသဘော အရ ကုန်စျေးနှုန်းတက်၍ငွေကြေး ဖောင်းပွမှုဖြစ်လာတော့သည်။

ကုန်စျေးနှုန်းတက်၍ငွေကြေးဖောင်းပွ မှုက ငွေတန်ဖိုးကျဆင်းမှုလက္ခဏာဖြစ် သည်။

သီဟိုဠ်မှာ ဆေးဝါး၊ လောင်စာဆီနှင့်ချ က်ပြုတ်ဂတ်စ်များကို နိုင်ငံခြားမှတင်သွင်းရသည်။

ငွေတန်ဖိုးကျဆင်းသွားသောအခါ ဒေါ်လာစျေးကို လိုက်မမှီတော့ချေ။

ထိုအခါဒေါ်လာနှင့်ဝယ်ရသော ဆေးဝါး ၊လောင်စာဆီနှင့်ချက်ပြုတ်ဂတ်စ်များ ပြတ်တောက်ကုန်တော့သည်။

ဤသို့ဖြင့် လူထုအတွက် စားဝတ်နေရေးကြပ်တည်းလာတော့သည်။

ငွေကြေးဖောင်းပွမှု၊ငွေတန်ဖိုးကျဆင်းမှုတို့က ဒေါ်လာစျေးကိုထိုးတက်လာစေတော့သည်။ပြည်တွင်းဒေါ်လာပြတ်တောက်မှုကိုကာကွယ်ရန် နိုင်ငံခြားမှ ဝယ်နေရသော ကုန်ပစ္စည်းများအချို့ကို မတင်သွင်းဘဲထားလိုက်တော့သည်။

ထိုအခါမှ ပြည်တွင်းစျေးကွက်တွင် ကုန်ပစ္စည်းပြတ်ကာ ပို၍ပြဿနာကြီးလာတော့သည်။

ထိုသို့ ကုန်စည်ပြတ်မှုကြောင့်အထိနာဆုံးက နိုင်ငံ၏အခြေခံစိုက်ပျိုးရေးလုပ်ငန်းကို သွားထိခိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် ရာဂျာပတ်ဆာ အုပ်စုက ဓာတ်မြေဩဇာကို ဒေါ်လာဖြင့်ပေးဝယ်နေရသည်။ နိုင်ငံခြားငွေ သုံး စွဲမှုကိုလျှော့ရန် ဓာတ်မြေဩဇာကို မဝယ်ဘဲ ထားလိုက်မည်။ ဓာတ်မြေဩဇာနေရာတွင် ရိုးရာလက်လုပ်မြေဩဇာ ကိုသုံးမည်ဆိုသော(Organic Farming Policy)မူဝါဒကို ဆောင်ရွက်တော့သည်။

ပြဿနာက စိုက်ပျိုးမြေအားလုံးတွင် ပြည့်မှီသောအော်ဂင်နစ် မြေဩဇာက မထွက်လာ။ရာဂျာပတ်ဆာ အုပ်စုကလ ည်းထုတ်လုပ်ပေးသည်မဟုတ်ပေ။

၎င်းတို့လုပ်ပုံက စိုက်ပျိုးရေးလုပ်သူ များ ကိုယ့်ဟာကိုယ် အော်ဂင်နစ်မြေ ဩဇာလုပ်ပြီးသုံးကြ။ဒေါ်လာကို ခြွေတာရမည်ဟုသောအပြောသာရှိသည်။

မြေဩဇာမလောက်ငှတော့စိုက်ပျိုး ရေးထုတ်ကုန်များလျော့နည်းသွားသောရလဒ်က ရိုးရှင်းစွာထွက်လာသည် ။စိုက်ပျိုးရေးထုတ်ကုန်များလျော့နည်းမှုက အစားအသောက် ကုန်စျေးနှုန်းကို တက်စေသည်။စျေးကွက်တွင် အစား အစာပြတ်တောက်ကုန်သည်။

ထိုအခါရာဂျာပတ်ဆာအုပ်စုက ဓာတ် မြေဩဇာကိုပြန်လည်တင်သွင်းလာပြန် သည်။တင်သွင်းပုံက မိမိမိသားစုများကို မြေဩဇာနှင့်ကုန်ပစ္စည်းဝယ်ယူခွင့်ကိုပေးကာ လက်ဝါးကြီးအုပ်လျှက်အဂ တိလိုက်စားကာတင်သွင်းခြင်းဖြစ်သ ည်။

ထိုသို့ အဂတိလိုက်မှုများကို ရာဂျာပတ်ဆာအုပ်စုက အကြောင်းပြပုံမှာ ကုန်စ ည်လည်ပတ်စေနိုင်ရန်အတွက် ကုန်သ ည်များကို ကျားကန်ပေးထားယုံသာ ဖြ စ်ကြောင်းမျက်နှာလိုက်ခြင်းမရှိကြော င်းဖြေရှင်းပြန်၏။

၎င်းတို့ကျားကန်ပုံကလည်း၎င်းတို့ဆွေ မျိုး၊နီးစပ်သူစီပွားရေးသမားကြီးများကိုသာ ငွေလဲလှယ်ခွင့်၊ကုန်စည်တင်သွ င်းခွင့်ပေးသည်။အခြားသူ ဝင်တိုးလို့မရ။ ရာဂျာပတ်ဆာအုပ်စုပြောသည်က မှန်ပါ၏။

၎င်းတို့နှင့်နီးကပ်သူဆွေမျိုးကုန်သည် စီးပွားရေးသမားကြီးများကို မျက်နှာ လိုက်ခြင်းမရှိ။အထူးအခွင့်အရေးနှင့် အခွင့်ထူးခံအနေအထားသာ ပေးထားခြင်းသာဖြစ်လေပြီတကား။

ရာဂျာပတ်ဆာအုပ်စု၏အဂတိလိုက် စားမှုက တိုက်ရိုက်လာဘ်စားမှုမျိုးတင် မဟုတ်ဘဲ “မိသားစုအကျိုးစီးပွားအတွ က် နိုင်ငံရေးအရဆုံးဖြတ်ချက်အမှားများချမှတ်ခြင်း”ပုံစံဖြင့် အင်စတီကျူးရှင်ဆန်ဆန် လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ် သည်။

လူထုကကျပ်တည်းသထက်ကြပ်တ ည်းလာကာ သည်းမခံနိုင်တော့ပြီ။ ၂၀ ၂၂ ခုနှစ်၊ဆန္ဒပြပွဲများတွင်ပြည်သူများ ဟစ်ကြွေးခဲ့သော အဓိကဆောင်ပုဒ်မှာ “ခိုးယူထားသောငွေတွေပြန်ပေးကြ”ဆိုသည့်အချက်ဖြစ်သည်။

ဤတွင် ရာဂျာပတ်ဆာအုပ်စု၏မာနကိုထိခိုက်တော့သည်။ ငါတို့ကား တမီလ်ကျားသူပုန်များလက်ထဲက နိုင်ငံကိုက ယ်တင်ထားသူများဖြစ်ရာ ဤသို့စော် ကားမှုကို လက်မခံဟုဆိုကာ အကြမ်းနည်းကို သုံးတော့သည်။ခက်သည်က အောက်ခြေလုံခြုံရေး၊ကာကွယ်ရေးတ ပ်သားများလည်းကြပ်တည်းနေကြပြီ။ ရာဂျာပတ်ဆာအုပ်စုပြောသည်ကို နား
မထောင်လိုကြတော့ပေ။

၂၀၂၂ခုနှစ်၊မေလ ၉ ရက်နေ့တွင်အ ကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ယခ င်သမ္မတဟောင်းဝန်ကြီးချုပ်မဟင်ဒါ ရာဂျာပက်ဆာ(Mahinda Rajapaksa) ရာထူးက နုတ်ထွက်ခရတော့သည်။

၂၀၂၂ခုနှစ်၊ဇူလိုင်လ ၉ ရက်နေ့တွင် ဆန္ဒပြသူထောင်ပေါင်းများစွာက သမ္မ တအိမ်တော်ထဲကို စီးနင်းဝင်ရောက်ကြတော့သည်။

၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တွင် သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာ နိုင်ငံကငွေထုတ်ပိုက်ကာ ထွက်ပြေးသွားပြီးသူရာထူးမှနုတ်ထွက်ကြောင်းအီးမေးလ်ပို့လိုက်သည်ဟုဆို၏။

ဤသို့ဖြင့်ရာဂျာပတ်ဆာအုပ်စု သီဟိုဠ်နိုင်ငံရေးတွင် လောလောဆယ်ဇာတ်သိ မ်းခန်းရောက်သွားသည်။

ရာဂျာပတ်ဆာအုပ်စုကား သီဟိုဠ်၏ ”သူရဲကောင်း” အဖြစ် တက်လာခဲ့သည်။

ဆွေမျိုးကောင်းစားရေးနှင့်မူဝါဒအမှားများကြောင့်နိုင်ငံ့စီးပွားရေးပျက်စီးသွားခဲ့ရသည်။

ပြည်သူလူထုဒေါသတားမရဖြစ်လာသောအခါစစ်လေယာဉ်ဖြင့်နိုင်ငံပြင်ပကို လစ်သွားကာ အီးမေးလ်သာထားခဲ့သည်။

ဤသည်ကားအာဏာအရှိန်အဝါအကြီး ဆုံးခေါင်းဆောင်တဦးအနေဖြင့် ပြည်သူ့အသံကိုနားမထောင်ဘဲ မူဝါဒများမှားယွင်းပြီးပွင့်လင်းမြင်သာမှုကို ဂရုမစို​က်သောအခါ နိဂုံးမည်သို့ချုပ်တတ် သည်ကိုပြသနေသော မဝေးလှသည့်သ မိုင်းဝင်သင်ခန်းစာဖြစ်သည်။

ရာဂျာပတ်ဆာအုပ်စုကတော့ အကျိုးအမြတ်များကို အိပ်ထဲကောက်ထည့်ကာလစ်ထွက်သွားခဲ့သည်။

သီဟိုဠ်၌ကား ရာဂျာပတ်ဆာအုပ်စုပေးခဲ့သောဒဏ်ရာများဖြင့်စုတ်ပြတ်သတ်လျှက်ကျန်ရစ်ခဲ့သည်။

သီဟိုဠ်ကား ယခုအခါ နာလန်ပြန်ထူရန် ခါးသက်လွန်းလှသော ဆေးခါးများကို သောက်နေရသည်။ သီဟိုဠ်သောက်နေရသော ဆေးခါးများကို ထပ်မံဖော်ပြပါမည်။

ဆက်ရန်…

PrevPreviousတလန်ဇာရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ် ၁၀ လုံး ပျက်စီး
Next​ထိုင်းမှာ မြေဆီလွှာကူးစက်ရောဂါကြောင့် လူ ၂၃ ဦး သေဆုံးNext
Previous Post

တလန်ဇာရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ် ၁၀ လုံး ပျက်စီး

Next Post

​ထိုင်းမှာ မြေဆီလွှာကူးစက်ရောဂါကြောင့် လူ ၂၃ ဦး သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ထိုင်းဒုဝန်ကြီးချုပ်ပွဲမှာ သေနတ်နဲ့အတူ မြန်မာအမျိုးသားတဦး ဖမ်းဆီးခံရ

April 20, 2026
ဓာတ်ပုံ - ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း

စစ်အာဏာရှင်ကျရှုံးရေး ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ ဆန္ဒပြ

April 20, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

မလေးရှားမှာ ရေပေါ်ရွာမီးလောင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ပြာကျ

April 20, 2026

​အီရန်ကုန်တင်သင်္ဘောတစီးကို အမေရိကန်ရေတပ်ပစ်ခတ်

April 20, 2026

​ထိုင်းဒုဝန်ကြီးချုပ်ပွဲမှာ သေနတ်နဲ့အတူ မြန်မာအမျိုးသားတဦး ဖမ်းဆီးခံရ

စစ်အာဏာရှင်ကျရှုံးရေး ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ ဆန္ဒပြ

မလေးရှားမှာ ရေပေါ်ရွာမီးလောင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ပြာကျ

​အီရန်ကုန်တင်သင်္ဘောတစီးကို အမေရိကန်ရေတပ်ပစ်ခတ်

အာရက္ခတပ်တော်ထိန်းချုပ်လေးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပကဖရဲ့စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ

Releated Post

​ထိုင်းဒုဝန်ကြီးချုပ်ပွဲမှာ သေနတ်နဲ့အတူ မြန်မာအမျိုးသားတဦး ဖမ်းဆီးခံရ

April 20, 2026
ဓာတ်ပုံ - ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း

စစ်အာဏာရှင်ကျရှုံးရေး ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ ဆန္ဒပြ

April 20, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

မလေးရှားမှာ ရေပေါ်ရွာမီးလောင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ပြာကျ

April 20, 2026

​အီရန်ကုန်တင်သင်္ဘောတစီးကို အမေရိကန်ရေတပ်ပစ်ခတ်

April 20, 2026
ဓာတ်ပုံ - AA

အာရက္ခတပ်တော်ထိန်းချုပ်လေးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

April 20, 2026
Photo - NUG

စစ်ကိုင်းတိုင်း ပကဖရဲ့စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ

April 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page