Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း

သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ – ၃

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
သီဟိုဠ်၊ ဧပြီ ၂၀။

ဆွေမျိုးကောင်းစားရေး + အချောင်ခိုမှုဝါဒ = ပြိုလဲခြင်း

အများယောင်၍နောက်ကလိုက်ယောင်သောလူ့ဘောင်(Bandwagoned Society)တွင် ဆွေမျိုးကောင်းစားရေး (Nepotism)ရှင်သန်တတ်သည်။ အများယောင်၍လိုက်ယောင်သောလူ့ဘောင် တွင် ပွင့်လင်းမြင်သာမှု၊အကျိုးအ ကြောင်းဆက်စပ်ဝေဖန်မှုကို ပိတ်ပင်တတ်သည်။

လူ့ဘောင်တခု၏ပွင့်လင်းမြင်သာမှုနှင့် အကျိုးအကြောင်းဆက်စပ်ဝေဖန်မှုကို အုပ်ချုပ်သူမှပိတ်ပင်လိုက်သည်နှင့် လူထုအားအကြောက်တရားရိုက်သွင်းကာ အာဏာပြဖိနှိပ်အုပ်ချုပ်မှုတဆက်တ ည်းဖြစ်လာတတ်သည်။

တချိန်က “လူထု၏သူရဲကောင်း” များသည် “ကြမ်းကြုတ်သောအုပ်ချုပ်သူ (Tyranny)များ”၊လူထုအားဂုတ်သွေးစုတ်သူများဖြစ်သွားကြသော ရေခံမြေခံမှာ လူထု၏အများယောင်၍လိုက်ယော င်သောအလေ့အထကြောင့်ဖြစ်သည်။

သီဟိုဠ်အားဒေဝါလီခံရအောင်ပြုလုပ်ခဲ့သူရာဂျာပတ်ဆာမိသားစုများသည်တချိန်တုန်းက တမီလ်ကျားသူပုန်များကို တိုက်ခိုက်ခဲ့သောသူရဲကောင်းများဖြစ်သည်။

ရာဂျာပတ်ဆာအုပ်စုများကိုလည်း သီဟိုဠ်ဆင်ဟာလာ ဗုဒ္ဓဘာသာဝင်များက အလွန်မြှောက်စားခဲဲ့ကြသည်။

တချိန်တုန်းက သီဟိုဠ်လူ့ဘောင်တွင် “သင်သည်မည်သည့်နိုင်ငံရေးသဘော တရားကိုမှနားလည်နေစရာမလို။သင့်ပါးစပ်မှရာဂျာပတ်ဆာအုပ်စုကိုသာ ထောက်ခံပြနေလိုက်ပါ။သင်ကားအလို လိုလူရာဝင်သွားမည်။”ဆိုသော (Bandwagoned cultures)ဖြစ်ရပ်အ လွန်အားကောင်းခဲ့ဖူးသည်။

သီဟိုဠ်အပေါ် အိန္ဒိယနှင့်အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုက သီဟိုဠ်ပညာတတ်လူလတ်တန်းကို တိုးတက်လာရန် ဦးတည် ထားသည်။

အမေရိကန်ရင်းနှီးမြုပ်နှံမှုများတွင်မည် မျှပင်လူပါးဝအမြတ်ထုတ်နေပါစေအုံး သူတို့ဝင်လာသောရင်းနှီးမြုပ်နှံ့မှုက လူ သားအရင်းအမြစ်ကိုအကျိုးပြုနေသေးသည်။

အမေရိကန်နှင့်အိန္ဒိယ၏ရင်းနှီးမြုပ်နှံ့မှုအရင်းအနှီးများပေါ်တွင် အုပ်ချုပ်သူရာဂျာပတ်ဆာအုပ်စုအနေဖြင့် အဂတိလုပ်ပိုင်ခွင့်အလွန်နည်းပါးသည်။

တရုတ်ရင်းနှီးမြုပ်နှံမှုက ထိုသို့မဟုတ်ပေ။ အုပ်ချုပ်သူရာဂျာပတ်ဆာတို့အတွ က် ဇီးသီးပန်းမှောက်အဂတိလုပ်ပိုင်ခွင့်ရှိလာသည်။

ရာဂျာပတ်ဆာအုပ်စုက အခွန်များကို ဖြေလျော့ပေးထားလိုက်သော အခါ လူထုက လတ်တလောတွင် မနောခွေ့ကြ ၍ ရာဂျာပတ်ဆာအုပ်စုအတွက် နိုင်ငံရေးလက်ခုတ်သံပိုကျယ်လိုက်တော့သ ည်။

ဤသို့ဖြင့် တရုတ်ချေးငွေဖြင့် တည် ဆောက်လာသောအခြေခံအဆောက် အအုံစီမံကိန်းများအပေါ် ရာဂျာပတ်ဆာအုပ်စု၏လာဘ်ပေးလာဘ်ယူမှု ကြောင့် စီမံကိန်းတန်ဖိုးများမှာ အမှန်တကယ်ကုန်ကျစာရိတ်ထက်ပိုများနေ ကာတန်ဖိုးပိုထွက်နေသည်။

ထိုပိုနေသောကုန်ကျစရိတ်များမှာ ပြည်သူ့ဘဏ္ဍာဖြင့်ပြန်ဆပ်ရသောအခါနိုင်ငံ ၏စီးပွားရေးအခြေခံအဆောက်အအုံ ယိုင်နဲ့လာသည်။

အဂတိလိုက်စားမှုကြောင့် ဈေးကွက်ထဲတွင်လွတ်လပ်စွာယှဉ်ပြိုင်မှုမရှိတော့ပေ။

လူတစုမှကုန်စည်များကို လက်ဝါးကြီး အုပ်ထိန်းချုပ်လိုက်သည်။ထိုသို့လက် ဝါးကြီးအုပ်မှုက ၎င်းတို့စိတ်ကြိုက်ဈေး တင်ရောင်းချမှုများဖြစ်ပေါ်လာပြီး ငွေကြေးဖောင်းပွမှုနှင့်ကုန်စျေးနှုန်းကြီးမြင့်မှုကို ပိုမိုဆိုးရွားစေတော့သည်။

ငွေကြေးဖောင်းပွမှုနှင့်ကုန်စျေးနှုန်းကြီးမြင့်မှုမဖြစ်ခင် ငွေသားပြတ်တော က်မှုအရင်ဖြစ်တတ်သည်။

“အခွန်လျော့ပေါ့ပေးမှု”ကြောင့် အစိုးရဆီဝင်ရမည့်ဘဏ္ဍာငွေများအကြီးအ ကျယ်လျော့နည်းသွားသည်။ လူထုက အခွန်ဆောင်ရမှုနည်းသည်ကိုသာ မြင်နေကြသည်။ အမှန်မှာ တရုတ်ချေးငွေ ဖြင့်လည်ပတ်နေသောဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းများသည်လည်း အခွန်ဆောင်ရမှုနည်းသွားသည်ကိုမမြင်ကြပေ။

ထိုလုပ်ငန်းများ အခွင်ဆောင်ရမှုနည်းလေကန်ထရိုက်လုပ်သူများအတွက်အကျိုးရှိလေပင်။

ရာဂျာပတ်ဆာအုပ်စု၏အခွန်ဖြေလျော့မှုက”လူထုအတွက်ဟူသည် ငါအတွက်” အကွက်သာဖြစ်သည်။

“ဆင်ဖြူတော်စီမံကိန်း” များအတွက် ယူထားသောအကြွေးများကို အတိုးနှင့်ပြန်ဆပ်နေရသည်။

အခွန်ဖြေလျော့မှုကြောင့်အစိုးရတွင် ငွေမရှိတော့ခြင်း(The Revenue Gap) ဖြစ်လာသည်။

အစိုးရဝန်ထမ်းလစာပေးရန်နှင့်အ ကြွေးဆပ်ရန် ငွေမရှိသောအခါ”ငွေစ က္ကူများအမြောက်အမြားရိုက်ထုတ်တော့”သည်။

လူထုအတွက် ကုန်ထုတ်လုပ်မှုတိုးမလာသောအခါ ဈေးကွက်ထဲကုန်ပစ္စည်းကအရေအတွက်မတိုးဘဲ ငွေသားများသာများလာခဲ့သည်။

ဤသို့ဖြင့်ငွေတန်ဖိုးကျဆင်းကာ ကုန်ဈေးနှုန်းတက်လာသော(Inflation)ဖြစ်လာတော့သည်။

အခြေခံအဆောက်အအုံစီမံကိန်းများက ငွေဝင်ရမည်ဖြစ်သည်။(အထူးသဖြင့်ဒေါ်လာဝင်ငွေ)ပြန်ရရမည်ဖြစ်သ ည်။

သို့်သော်”ဆင်ဖြူတော်စီမံကိန်း”ဖြစ်နေ ၍သုံးစွဲမှုကလည်းမရှိ၊ဝင်ငွေလည်းမရပေ။

သို့သော်ထိုစီမံကိန်းများအတွက်အ ကြွေးကပြန်ဆပ်နေရသည်။ အကြွေးပြန်ဆပ်နေရမှုကြောင့် နိုင်ငံခြားအရန်ငွေ ပြတ်တောက်သွားတော့သည်။

“နိုင်ငံခြားငွေလက်ဝါးကြီးအုပ်မှု” ကြောင့်လည်း မှောင်ခိုဈေးကွက်တွင်ဒေါ်လာဈေးအဆမတန်တက်လာသည်။

မည်သူတို့ကဒေါ်လာစျေးကို လက်ဝါးကြီးအုပ်၍ မှောင်ခိုစျေးဖွင့်ကာ အကျိုးအမြတ်ယူ​နေသနည်းဆိုသော လက်ဝါးကြီးအုပ်သူမှာ ရာဂျာပတ်ဆာအသိုင်းအဝိုင်းသာဖြစ်နေသည်။

ဤသို့ဖြင့်နိုင်ငံခြားငွေပြတ်လပ်မှုနှင့် ငွေလဲနှုန်းတဖက်စောင်းနင်းဖြစ်မှုများ (Currency Depreciation)ရှိလာတော့သည်။

ပြဿနာက သီဟိုဠ်လူထုအတွက် မရှိမဖြစ်လိုအပ်သော စားအုန်းဆီ၊ ဂျုံ၊ လောင်စာဆီနှင့် ဆေးဝါးများကို ပြည်ပမှဒေါ် လာနှင့်ဝယ်နေရသည်။

ဒေါ်လာရှားပြီး သီရိလင်္ကာရူပီးငွေတန်ဖိုးထိုးကျသွားသောအခါ သွင်းကုန်ဈေးနှုန်းမှာ အဆမတန်မြင့်တက်သွားတော့သည်။

ဤအချက်ကလည်း ငွေကြေးဖောင်းပွ မှုကို အရှိန်အဟုန်ဖြင့်တွန်းတင်လိုက်သောအချက်များထဲက တချက်ဖြစ်သ ည်။

ထိုအခါဒေါ်လာစျေးကိုထိန်းညှိရန်ပြည်တွင်းကဒေါ်လာများ အပြင်ကိုမထွက်အောင်လုပ်လာတော့သည်။ လုပ်သည့်အခါ စစ်အသုံးစာရိတ်လျော့ချမှု၊ ဘတ်ဂျက်အလေအလွင့်အပေါ် ပြန်စိစစ်မှု စသည့်အချက်များကို မလုပ်ပေ။

ဓာတ်မြေဩဇာမဝယ်ရဟူသာ သာမန်အောက်ခြေလူထုနှင့် သက်ဆိုင်သော နယ်ပါယ်ထဲမှအရာကိုသာလာပိတ်တော့သည်။

ပြည်တွင်းဖြစ်ကိုအားပေးပါဟုသာခပ်တည်တည်ဖြင့်အော်ပြကြသည်။ မြေဩဇာပိတ်ပင်မှု(ဓာတုကင်းလွတ်စိုက်ပျိုးရေးမူဝါအမှား)ကြောင့် ပြည်တွင်း ဆန်နှင့် စားကုန်သီးနှံထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းနီးပါးကျဆင်းသွားတော့သည်။

ဤသို့ဖြင့်ကုန်ထုတ်လုပ်မှုကျဆင်းခြင်း(Supply Shock)ရုတ်တရက်ဖြစ်သွားသည်။ စီးပွားရေးသဘောတရားအရပစ္စည်းရှားပါးပြီး ဝယ်သူများနေလျှင် ဈေးတက်သည်။

ပြည်တွင်းအစားအသောက်ပြတ်လပ်သွားသောအခါ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်သွားပြီး ငွေကြေးဖောင်းပွမှု အဆိုးဆုံးအခြေအနေ(Hyper-inflation)ကို ထပ်မံတွန်းပို့လိုက်ပြန်သည်။

ဤသို့ဖြင့် ရာဂျာပတ်ဆာအုပ်စုလက် ချက်ဖြင့် သီဟိုဠ်တွင်…

  • စီမံကိန်းအမှားကြောင့်အကြွေးတင်ကာဒေါ်လာမရှိဖြစ်လာသည်။
  • အခွန်လျှော့မှုကြောင့် အစိုးရငွေပြတ်ပြီး ငွေစက္ကူဒလဟောရမ်းသန်းရိုက်ထု တ်ကာငွေဖောင်းပွမှုဖြစ်လာသည်။
  • လက်ဝါးကြီးအုပ်မှုကြောင့် ကုန်ဈေးနှုန်းထိန်းမရနိုင်ဘဲ ငွေတန်ဖိုးမရှိဖြစ်သွားသည်။

ဤသို့ဖြင့်သီဟိုဠ်ဒေဝါလီခံလိုက်ရတော့သည်။

ရာဂျာပတ်ဆာအုပ်စုကတော့ သပိတ်လွယ်အိပ်လွယ်ဆူတူဖြိုးဖြိုးဖြင့် လစ်ထွက်သွားသည်။ သီဟိုဠ်ကား စုတ်ပြတ်သတ်ကျန်ခဲ့သည်။

ထိုရောဂါကို မည်သို့ကုမည်နည်း။

ရာဂျာပတ်ဆာအုပ်စု တရုတ်ချေးငွေများဖြင့် ပျော်မဆုံးဖြစ်နေမှုကို အိန္ဒိယနှင့် အမေရိကန်ကြည့်မရပေ။

ရာဂျာပတ်ဆာအုပ်စု တရုတ်နှင့်ပလူးပလဲလိုအပ်သည်ထက် ပိုလုပ်နေသည်ဟု မြင်လာသည်။

ဤအချက်ကြောင့် သီဟိုဠ်အကျပ်အတည်းအောက်ကို ရောက်သောအခါအနောက်အုပ်စု၏အကူအညီကို ချက်ချ င်းမရဖြစ်သွားသည်။

အမေရိကန်နှင့်အနောက်အုပ်စုကလည်း သီဟိုဠ်အား IMFကတဆင့်ကြပ်တော့သည်။

IMF ဆီက ချေးငွေရရန် သီဟိုဠ်သည် နိုင်ငံ၏စီးပွားရေးစနစ်တခုလုံးကို အကြီးအကျယ်ခွဲစိတ်ပြုပြင်ရတော့သည်။

ဆက်လက်တာဝန်ယူရသည့်အစိုးရအတွက်ရော။ ပြည်သူတွေအတွက်ပါ “ခါးသီးသောဆေးတခွက်” ကို ကြိတ်ကာမျိုချရတော့သည်။

IMFက “သီဟိုဠ်အားစီးပွားရေးအကျပ်အတည်းမှရုန်းထွက်ချင်လျှင် အသုံးစာရိတ်လျှော့၊ ဝင်ငွေတိုးအောင်လုပ်” ဆိုသည့် ကတိကဝတ်ကို အရင်ချည် နှောင်တော့သည်။

လူထု၏ကုန်ထုတ်လုပ်မှုကို အားကောင်းစေသောအခွန်ဖြတ်တောက်မှုမဟုတ်ဘဲ နိုင်ငံရေးလူပါးဝသည့်အခွန်ဖြတ်တောက်မှုဖြင့် လက်ခုတ်သံခြူသည့် အချောင်ဝါဒကို IMF ထိုးနှက်တော့သည်။

ဤသို့ဖြင့်လက်ရှိတာဝန်ဆက်ယူရသောသီဟိုဠ်အစိုးရမှာ ပြည်သူ၏အမုန်းကိုလည်စင်းခံကာဆေးခါးကို သောက်ရတော့သည်။

ဆေးခါးကြီးများ

ရာဂျာပတ်ဆာအုပ်စုအစိုးရလက်ထက်က လျှော့ချခဲ့သောအခွန်များကို IMF ကပြန်တိုးခိုင်းခဲ့သည်။

အခွန်စနစ်ကိုအတင်းအကျပ်တိုးမြှင့်ခြင်း(Tax Hikes)အတွက် IMFက လူထုရေရှည်ခံနိုင်ရည်ရှိရန် အသေးစိတ်လမ်းညွှန်ချက်များပေးခဲ့သည်။

ယခင်က အခွန်မဆောင်ရသော လစာအဆင့်ရှိသူများအားဝင်ငွေခွန်(Income Tax)ဆောင်ခိုင်းလိုက်ကာအခွန်နှုန်းထားများကိုလည်း တိုးမြှင့်လိုက်သည်။

ကုန်ပစ္စည်းများအပေါ် ကောက်ခံသော တန်ဖိုးမြှင့်အခွန် VAT ကို ၈ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း(နောက်ပိုင်း ၁၈ ရာခိုင်နှုန်း)ထိ တိုးမြှင့်လိုက်၍ ကုန် ဈေးနှုန်းများခုန်တက်သွားတော့သည်။

ယခင်က သီဟိုဠ်အစိုးရအဆက်ဆက်သည် လျှပ်စစ်မီးခ၊ ရေခ၊ လောင်စာဆီများကို လူထုဈေးသက်သာရန် အစိုးရက ငွေစိုက်ထုတ်ပေး(Subsidy) ပေးကာအရှံးခံ၍ ပြန်ရောင်းပေးကြသည်။

ထိုသို့ထောက်ပံ့မှု(Subsidies)များကို IMFက ဖယ်ရှားမှု(Removal)လုပ်ခိုင်း သည်။

ဤအချက်က သီဟိုဠ်လူထုအတွက် ခါးသီးလွန်းသော အချက်ဖြစ်သည်။

ထိုသို့ထောက်ပံမှုများကို ရပ်တန့်လိုက်သည့်အတွက်လျှပ်စစ်ခများတနှစ်အ တွင်း ၆၅ ရာခိုင်နှုန်းမှ၂၀၀ ရာခိုင်နှုန်း နီးပါးထိ အဆင့်ဆင့်တက်သွားသည်။

လောင်စာဆီ၊ ဓာတ်ဆီ၊ ဒီဇယ်နှင့်ဂတ်စ်ဈေးများကို ကမ္ဘာ့ပေါက်ဈေးအတိုင်း လွှတ်ပေးရသည့်အတွက် သယ်ယူပို့ ဆောင်ရေးစာရိတ်များ အဆမတန်မြင့်တက်ကုန်တော့သည်။

အရှုံးပေါ်နေသော SriLankan Airlines၊ ရေနံနှင့်လျှပ်စစ်လုပ်ငန်းများကဲ့သို့ နိုင် ငံပိုင်လုပ်ငန်းများအတွက်အစိုးရကငွေစိုက်ထုတ်ပေးမှုကို ရပ်တန့်ခိုင်းသည်။

ထိုလုပ်ငန်းများကို ပုဂ္ဂလိကဆီရောင်း ချမှုကဲ့သို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း(Privatization) အပိုင်းကို အကောင်အထည်ဖော်ခိုင်းသည်။

ထိုသို့မလုပ်နိုင်ပါက ထိုလုပ်ငန်းများကို ဖျက်သိမ်းခိုင်းသည်။

ဤအချက်က အစိုးရဝန်ထမ်းများအတွ က် အလုပ်အကိုင်မမြဲနိုင်မှုအပေါ် စိုးရိ မ်မှုနှင့်အလုပ်ပြုတ်မှုများကို ဖြစ်လာစေသည်။

အစိုးရအားအတင်းအသုံးစာရိတ် လျှော့ချခြင်း(Austerity Measures) ကို IMF က ပြုလုပ်ခိုင်းသည်။

နိုင်ငံတော်ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အစိုးရက အသုံးစရိတ်များကို အတင်းချွေတာရသည်။

ဝန်ထမ်းအသစ်ခန့်မှုများကို ရပ်ဆိုင်းထားသည်။ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် အသုံးစာရိတ်များလျော့ ကျသွားသည့်အတွက် ပြည်သူ့ဝန်ဆော င်မှုများ အရည်အသွေးကျဆင်းလာသ ည်။

ထိုခါးသီးသောဆေးများကြောင့် နိုင်ငံ ၏စီးပွားရေးကိန်းဂဏန်း (Macroeconomics)အပိုင်းတွင့ ပြန်ကောင်းလာခဲ့သည်။

သို့ရာတွင် Micro level အဆင့်တွင် လူ လတ်တန်းစားနှင့်ဆင်းရဲသားများကြား ညှပ်သွားတော့သည်။

ထိုလူတန်းစားများအတွက်ဝင်ငွေတိုးမလာဘဲ အခွန်တိုးလာနေသည်။ကုန် ဈေးနှုန်းတက်မှုနှင့်အစိုးရ၏ အထော က်အပံ့ရုတ်သိမ်းမှုများက လူအတော်များများတွင် အစားအစာလျှော့စားရမှု၊ သားသမီးများ ကျောင်းထုတ်ရမှုမျိုးထိ ဖြစ်လာသည်။

ဆေးခါးကြီး၏အကျိုးသက်ရောက်မှုများ

IMFလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့သော “ဆေးခါးကြီး” ကြောင့်အကျိုးရ လဒ်နှင့်ဆိုးကျိုးများကို ချိန်ခွင်လျှာညှိပြီးကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

ရရှိသောအကျိုးကျေးဇူးများ(The Pros)

နိုင်ငံတကာယုံကြည်မှုပြန်ရလာခဲ့သည်။

IMFနှင့်သဘောတူညီချက်က “သီဟိုဠ် စီးပွားရေးပြန်ကောင်းရန် အမှန်တကယ်အနာခံ၍ပြုလုပ်နေပြီ”ဆိုသောအချ က်ပြမှုကိုဖြစ်စေသည်။

ဤသည်က တခြားနိုင်ငံများနှင့်ကမ္ဘာ့ဘဏ်(World Bank)မှအကူအညီများ ပြန်ပေးလာကြသည်။

အစိုးရက ငွေစက္ကူဒလဟော ရမ်းသန်းရိုက်ထုတ်မှုအားရပ်ကာ အတိုးနှုန်းများကိုမြှင့်၍ ငွေကြေးဖောင်းပွမှုကို ထိန်း ချုပ်နိုင်ခဲ့သည်။

ယခင်က ၇၀ ရာခိုင်နှုန်းထိတက်ခဲ့သော ကုန်ဈေးနှုန်းသည် ယခု ၅ ရာခိုင်နှုန်းဝ န်းကျင်ထိ သိသိသာသာပြန်ကျသွားသ ည်။

ငွေကြေးပြန်တည်ငြိမ်လာသည့်အတွက်နိုင်ငံခြားငွေပြန်ဝင်လာသည်။

ထိုအခါ အခြေခံကုန်စည်များဖြစ်သော ဆေးဝါး၊ လောင်စာဆီ၊ ချက်ပြုတ်ဂတ်စ်များကို ပြန်လည်တင်သွင်းနိုင်ကာ တန်းစီရသောဒုက္ခလွတ်မြောက်သွားသည်။

အသုံးစာရိတ်ချွေတာခြင်း၊ အခွန်တွေ တိုးကောက်ခြင်း၊ ငွေဖောင်းပွမှုကို ထိန်းချုပ်ခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာတိုက်ထဲတွင် ငွေသားများပြန်ရှိလာသည်။

တည်ငြိမ်သောငွေသားက ငွေလှဲနှုန်းကို အထောက်အကူဖြစ်စေ၍နိုင်ငံခြားငွေ အရန်အတိုင်းအတာတခုထိ ပြန်ရှိလာသည်။

ဖြစ်ပေါ်လာသောဆိုးကျိုးများ(The Cons)

အသုံးစာရိတ်ချွေတာခြင်း၊ အခွန်တိုးကောက်ခြင်း၊ အလုပ်လက်မဲ့များဖြစ်ပေါ်ခြင်း၊ ထောက်ပံမှုများကို ရပ်တန့်ခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ သီဟိုဠ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းနှစ်ဆနီးပါးတက်သွားသည်။

လူလတ်တန်းစားအများအပြားမှာ ဆင်းရဲသားအဆင့်သို့ပြန်ရောက်သွားကြသည်။

ဆင်းရဲမွဲတေမှုက လူမှုအကိပ်အတည်းကိုဖြစ်စေကာ ဦးနှောက်ယိုစီးမှု(Brain Drain)ဖြစ်စဉ်များရှိလာတော့သည်။

အခွန်အဆမတန်တိုးကောက်မှုကြောင့်လူနေမှုစာရိတ်မြင့်လာကာဆရာဝန်၊ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင်ထောင်ပေါင်းများစွာ နိုင်ငံစွန့်ခွာ၍ပြည်ပကို ထွက်ခွာသွားကြသည်။

အစားအသောက်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်၍အခြေခံလူတန်းစား မိသားစုများတွင် အသား၊ငါးနှင့်အာဟာ ရဖြစ်မည့်အစားအစာများကို လျှော့စားလာရသည်။

ကလေးငယ်များတွင် အာဟာရချို့တဲ့မှု ပြဿနာပိုများလာသည်။

အခွန်တိုးပြီး အတိုးနှုန်းမြှင့်လိုက်သောကြောင့် လုပ်ငန်းရှင်များတွင် ရင်းနှီး မြှုပ်နှံမှုအသစ်များလုပ်ရန် ဗဟိုဘဏ်မှအကူအညီမယူနိုင်တော့ပေ။

ဤသို့ဖြင့် စီးပွားရေးလုပ်ငန်းငယ်များ အများအပြားပိတ်သိမ်းခဲ့ရကာ စီးပွားရေးကျုံ့သွားသည်။

သီဟိုဠ်ရှေ့ဆက်မည်သို့ဖြစ်လာမည်နည်း။

လက်ရှိအခြေအနေတွင်သီဟိုဠ်အတွက် “နိုင်ငံတော်ကိုကယ်တင်ရန်ပြည်သူများ စတေးခံနေရသောအခြေအနေ” ဖြစ်သည်။

သီဟိုဠ်၏နိုင်ငံရေးအထိုင်မှာ “ဒီမိုကရက်ဆိုရှယ်လစ်” အထိုင်ဖြစ်သည်။

သို့ဖြစ်၍အစိုးရမှပြည်သူ့အတွက်အ ထောက်အပံပြုခြင်းဟူသည် သီဟိုဠ်အ တွက်ယဉ်ကျေးမှုတရပ်ဖြစ်နေပြီဖြစ် သည်။

ရာဂျာပတ်ဆာအုပ်စုကလည်း ထိုယဉ်ကျေးမှုကို ကောင်းကောင်းအသုံးချသွားကာ ဒေဝါလီခံရအောင်လုပ်ခဲဲ့ပြီဖြစ်သည်။

ယခုကား ထိုအထောက်အပံ့ကို ဖြတ်တောက်ကာ ရာဂျာပတ်ဆာအုပ်စုပေးသွားသောဒဏ်ရာကိုကုနေရသည်။

ဆေးခါးကြီးက အမေရိကန်နှင့်အိန္ဒိယ ရင်းနှီးမြုပ်နှံ့ခဲ့သောအသေးစား၊အလ တ်စား၊ပုဂ္ဂလိကလုပ်ငန်းရှင်၊လူလတ်တန်းစားအပေါ် အတော်ပင်ခါးသက်စေခဲ့သည်။

ထိုခါးသက်မှုကပင် သီဟိုဠ်လူလတ်တန်းစားအနေဖြင့် အမေရိကန်နှင့်အိန္ဒိယ အကူအညီကို ပို၍မျှော်လင့်နေရသော အခြေအနေကို တွန်းပို့နေသည်။

IMFက သီဟိုဠ်၏နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ခိုင်းနေသည်။

အမေရိကန်နှင့်အိန္ဒိယက သီဟိုဠ်၏ပုဂ္ဂ လိကကဏ္ဍတွင် လက်တံရှည်ထားသ ည်။

ထိုလုပ်ငန်းများက မကြာခင်အမေရိကန်နှင့်အိန္ဒိယ၏ဂွင်ထဲရောက်လာမည်ဖြစ်သည်။

တရုတ်ရင်းနှီးမြုပ်နှံမှုများက သူတို့ထုံးစံအတိုင်း ဒေသခံများကို အလုပ်အကိုင်အခွင့်အလှမ်းပေးမှုနည်းသည်။

ဤအချက်က သီဟိုဠ်တွင် တရုတ်အ ပေါ် အမြင်မကြည်မှုကိုဖြစ်လာစေမည် ဖြစ်သည်။

လက်ရှိ အနေအထားတွင် သီဟိုဠ်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် အမေရိကန်နှင့်အိန္ဒိယက မည်မျှမြန်မြန်ဝင်ရပ်ပေးသည်ဆိုသည့်အချက်က သီဟိုဠ်အ တွက် အသက်ရှူပေါက်ဖြစ်သည်။

မည်သို့ပင်ဆိုစေ “ဒီမိုကရက်ဆိုရှယ်လစ်” စံအရအစိုးရမှပြည်သူ့အတွက်အထောက်အပံပြုခြင်းရမည်ဟူသော ယ ဉ်ကျေးမှုက သီဟိုဠ်လူ့ဘောင်တွင်အ မြစ်တွယ်နေပြီဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍကို ပိုမိုကျယ်ပြန့်ရန်အတွက်လက်ရှိတွင်အစိုးရမှအထောက်အပံ့ပေးမည့်ကိစ္စကို ရပ်တန့်ထားရသည်။

သီဟိုဠ်လူထုအတွက် စိတ်မရှည်စရာများရှိနေပြီဖြစ်သည်။

မကြာခင်ကပြုလုပ်ခဲ့သောရွေးကောက်ပွဲတွင် ဆေးခါးကြီးပြုပြင်ပြောင်း လဲမှုများကို မခံနိုင်တော့သောပြည်သူများလက်ဝဲယိမ်းခေါင်းဆောင်အနူရာ ကူမာရာဒစ္စာနာယကေကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ကြသည်။

လက်ဝဲယိမ်းသမ္မတအား တင်မြှောက်ခြင်းဟူသည် “အစိုးရမှပြည်သူအား အထောက်အပံ့ပေးမှု” ကို ပြန်လိုချင်သည်ဟု ပြောခြင်းလည်းဖြစ်သည်။

လက်ရှိသီဟိုဠ်အုပ်ချုပ်သူ၏ စိန်ခေါ်ချက်မှာ “ဒီမိုကရက်ဆိုရှယ်လစ်” ၏ (welfare plan)နှင့် ပုဂ္ဂလိကကဏ္ဍစီးပွားရေးကို ပြန်လည်နာလန်ထူခြင်းနှစ်ခုအား တပြိုက်နက်တွန်းတင်ရမည့်ပြဿနာဖြစ်သည်။

PrevPrevious​ပုလောက ပြည်သူ့စစ်စခန်းကို KNLA သိမ်းပိုက်
Nextစစ်ကော်မရှင်တပ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို ဒေါ်ဇင်မာအောင်တောင်းဆိုNext
Previous Post

​ပုလောက ပြည်သူ့စစ်စခန်းကို KNLA သိမ်းပိုက်

Next Post

စစ်ကော်မရှင်တပ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို ဒေါ်ဇင်မာအောင်တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

September 21, 2026

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026
ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

September 21, 2026
ဓာတ်ပုံ-APM

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 21, 2026

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

ဘီးလင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်(ဓာတ်ပုံသတင်း)

မန္တလေးသို့ အာဏာသိမ်းစစ်တပ်သင်္ဘောအုပ်စုကမ်းကပ် (ဓာတ်ပုံသတင်း)

အယ်လ်နီညိုအမြင့်ဆုံးသို့ရောက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ခန့်မှန်း

မြိုင်မှာစစ်တပ်ရဟတ်ယာဉ်ဖျက်ဆီးတဲ့ ဒရုန်းတပ်ဖွဲ့ကိုကျပ်သိန်းတသောင်းဆုပေး

မိုင်းယုမှာ ညီနောင်မဟာမိတ်အဖွဲ့ကပြုလုပ်တဲ့ ဘောလုံးပွဲ

Releated Post

ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026
ဓာတ်ပုံ  - KNU

ဘီးလင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်(ဓာတ်ပုံသတင်း)

September 21, 2026

မန္တလေးသို့ အာဏာသိမ်းစစ်တပ်သင်္ဘောအုပ်စုကမ်းကပ် (ဓာတ်ပုံသတင်း)

September 21, 2026
(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်မှာအယ်လ်နီညိုကြောင့်သောက်သုံးရေရှားပါးနေမှု/BNA)

အယ်လ်နီညိုအမြင့်ဆုံးသို့ရောက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ခန့်မှန်း

September 21, 2026
​ဓာတ်ပုံ  - MOD NUG

မြိုင်မှာစစ်တပ်ရဟတ်ယာဉ်ဖျက်ဆီးတဲ့ ဒရုန်းတပ်ဖွဲ့ကိုကျပ်သိန်းတသောင်းဆုပေး

September 21, 2026
​ဓာတ်ပုံ- မိုင်းယု

မိုင်းယုမှာ ညီနောင်မဟာမိတ်အဖွဲ့ကပြုလုပ်တဲ့ ဘောလုံးပွဲ

September 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page