Border News Agency
တူရကီ၊ ဧပြီ ၂၀။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆုံးဖြတ်လိုက်ပါတယ်။
တူရကီမှာကျင်းပတဲ့ ၁၅၂ ကြိမ်မြောက် IPU ညီလာခံကနေ စစ်ကော်မရှင်တပ်ရဲ့လွှတ်တော်ကို ငြင်းပယ်ပြီး CRPH နဲ့ပဲ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ ဧပြီ ၁၉ ရက်မှာ အတည်ပြုခဲ့တာပါ။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်ကလည်း စစ်ကော်မရှင်တပ်ရဲ့ တရားဝင်မှုရရှိရေးကြိုးပမ်းမှုတွေကို ငြင်းပယ်ပေးဖို့ တောင်းဆိုခဲ့သလို တခြားနိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
















