Border News Agency
နေပြည်တော်၊ ဧပြီ ၂၃။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံခြားသုံးငွေတွေကို ထိန်းချုပ်ဖို့အတွက် အဖွဲ့ဝင် ခြောက်ဦးပါကော်မတီသစ်ကို ဧပြီလ ၂၁ ရက်နေ့ဖွဲ့လိုက်ပါတယ်။
အဲဒီကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတဦးမြင့်ဆွေတာဝန်ယူပြီး ဘဏ္ဍရေးဝန်ကြီး၊ စီးပွားကူးသန်းဝန်ကြီး၊ စာရင်းစစ်ချုပ်၊ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ ရင်းနှီး မြှုပ်နှံမှုဝန်ကြီးတွေပါဝင်ကြတာပါ။
အဲဒီကော်မတီရဲ့အဓိကတာဝန်ကတော့ ပြည်တွင်းလုပ်ငန်းသုံးစက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေတင်သွင်းရာမှာလိုအပ်တဲ့ နိုင်ငံခြားငွေတွေကို စိစစ်ခွင့်ပြုပေးဖို့ဖြစ်ပြီး နိုင်ငံခြားငွေလည်ပတ်မှုကို အနီးကပ်ကြီးကြပ်သွားမှာ ဖြစ်ပါတ ယ်။
အဲဒီအပြင် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီနဲ့ဓာတ်မြေဩဇာတွေ တင်သွင်းဖို့အတွက် နိုင်ငံခြားငွေလိုအပ်ချက်တွေသာမက ပြည်ပကိုဆေးကုသဖို့နဲ့ပညာရေးကိစ္စသွားမယ့်သူတွေရဲ့ငွေလွှဲမှုတွေကိုစိစစ်သွားမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံခြားငွေ ပြတ်လပ်မှု တွေရှိနေလို့ ကော်မတီဖွဲ့ပြီးဇိမ်ခံပစ္စည်းတင်သွင်းတာ၊ အမြတ်ငွေပြန်လွှဲတာနဲ့ ပြည်ပချေးငွေ ဆပ်တာတွေထိ လိုက်လံကန့်သတ်နေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုးဟာအနိမ့်ဆုံးထိကျဆင်းသွားပြီး နိုင်ငံခြားသုံးဒေါ်လာတွေရှားပါးခဲ့ပါတယ်။
အဲဒါကြောင့် ဘဏ်လုပ်ငန်ရှင်တွေ၊ စီးပွားရေးသမားတွေ၊နိုင်ငံခြားသုံးငွေလွှဲလုပ်သူတွေကို ဖမ်းဆီးတာတွေ၊ ပိုင်ဆိုင်မှုတွေသိမ်းတာတွေလုပ်နေပါတယ်။






