Border News Agency
နတ်မောက်၊ ဧပြီ ၂၆။
မကွေးဒေသ၊ နတ်မောက်မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးသေဆုံးသွားတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီနတ်မောက်-မြို့သစ်လမ်းပိုင်းပေါ်ရှိ နတ်မောက်မြို့အဝင် စစ်ကော်မရှင်တပ်ဂိတ်ကို ဧပြီလ ၂၄ ရက်၊ညနေ ၄ နာရီအချိန်ခန့်က တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့ရာ ဘန်ကာသုံးခုကိုချေမှုန်းနိုင်ခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်ကျန်ဘန်ကာကိုအပြီးသတ်တိုက်ခိုက်နေချိန် နတ်မောက်မြို့ပေါ်မှ တိုက်ပွဲအတွင်းကို ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေပစ်ကူပေးခဲ့ပြီး ဒရုန်းနှစ်စီးနဲ့ခုခံခဲ့တာကြောင့် အောင်မြင်စွာစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို သရက်ခရိုင် အမှတ်-၃ ငါးပြေမတပ်ရင်း၊ Aung San’s Land – Nat Mauk နဲ့ နတ်မောက်မြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်။









