Border News Agency
ပြင်သစ်၊ ဧပြီ ၂၇။
ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ CRPH၊ NUG တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ထောက်ခံကြိုဆိုကြောင်းဧပြီလ ၂၅နေ့မှာ ရက်မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်က SCEF ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားခဲ့သလို စစ်ကော်မရှင်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အဲဒီကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ဟာ တရားမဝင်ကြောင်း ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ဆန္ဒပြပွဲတက်ရောက်လာသူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် SCEF ကို အပြည့်အဝထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
















